Top News

အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၀၀၀၀ ကျော်သွားခဲ့
24htopnews | January 1, 2025 9:12 PM CST

အိန္ဒိယတွင် ကပ်ရောဂါသည် ကျန်းမာရေးစောင့်ရှောက်မှု အလွန်အမင်းအားနည်းနေသော မြို့ငယ်များနှင့် ကျေးလက်ဧရိယာများတွင် အလွန်အမင်းပြင်းထန်နေစဉ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက် သည် သြဂုတ် ၁၇ တွင် ၅၀၀၀၀ ကျော်သွားခဲ့သည်။

လူဦးရေ ၁.၃ ဘီလျံရှိသောအိန္ဒိယတွင် သေဆုံးမှုနှုန်းများအား အမြဲလိုလို စနစ်တကျ မှတ်တမ်းတင်မှု မရှိမှုအပြင် ရောဂါစစ်ဆေး မှုနှုန်းများ နည်းပါးမှုကြောင့် သေဆုံးသူအရေ အတွက်မှန်သည် ယင်းထက် ပိုမိုများပြားဖွယ် ရှိကြောင်း ကျွမ်းကျင်သူအများအပြားက သုံးသပ်ခဲ့ကြသည်။

အိန္ဒိယတွင် ပြီးခဲ့သောသီတင်းပတ်၌ ကပ်ရောဂါကြောင့် သေဆုံးသူစုစုပေါင်း အရေအတွက်၌ ဗြိတိန်ကို ကျော်တက်ခဲ့ပြီး အမေရိကန်၊ ဘရာဇီးနှင့် မက္ကဆီကိုတို့ပြီးလျှင် ကမ္ဘာတွင် သေဆုံးမှု စတုတ္ထမြောက်အများ ဆုံး နိုင်ငံဖြစ်ခဲ့သည်။ သြဂုတ် ၁၇ အထိ အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်း ၅၀၉၂၁ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကမ္ဘာတွင် အကြီးဆုံးမြို့ကြီးပြကြီးများ နှင့် ဆင်းရဲသားရပ်ကွက်အချို့လည်း ရှိနေ သော အိန္ဒိယသည် ဗိုင်းရပ်စ်ကူးစက်အတည် ပြုလူနာအရေအတွက် ၂.၆၅ သန်းရှိပြီး အမေ ရိကန်နှင့် ဘရာဇီးပြီးလျှင် ကမ္ဘာ့တတိယအ များဆုံးနိုင်ငံဖြစ်နေသည်။

သေဆုံးသူအရေအတွက် ၅၀၀၀၀ ကျော် လာပြီဖြစ်သော်လည်း အိန္ဒိယတွင် ဗိုင်းရပ်စ် ကြောင့် သေဆုံးမှုနှုန်းသည် ၁.၉၂ ရာခိုင်နှုန်း ရှိနေပြီး ကမ္ဘာတွင် အနိမ့်ဆုံးနှုန်းများ၌ ပါဝင် ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ် ပြန်ခဲ့သည်။

Worldometer က စာရင်းပြုစုထားမှု အရ ကပ်ရောဂါကြောင့် သေဆုံးသူ ၁၇၀,၀၀၀ ကျော်သော အမေရိကန်တွင် အတည်ပြုလူ နာသေဆုံးမှုနှုန်း ၃.၁၁ ရာခိုင်နှုန်း၊ သေဆုံး သူ ၁၁၀,၀၀၀ နီး ပါးရှိနေသော ဘရာဇီးတွင် သေဆုံးမှုနှုန်း ၃.၂၂ ရာခိုင်နှုန်း ရှိနေသည်။

အမေရိကန်တွင် ကပ်ရောဂါကြောင့် သေဆုံးသူအရေအတွက် ၅၀၀၀၀ ကို ၂၃ ရက်အတွင်း၊ ဘရာဇီးတွင် ၉၅ ရက်နှင့် မက္က ဆီကိုတွင် ၁၄၁ ရက်အတွင်း ရောက်ရှိခဲ့ ကြောင်း၊ အိန္ဒိယတွင်မူ ၁၅၆ ရက်မှသာ ထို ပမာဏကို ရောက်ရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အိန္ဒိယတွင် လူငယ်ထုအရေအတွက် အတော်အသင့်များ ပြားခြင်း၊ နိုင်ငံရာသီဥတုအခြေအနေ၊ တီဘီ ရောဂါဖြစ်စေနိုင်သောအရာများကို အခြား နေရာများထက် ပိုမိုထိတွေ့မှု များပြားခြင်း တို့က သေဆုံးမှုနှုန်းနည်းပါးနိုင်ခြေရှိသော အကြောင်းရင်းများတွင် ပါဝင်နိုင်သည်ဟု ယူဆထားကြသည်။

သို့သော် အိန္ဒိယတွင် လူတစ်သန်းလျှင် ရောဂါစစ်ဆေးနိုင်မှုနှုန်းသည် အခြားနိုင်ငံ များထက် အလွန်အမင်းနည်းပါးနေခဲ့ပြီး ပုံမှန် အချိန်များတွင်ပင် သေဆုံးမှုများအား စနစ် တကျမှတ်တမ်းတင်မှုများ အားနည်းကြောင်း လည်း ကျွမ်းကျင်ပညာရှင်များက ထောက်ပြ ခဲ့ကြသည်။ လေ့လာမှုအများအပြားတွင်လည်း သေဆုံးမှု လေးခုတွင် တစ်ခုကိုသာ သေစာ ရင်းနှင့် သေဆုံးရသည့်အကြောင်းရင်းကို အတည်ပြုနိုင်ခဲ့ကြောင်း အိန္ဒိယဆေးဘက် သုတေသနကောင်စီမှ ကူးစက်ရောဂါဆိုင် ရာခေါင်းဆောင်ဟောင်း လာလစ်ကန့်က ပြောကြားခဲ့သည်။


READ NEXT
Cancel OK