Top News

ဗိုင်းရပ်စ်ကူးစက်မှု ပြန်လည်ဖြစ်ပွားခြင်းကြောင့် နယူးဇီလန် ဝန်ကြီးချုပ်က ရွေးကောက်ပွဲကို အောက်တိုဘာ ၁၇ သို့ ရွှေ့ဆိုင်း
24htopnews | January 1, 2025 9:12 PM CST

ဗိုင်းရပ်စ်ကူးစက်မှုများ ပြန်လည်ဖြစ်ပွားခဲ့ပြီး မဲဆွယ်စည်းရုံးမှုများအား အဟန့်အတား ဖြစ်စေခဲ့ပြီးနောက် နယူးဇီလန်ရွေးကောက်ပွဲကို အောက်တိုဘာ ၁၇ သို့ ရွှေ့ဆိုင်းမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန်း က သြဂုတ် ၁၇ တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သောသီတင်းပတ်တွင် Auckland မြို့၌ COVID 19 ကူးစက်မှုအား ပြန်လည် စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် စက်တင်ဘာ ၁၉ တွင် ကျင်းပရန်စီစဉ်ထားသောရွေးကောက် ပွဲအား ရွှေ့ဆိုင်းရန်အတွက် အာဒန်းသည် နိုင်ငံရေးအတိုက်အခံများအပြင် ညွန့်ပေါင်း မိတ်ဖက်များ၏ ဖိအားပေးမှုများကိုပါ ရင်ဆိုင် ခဲ့ရသည်။

ပြည်တွင်းကူးစက်မှု ၁၀၂ ရက်ကြာ ကင်းစင်ခဲ့ပြီးနောက် ယခုကဲ့သို့ ကူးစက်မှု ပြန်လည်ဖြစ်ပွားခဲ့သဖြင့် စက်တင်ဘာရွေး ကောက်ပွဲတွင် မဲပေးရန် မဲဆန္ဒရှင်အချို့၏ စိတ်အားထက်သန်မှု လျော့ကျစေနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မဲဆွယ်စည်းရုံးမှုများအား ကန့်သတ်လိုက်ခြင်းကြောင့် ၎င်း၏အစိုးရအဖွဲ့ကို အ သာရစေရန် မမျှမတဖြစ်စေမည်ဖြစ်ကြောင်း ပြိုင်ဘက်များထံမှ စိုးရိမ်ပူပန်မှုများကိုလည်း အာဒန်းက လက်ခံပေးခဲ့သည်။ လူထုသဘော ထားစစ်တမ်းများတွင် ထောက်ခံမှုမြင့်မားနေ ခဲ့သော အာဒန်းက ပါတီခေါင်းဆောင်များ၊ ရွေးကောက်ပွဲကော်မရှင်တို့နှင့် အကြံပြုဆွေး နွေးခဲ့ပြီးနောက် ရွေးကောက်ပွဲကို ရွှေ့ဆိုင်း ၍ရသမျှ ရက်များအနက် အစောဆုံးဖြစ်သည့် အောက်တိုဘာ ၁၇ တွင် ကျင်းပရန် ရွေးချယ် ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ရွှေ့ဆိုင်းလိုက်ခြင်းကြောင့် ပါတီအားလုံးသည် တူညီသောအနေအထား များအောက်တွင် မဲဆွယ်စည်းရုံးခွင့်ရရှိမည် ဖြစ်ပြီး မည်သည့်အခြေအနေ ထပ်မံဖြစ်ပေါ် သည်ဖြစ်စေ ရွေးကောက်ပွဲအချိန်ဇယားကို ပြောင်းလဲတော့မည်မဟုတ်ကြောင်းလည်း အာဒန်းက ပြောကြားခဲ့သည်။

ယခုဆုံးဖြတ်ချက်ကြောင့် ပါတီအားလုံး သည် မဲဆွယ်စည်းရုံးရန်အတွက် နောက်ထပ် အချိန်ကိုးပတ်စီရရှိမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်ကလည်း ရွေးကောက်ပွဲကျင်းပ နိုင်ရေးအတွက် အချိန်လုံလောက်စွာရရှိမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။


READ NEXT
Cancel OK