Top News

ပိုလန်တွင် အမေရိကန်တပ်ဖွဲ့ဝင်များ တိုးမြှင့်တပ်စွဲရန် သဘောတူညီချက်ကို ပွန်ပီယို လက်မှတ်ထိုး
24htopnews | January 1, 2025 9:12 PM CST

ပိုလန်တွင် အမေရိကန်တပ်ဖွဲ့ဝင်များအား ပိုမိုတပ်စွဲခွင့်ရရှိစေရန် လမ်းပွင့်စေမည့် နှစ်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့် ပိုလန်တာဝန်ရှိ သူများက သြဂုတ် ၁၅ တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

ဗဟိုနှင့် အရှေ့ဥရောပ လေးနိုင်ငံခရီး စဉ်၏အဆုံးသတ်ဖြစ်သော ၀ါဆောသို့ရောက်ရှိစဉ် ပွန်ပီယိုက အမေရိကန်တပ်ဖွဲ့ဝင်များ ပိုမိုချထားမည့့် ဥပဒေကြောင်းအရ မူဘောင် ရေးဆွဲမည့် ထိုသဘောတူညီချက်ကို ပိုလန် ကာကွယ်ရေးဝန်ကြီး Mariusz Blaszczak နှင့်အတူ လက်မှတ်ထိုးခဲ့သည်။

ယင်းသဘောတူညီချက်သည် ဥရောပ၏ မိမိတို့ဘက်ခြမ်း အခြားနိုင်ငံများ၏လုံခြုံ ရေးကို မြှင့်တင်ရန်လည်း ကူညီပေးမည်ဖြစ် ကြောင်း ပိုလန်သမ္မတ အင်ဒရက်ဒူဒါက လက်မှတ်ထိုးအခမ်းအနားတွင် ပြောကြားခဲ့ သည်။ ထို့ပြင် အမေရိကန်-ပိုလန်အကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်နွှယ်မှုများကို ရည်ညွှန်းလျက် နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှုများ၏ အခြား ကဏ္ဍများကိုလည်း ချဲ့ထွင်နိုင်လိမ့်မည်ဖြစ် ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပိုလန်တွင် လတ်တလော၌ အမေရိကန် တပ်ဖွဲ့ဝင် ၄၅၀၀ ခန့် တပ်စွဲထားပြီး နောက်ထပ်တပ်ဖွဲ့ဝင် ၁၀၀၀ ခန့်ကို စေလွှတ်နိုင်သည်။ ဂျာမနီတွင် တပ်ဖွဲ့ဝင်အရေအတွက်အား လျှော့ချရန် အမေရိကန်သမ္မတ ဒေါ် နယ်ထရန့်၏တောင်းဆိုချက်အတိုင်း ပင်တဂွန်က ဂျာမနီမှ အမေရိကန်တပ်ဖွဲ့ဝင် ၁၂၀၀၀ ခန့်အား ရုပ်သိမ်းမည်ဖြစ်ပြီး ယင်းတို့အနက်  တပ်ဖွဲ့ဝင် ၅၆၀၀ ခန့်က ပိုလန်အပါအဝင် ဥရောပ၏အခြားနိုင်ငံများသို့ ပြောင်းရွှေ့ သွားမည်ဟု ကြေညာခဲ့သည်။

ထို့ပြင် ဂျာမနီမှ အမေရိကန်စစ်ဘက် ကွပ်ကဲတပ်အများအပြားကိုလည်း ရွှေ့ပြောင်းမည်ဖြစ်သည်။

သြဂုတ် ၁၅ တွင်ရရှိခဲ့သော သဘောတူ ညီချက်အရ အမေရိကန်တပ် ဖွဲ့ဝင်များအား ပိုလန်စစ်ဘက်အဆောက်အအုံများကို အသုံးပြုခွင့်ပြုခြင်းဖြင့် ရှိပြီးသား စွမ်းရည် များနှင့် အဆောက်အအုံများကို အဆင့်မြှင့် တင်ရန်နှင့် ခေတ်မီစေရန်အတွက် လုပ်ဆောင်ခွင့်ရရှိမည်ဖြစ်သည်။

ထို့ပြင် ပိုလန်တွင် အမေရိကန်တပ်ဖွဲ့ ဝင်အရေအတွက် ထပ်တိုးချထားမှုအတွက် ထောက်ပံ့ပို့ဆောင်မှုနှင့် အခြေခံအဆောက် အအုံများ သုံးစွဲမှုတို့အတွက် ကုန်ကျစရိတ် များအား မျှဝေကျခံရန် လုပ်ထုံးလုပ်နည်းကို ထုတ်ပြန်သွားမည်ဖြစ်သည်။

အခွင့်အလမ်းများသည် အကန့်အသတ် မဲ့ဖြစ်ပြီး ရင်းမြစ်များကို ရရှိမည်ဖြစ်ကြောင်း ပွန်ပီယိုက ပိုလန်နိုင်ငံခြားရေးဝန်ကြီး jacek Czaputowicz နှင့်အတူ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထိုကာကွယ်ရေး ဆိုင်ရာ သဘောတူညီချက်များသည် အာကာသ၊ ဆိုက်ဘာနှင့် လုပ်ကြံသတင်းများ တိုက်ဖျက်ရေးစသည့် ခြိိမ်းခြောက်မှုများအတွက်လည်း ကိုင်တွယ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အလားအလာရှိသော ပဋိပက္ခရင်းမြစ်တစ်ခုနှင့် မိမိတို့ နီးကပ်နေသောကြောင့်  အမေရိကန်တပ်ဖွဲ့ဝင်များ ရှိနေခြင်းက မိမိတို့၏ အဟန့်အတား အလားအလာများကို အားကောင်းစေမည်ဖြစ်ကြောင်း Cazputowicz က ပြောကြားခဲ့သည်။ ထိုတပ်ဖွဲ့ဝင် များအား ဂျာမနီတွင် မဟုတ်ဘဲ ပိုလန်တွင် တပ်စွဲရန် အရေးကြီးကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂျာမနီသည် ကာကွယ်ရေးအတွက် လုံလောက်စွာ သုံးစွဲခဲ့ခြင်း မရှိကြောင်း ထရန့် က ကာလရှည်ကြာ အပြစ်တင်ခဲ့သည်။ နေ တိုးအဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့ဂျီဒီပီ၏ နှစ်ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် သုံး စွဲမည်ဟု ကတိခံခဲ့ကြသည်။        

 

 


READ NEXT
Cancel OK