Top News

ထိုင်းတွင် ဒီမိုကရေစီတက်ကြွ လှုပ်ရှားသူများ ဖမ်းဆီးခံရပြီးနောက် အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ထပ်မံဖြစ်ပွား
24htopnews | January 1, 2025 9:12 PM CST

ဒီမိုကရေစီ လိုလားသောလှုပ်ရှားမှုများအား ဦးဆောင်သည့် တက်ကြွ လှုပ်ရှားသူသုံးဦး ဖမ်းဆီးခံခဲ့ရပြီးနောက် တင်းမာမှုများ မြင့်တက်နေစဉ် ထိုင်းဆန္ဒပြသူများသည် မြို့တော် ဘန်ကောက်တွင် သြဂုတ် ၁၆ ၌ အစိုးရဆန့် ကျင်ဆန္ဒပြစုဝေးမှု ထပ်မံပြုလုပ်ခဲ့ကြသည်။

၂၀၁၄ ခုနှစ် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သော စစ်ဦးစီးချုပ်ဟောင်းနှင့် လက်ရှိ ဝန်ကြီးချုပ်ဖြစ်သူ ပရာယွတ်ချန်အိုချာအပြင် ဘုရင်စနစ်အား လိုလားသည့် ၎င်း၏အစိုးရ အဖွဲ့တို့ကို ကျောင်းသားများ ဦးဆောင်သော ဆန္ဒပြအဖွဲ့များက ကန့်ကွက်ရှုတ်ချခဲ့သည့် ဆန္ဒပြမှုများသည် ပြီးခဲ့သောလတွင် နေ့စဉ်နီးပါး ဖြစ်ပွားနေခဲ့သည်။

သြဂုတ် ၁၄ ညတွင် ဖမ်းဆီးခံခဲ့ရပြီး နောက်တစ်နေ့၌ အာမခံရရှိခဲ့သော ထင်ရှား သည့်ကျောင်းသားခေါင်းဆောင် ပါရစ်ချီဝါရက်က ဘန်ကောက်၏ ဒီမိုကရေစီအထိမ်း အမှတ်နေရာတွင် ပြုလုပ်သည့်ဆန္ဒပြစုဝေးမှုကို တက်ရောက်မည်ဟု ပြောကြားခဲ့သည်။ “ခင်ဗျားတို့ကို ကျွန်တော်တို့က စိတ်ပျက်  သွားမှာ မဟုတ်ပါဘူး” ဟု ပြန်လွှတ်လာပြီးနောက် ၎င်းက ပြောကြားခဲ့သည်။

ကျောင်းသားခေါင်းဆောင် ပါရစ် မဖမ်းဆီးခံရမီ တစ်ရက်အလိုတွင် ဝန်ကြီးချုပ် ပရာယွတ်က ဆန္ဒပြသူများ၏ တောင်းဆိုမှုများသည် နိုင်ငံ၏လူအများစုအတွက် လက်သင့်ခံနိုင်စရာ မကောင်းဘဲ ဒီမိုကရေစီအရေးလှုပ် ရှားမှုများသည် အန္တရာယ်များကြောင်း သတိပေးခဲ့သည်။ သို့သော် ယင်းနေ့နှောင်းပိုင်း တွင် ပြောကြားခဲ့သောရုပ်သံမိန့်ခွန်း၌ ပရာ ယွတ်က စည်းလုံးညီညွှတ်ကြရန်အတွက် တိုက်တွန်းခဲ့ပြီး အနာဂတ်သည် လူငယ်များ၏လက်ထဲတွင် ရှိကြောင်း ပြေရာပြေကြောင်း ပြန်လည်ပြောကြားခဲ့သည်။

သြဂုတ် ၁၆ တွင် ဆန္ဒပြစုဝေးမှုသို့ လူထောင်ပေါင်းများစွာ တက်ရောက်လာမည် ဟု စီစဉ်သူများက ခန့်မှန်းထားကြသည်။ ထို ဆန္ဒပြစုဝေးမှုများမတိုင်မီ ရဲတပ်ဖွဲ့ဝင်ရာနှင့် ချီကလည်း စောင့်ကြည့်နေခဲ့ကြသည်။

