
ဖိအားများ မြင့်တက်နေသော ဘီလာရုစ် ကာလရှည်ကြာ အုပ်စိုးသူ အလက်ဇန္ဒာ လူကာရှင်ကိုက ရာထူးမှနုတ်ထွက်ရန် တောင်းဆိုနေမှုကို အာခံလျက် ပယ်ချခဲ့စဉ် သြဂုတ် ၁၆ တွင် မြို့တော်မင့်စ်၌ နိုင်ငံသမိုင်း၏ မကြာသေးမီကာလအတွင်း အကြီးမားဆုံး အစိုးရ ဆန့်ကျင်ဆန္ဒပြမှုဖြစ်ပွားခဲ့သည်။ မြို့တော်၏ လွတ်လပ်ရေးရင်ပြင်တစ်ဝိုက် လမ်းများတွင် ပြုလုပ်ခဲ့သော ထိုဆန္ဒပြမှု၌ လူ ၁၀၀,၀၀၀ ကျော် ပါဝင်ခဲ့သည်ဟု အေအက်ဖ်ပီ သတင်းထောက်က ခန့်မှန်းခဲ့ပြီး ဆိုဗီယက်ယူနီယံမှ ခွဲထွက်ခဲ့ပြီးနောက်ပိုင်း ဘီလာရုစ်သမိုင်းတွင် အကြီးမားဆုံး အစိုးရဆန့်ကျင်ဆန္ဒပြမှု ဖြစ်ခဲ့သည်။
မကြာသေးမီ ရက်များအတွင်း ငြိမ်းချမ်း စွာ ဆန္ဒပြမှုများ၏ဗဟိုချက်ဖြစ်ခဲ့သော ထို ရင်ပြင်တွင် ဧရာမ ဆန္ဒပြလူအုပ်ကြီးက စုဝေး ခဲ့ကြစဉ် ဆန္ဒပြသူများက အောင်ပွဲသင်္ကေတ များ ပြုလုပ်ခဲ့ကြပြီး ပန်းများနှင့် မိုးပျံပူဖောင်း များ ကိုင်ဆောင်ထားကြသည်။
“အခု ကျွန်တော်တို့တွေ သမိုင်းကို ပြောင်းလဲနေပြီ” ဟု အသက် ၂၆ နှစ်ရှိ ဆန္ဒ ပြသူတစ်ဦးဖြစ်သူ Yakaterina Gorbina က ပြောကြားခဲ့သည်။ “သွေးတွေ စွန်းခဲ့ပြီးပြီ။ လူတွေက အဲဒါကို ဘယ်တော့မှ မေ့သွားကြ မှာ မဟုတ်ဘူး” ဟု ၎င်းကပြောကြားခဲ့သည်။
ဆန္ဒပြသူများသည် “သွေးတွေကို ဆေး ကြောပစ်၍ မရ” နှင့် “ညှဉ်းပန်းနှိပ်စက်မှုနဲ့ သေဆုံးခဲ့ရမှုတွေအတွက် လူကာရှင်ကိုက အဖြေပေးရမယ်” ဟု ရေးထားသည့်စာတန်း များကိုလည်း ကိုင်ထားကြသည်။ လူဦးရေ ကိုးသန်းသာရှိသော ဘီလာရုစ်တွင် အခြား မြို့ကြီးများနှင့် မြို့များ၌လည်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
ရွေးကောက်ပွဲတွင် လူကာရှင်ကိုက အ ငြင်းပွားဖွယ် အနိုင်ရခဲ့မှုနှင့် ရွေးကောက်ပွဲ အလွန် ဆန္ဒပြမှုများအား အဓိကရုဏ်းနှိမ် နင်းရေးရဲများက အင်အားသုံးဖြိုခွင်းမှု၊ ဖမ်း ဆီးထိန်းသိမ်းမှုများကို ကန့်ကွက်ရှုတ်ချသည့် ပြီးခဲ့သောသီတင်းပတ်က ဆန္ဒပြမှုများတွင် ပူးပေါင်းသူ အလွန်အမင်းများပြားလာခဲ့သည်။
အာဏာကို ၂၆ နှစ်ကြာ ချုပ်ကိုင်မှုအ တွင်း မကြုံစဖူး စိန်ခေါ်မှုကြုံနေရသော အ သက် ၆၅ နှစ်ရှိပြီဖြစ်သည့် လူကာရှင်ကိုက အတိုက်အခံများ၏ဆန္ဒပြမှုများမတိုင်မီ လွတ် လပ်ရေးရင်ပြင်တွင် ရှားရှားပါးပါး မဲဆွယ်မှု ပုံစံ စုဝေးမှုပြုလုပ်ခဲ့သည်။ “ကျုပ်ကို ကာ ကွယ်ဖို့ ခင်ဗျားတို့ကို ဒီနေရာ ခေါ်လိုက်တာ မဟုတ်ဘူး။ ရာစုနှစ်ရဲ့ လေးပုံတစ်ပုံကာလ အတွင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ ကျွန် တော်တို့နိုင်ငံနဲ့ လွတ်လပ်ရေးကို ကာကွယ် ပေးဖို့ တောင်းဆိုပါတယ်” ဟု တက်ရောက် လာသူ ၆၅၀၀၀ ရှိသည်ဟု အစိုးရမီဒီယာက ထုတ်ပြန်ခဲ့သောစုဝေးမှုတွင် လူကာရှင်ကို က ပြောကြားခဲ့သည်။
အငြင်းပွားရွေးကောက်ပွဲအတွက် ဘီလာရုစ်အား ပစ်မှတ်ထား ပိတ်ဆို့အရေးယူ မှုများ ပြုလုပ်မည့်စာရင်းထုတ်ပြန်ရန် ဥရောပ သမဂ္ဂက သဘောတူခဲ့စဉ် လူကာရှင်ကိုက ဘီလာရုစ်၏ အနီးကပ်မဟာမိတ် ရုရှားကို အကူအညီတောင်းခဲ့သည်။
လစ်သူယေးနီးယားတွင် ခိုလှုံနေသော လူကာရှင်ကို၏ အဓိကပြိုင်ဘက်ဖြစ်သူ ဆဗက်လာနာတစ်ဟန်နော့စကာယာက အစိုးရ ဆန့်ကျင်ဆန္ဒပြမှုများစွာဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံ့ခေါင်းဆောင်ရာထူးကို လွှဲယူရန် အသင့်ရှိနေကြောင်း သြဂုတ် ၁၇ တွင် ပြောကြားခဲ့သည်။ လူကာရှင်ကိုအား ရာထူးမှနုတ်ထွက်ရန်လည်း တောင်းဆိုခဲ့သော အသက် ၃၇ နှစ် ရှိ တစ်ဟန်နော့စကာယာသည် သမ္မတရာထူး ကို ယူရန် ဆန္ဒရှိ၊ မရှိကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ၎င်း၏ခင်ပွန်းဖြစ်သူ အပါအဝင် အလားအလာရှိသော ကိုယ်စားလှယ်လောင်းများ ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး နောက် ရွေးကောက်ပွဲယှဉ်ပြိုင်ခဲ့သော တစ်ဟန်နော့စကာယာက လူကာရှင်ကိုသည် ရွေးကောက်ပွဲကို အကြံအဖန်လုပ်ခဲ့ကြောင်း စွပ်စွဲခဲ့ပြီး ရွေးကောက်ပွဲသစ်ကျင်းပရန် တောင်းဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်