
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် မေတ္တာမြို့နှင့် ထိုင်း - မြန်မာနယ်စပ် ထီးခီးဒေသသို့ ဆက်သွယ်ထားသည့် မေတ္တာ - ထီးခီးလမ်းပိုင်းအား (KTLA) အဖွဲ့မှ ဒီဇင်ဘာ ၂၇ ရက်နေ့မှစတင်ကာ ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ထား ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
အဆိုပါ မေတ္တာ - ထီးခင်း လမ်းပိုင်းအား မော်တော်ယဉ်များသွားလာခြင်းမပြုလုပ်ရန် (KTLA) က ဒီဇင်ဘလ (၂၇) ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားသည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “KTLA ကထုတ်ပြန်ချက်ကို လိုက်နာမှုမရှိဘဲ မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာတာတွေလုပ်မယ်ဆိုရင် တစ်စုံတစ်ရာထိခိုက်မှုတွေရှိခဲ့ရင် လုံးဝတာဝန်ယူမှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်ထဲမှာပါဝင်ပါတယ်။ ဒါပေမယ့် ဘယ်လိုအကြောင်းကြောင့် မေတ္တာ - ထီးခီးလမ်းကို သွားလာခွင့် ပိတ်လိုက်တယ်ဆိုတာမျိုးတော့ ထုတ်ပြန်ချက်ထဲမှာမပါဘူး” ဟု ပြောကြားသည်။
ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်သည့်အတွက်ကြောင့် ဒေသခံများအပြင်၊ ထိုင်းနိုင်ငံဘက်သို့ သွားရောက်ကြမည့်သူများနှင့် ကုန်စည်စီးဆင်းမှုပါ ရပ်ဆိုင်းသွားရကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
“စာထုတ်ပြီးတာနဲ့ လမ်းပိတ်ချလိုက်တော့ လူစီးကားတွေရော၊ ကုန်တင်ကားတွေပါ မေတ္တာမြို့နဲ့ သစ်ခက်ချောင်းရွာဘက်တွေမှာ ပိတ်မိနေကြတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေက ထိုင်းနိုင်ငံဘက်မှာ အလုပ်လုပ်ခွင့်ရတဲ့သူတွေလည်း သွားလာမရဖြစ်နေကြတယ်” ဟု မော်တော်ယာဉ်မောင်းနှင်သူ တစ်ဦးက ပြောကြားသည်။
ဒီဇင်ဘာ ၂၂ ရက် နေ့က ၏မေတ္တာ - ထီးခီးလမ်းပေါ်ရှီ ဝကုန်းကျေးရွာတွင် KNLA နှင့် KTLA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သေးကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များ၏ သတင်းဖော်ပြချက်များအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်