Top News

တပ်တွင်း ပုန်ကန်မှုဖြစ်ပွားပြီးနောက် မာလီသမ္မတက ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာ
24htopnews | January 1, 2025 9:12 PM CST

လချီကြာမြင့်ခဲ့ပြီ ဖြစ်သော အကျပ်အတည်းကို ရင်ဆိုင်နေရသည့် မာလီတွင် မြို့တော် ဘာမာကိုအနီးရှိ ကာတီစစ်စခန်းမှ စစ်သားများက ပုန်ကန်ခဲ့ကြပြီး သမ္မတနှင့်ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ဝင်များကို ထိန်းသိမ်းခဲ့ပြီးနောက် ဩဂုတ် ၁၉ တွင် မာလီသမ္မတ အီဗရာဟင်ဘူဘကာကီတာက ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

နိုင်ငံရေးအကျပ်အတည်း ဆိုက်ခဲ့ရပြီဖြစ်သော မာလီတွင် သွေးထွက်သံယိုဖြစ်မှုကို မလိုလားသောကြောင့် ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း သမ္မတ ကီတာက ရုပ်သံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

လောလောဆယ်တွင် မာလီကို စစ်တပ်က ဦးဆောင်နေခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အနောက်အာဖရိကနိုင်ငံများ၊ ကိုလိုနီဟောင်း ပြင်သစ်၊ အာဖရိကသမဂ္ဂ၊ ဥရောပသမဂ္ဂတို့က စစ်သားများ၏ လုပ်ရပ်ကို ရှုတ်ချခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီသော အာဏာအပြောင်းအလဲကို ဆန့်ကျင်ကြောင်း သတိပေးခဲ့သည်။

စီးပွားရေးပြိုလဲမှု၊ လုံခြုံရေး ယိုယွင်းလာမှုတို့ကြောင့် မာလီတွင် အတိုက်အခံ ဆန္ဒပြသူများက သမ္မတ ကီတာနုတ်ထွက်ရေးကို တောင်းဆိုဆန္ဒပြနေကြသည်မှာ လနှင့်ချီကြာမြင့်နေပြီ ဖြစ်သည်။

အယူအဆကွဲလွဲသော လက်နက်ကိုင်အုပ်စုများကြောင့် လူမျိုးရေးတင်းမာမှု၊ အာဏာလွန်ဆွဲမှုတို့ကြောင့် မာလီသည် ပဋိပက္ခတွင်း ကျဆင်းနေခဲ့ပြီး အိမ်နီးချင်း နိုင်ဂျာနှင့် ဘာကီနာဖာဆိုတို့ကိုပါ ပဋိပက္ခ ကူးစက်ခဲ့ကာ ဆာဟယ်ဒေသ တစ်ခုလုံးကို ကူးစက်ခဲ့ရသည်။


READ NEXT
Cancel OK