အစိုးရဆန့်ကျင်ဆန္ဒပြသူများ စုဝေးကြ သော ထိုအထိမ်းအမှတ်နေရာတွင်ပင် ဘုရင် စနစ်အား ထောက်ခံသည့်ဆန္ဒပြသူ ၅၀ ခန့် ကလည်း  ဘုရင်၏ဓာတ်ပုံများ ကိုင်ဆောင် လျက် သြဂုတ် ၁၆ တွင် စုဝေးခဲ့ကြသည်။ ဘုရင်သင်္ကေတ အဝါရောင်ဝတ်စုံများ ဝတ် ဆင်ထားကြသည့် ထိုစုဝေးသူများက ‘ဘုရင် သက်တော်ရာကျော် ရှည်ပါစေ’ ဟု အော်ဟစ်ခဲ့ကြသည်။

ဟောင်ကောင်ဒီမိုကရေစီလှုပ်ရှားမှုအား အားကျမှုက တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့ သည့် ထိုင်းဆန္ဒပြလှုပ်ရှားမှုများသည် ခေါင်းဆောင်မဲ့ ဖြစ်မည်ဖြစ်ကြောင်း အခိုင်အမာ ထုတ်ပြန်ခဲ့ပြီး နိုင်ငံတစ်ဝန်း ထောက်ခံမှုများ ရရှိနိုင်ရန် အများအားဖြင့် လူမှုမီဒီယာကို အားကိုးခဲ့ကြသည်။

“အာဏာရှင်ကို နောက်ဆုံးသတ်မှတ်ရက် သတ်မှတ်ကြ” နှင့် “ဆန္ဒပြဖို့ သူငယ်ချင်းတွေကို Tag တွဲလိုက်” ဟူသော hashtag များသည် သြဂုတ် ၁၆ နံနက်တွင် ထိုင်းနိုင်ငံ  ၏ Twitter ၌ ပျံ့နှံ့ခဲ့သည်။

ထိုဆန္ဒပြသူများသည် အစိုးရအဖွဲ့တစ် ခုလုံးအား အလုံးစုံ ပြုပြင်ပြောင်းလဲရန်၊ ၂၀၁၇ ခုနှစ်တွင် စစ်တပ်က ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြန်လည်ရေး ဆွဲရန် တောင်းဆိုနေကြခြင်းဖြစ်သည်။

ဆန္ဒပြသူ ၄၀၀၀ ခန့် တက်ရောက်ခဲ့ကြသော ပြီးခဲ့သောသီတင်းပတ်က ပြုလုပ်ခဲ့သည့် စုဝေးမှုတွင် ထိပါး၍ မရသော ဘုရင်စနစ် အား ကာကွယ်ပေးထားသည့်ဥပဒေကို ဖျက် သိမ်းရန်၊ ထိုင်းတွင် နန်းတော်ဆိုင်ရာ အဖွဲ့ အစည်းများ၏အခန်းကဏ္ဍများအား ပွင့်ပွင့် လင်းလင်း ဆွေးနွေးကြရန် တောင်းဆိုခဲ့ကြ သည်။ အလွန်အမင်း<ကယ်ဝသော ထိုင်း ဘုရင်မဟာဝိဇယလောင်ကွန်းအား စစ်တပ် နှင့်ဘီလျံနာလုပ်ငန်းရှင်အထက်လွှာများက ထောက်ခံကြသည်။

အလွန်ပြင်းထန်သောဥပဒေအရ ဘုရင် စနစ်အား စော်ကားမှုနှင့် အသရေဖျက်မှုဆိုင် ရာ စွဲချက်တစ်ခုစီတွင် ထောင်ဒဏ် ၁၅ နှစ် အထိ ကျခံရနိုင်သည်။                   


READ NEXT
Cancel OK