
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်မားသည့် အကြောင်းရင်းများတွင် ကူးစက်ခံနေရသည်ကို သတိမပြုမိသော အသက် ၂၀၊ ၃၀ နှင့် ၄၀ အရွယ်များက အဓိကဖြစ်နေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သြဂုတ် ၁၈ တွင် ပြောကြားခဲ့သည်။
တစ်ကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာနေခြင်းတွင် လူငယ် အချိုးအစားက ပို၍များနေကြောင်း ယခုလအတွင်း WHO တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ကျန်းမာရေးစောင့်ရှောက်မှု နိမ့်ကျပြီး လူနေထူထပ်သော ဒေသများရှိ သက်ကြီးရွယ်အိုများနှင့် ဖျားနာသူများအပါအဝင် ထိခိုက်လွယ်သော လူဦးရေကို လူငယ်များ၌ ကူးစက်မှုက အန္တရာယ်ကြီးမားစေကြောင်း တာဝန်ရှိသူများက ဆိုသည်။
“ ကပ်ဘေးက ပြောင်းလဲနေပါတယ်။ အသက် ၂၀၊ ၃၀၊ ၄၀ အရွယ်တွေက ကူးစက်မှုကို ပိုဆိုးစေခဲ့ပါတယ်။ အများစုက ဗိုင်းရပ်စ်ကူးစက်ခံရတာကို သတိမပြုကြပါဘူး” ဟု WHO ၏ အနောက်ပစိဖိတ်ဆိုင်ရာ ဒါရိုက်တာ တာကေရှီကာဆိုင်က အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လူငယ်အုပ်စုတွင် ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်ခဲ့ခြင်းက ပို၍ထိခိုက်လွယ်သော သူများကို ဗိုင်းရပ်စ် ကူးစက်နိုင်ခြေ မြင့်တက်စေခဲ့ကြောင်း ၎င်းက ထပ်ဆင့်ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်မှု ပြန်လည်မြင့်တက်ခဲ့ခြင်းကြောင့် အချို့နိုင်ငံများတွင် ကန့်သတ်ထိန်းချုပ်မှုများ ပြန်လည်မြင့်တက်ခဲ့ပြီး ကာကွယ်ဆေး ရရှိရန် ကြိုးပမ်းမှုကိုလည်း အရှိန်မြှင့်ခဲ့ကြသည်။ ယမန်နှစ်နှောင်းပိုင်းက တရုတ်တွင် စတင်ပေါ်ထွက်ခဲ့သော ကိုရိုနာဗိုင်းရပ်စ်သည် ယခုအခါ ကမ္ဘာတစ်ဝန်း၌ ၂၂ သန်းနီးပါး ကူးစက်ခံထားရပြီး ၇၇၀,၀၀၀ ကျော် သေဆုံးထားသည်။
ဗိုင်းရပ်စ်ကူးစက်မှု ပြန်လည်မြင့်တက်လာသော နိုင်ငံများတွင် ယခင်က ဗိုင်းရပ်စ်ကို ထိန်းချုပ်ထားနိုင်ဖွယ်ရှိသော ဗီယက်နမ်ကဲ့သို့ နိုင်ငံများ ပါဝင်ခဲ့သည်။ ဗိုင်းရပ်စ် နှိမ်နင်းရေး ကြိုးပမ်းမှုများကို ပြင်းပြင်းထန်ထန် ဆောင်ရွက်ခဲ့သောကြောင့် ဗီယက်နမ်သည် ပြည်တွင်း၌ ကူးစက်မှုမရှိဘဲ သုံးလကြာ ရှိနေခဲ့ပြီးမှ မကြာသေးမီကာလတွင် ကူးစက်မှု မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
အာရှ-ပစိဖိတ်တွင် ကူးစက်မှုအဆင့်သစ် အခြေအနေတစ်ရပ်သို့ ဝင်ရောက်နေသည်ဟု ယုံကြည်ကြောင်း ကာဆိုင်က ပြောကြားခဲ့သည်။
ဗိုင်းရပ်စ် ကူးစက်ခံရမှုကို စောစီးသွား စစ်ဆေးသိရှိခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံများသည် ဆုံးရှုံးထိခိုက်မှုကို လျှော့ချနိုင်စွမ်း ပို၍ကောင်းမွန် တိုးတက်လာခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။
WHO က ဆေးဝါးထုတ်လုပ်သူများအနေနှင့် ကာကွယ်ဆေးဖန်တီးမှုတွင် သုတေသနနှင့် ဖွ့ံဖြိုးရေးလုပ်ငန်းအဆင့်အားလုံးကို လိုက်နာကြရန်လည်း သတိပေးခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ပထမဆုံးအနေနှင့် အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ယခုလအစောပိုင်းတွင် ကြေညာခဲ့သည့် ရုရှားနှင့် WHO က ပူးပေါင်းဆောင်ရွက်နေကြောင်း WHO ၏ နည်းပညာဆိုင်ရာ အရာရှိနှင့် မူဝါဒရေးရာ အကြံပေး ဆော်ကိုရိုအီစကာလန်တီက ပြောကြားခဲ့သည်။
ကာကွယ်ဆေးသစ်နှင့်ပတ်သက်ပြီး သက်သေအထောက်အထား ရရှိရန် တောင်းဆိုမှုအတွက် တုံ့ပြန်မှု ရရှိမည်ဟု မျှော်လင့်ကြောင်း အီစကာလန်တီက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်