
ထိုင်းနိုင်ငံတွင် ဒီမိုကရေစီလှုပ်ရှားမှုများသည် အထက်တန်းကျောင်းများသို့ ပျံ့နှံ့နေမှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက သြဂုတ် ၁၈ တွင် မှိန်ချပစ်ခဲ့သည်။ ထိုကျောင်းများတွင် ကျောင်းသားများက စစ်အစိုးရနှင့် ဆက်နွှယ်သောအစိုးရအား ဆန့်ကျင်သည့်သင်္ကေတဖြစ်သော လက်သုံးချောင်းထောင်သည့် ပုံစံများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ပရာယွတ်အား ရာထူးမှနုတ်ထွက်ပေးရန်၊ ထိုင်းဘုရင်စနစ်၏ အခန်းကဏ္ဍအား ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရန် တက္ကသိုလ်ကျောင်းသားများက ဦးဆောင်တောင်းဆိုခဲ့ကြသော ဆန္ဒပြမှုများသည် မကြာသေးမီ သီတင်းပတ်များအတွင်း နေ့စဉ်နီးပါး ဖြစ်ပွားခဲ့သည်။
၎င်းတို့၏တောင်းဆိုမှုများသည် ထောက်ခံမှုများ ရရှိလာခဲ့ပြီး သြဂုတ် ၁၆ တွင် ဘန်ကောက်၌ ပြုလုပ်ခဲ့သောဆန္ဒပြမှုတွင် လူ ၁၀၀၀၀ ကျော်အထိ ပါဝင်ခဲ့ရာ စစ်ဦးစီးချုပ်ဟောင်း ပရာယွတ်က ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းခဲ့မှုအပြီး အကြီးမားဆုံးနိုင်ငံရေးဆိုင်ရာ စုဝေးမှုဖြစ်ခဲ့သည်။
ယခုသီတင်းပတ်ဆန္ဒပြမှုများတွင် အထက်တန်းကျောင်းများ၌ နံနက်တိုင်း နိုင်ငံတော်သီချင်းဖွင့်ထားစဉ် ကျောင်းသားများက လက်သုံးချောင်းထောင်သည့်ပုံစံ လုပ်ခဲ့ကြကြောင်း ဖော်ပြခဲ့သော #badstudent ပို့စ်များသည် Twitter တွင် ပျံ့နှံ့ခဲ့သည်။
ယင်းနှင့်ပတ်သက်၍ ကျောင်းသားများ၏ အပြစ်ကင်းသော ရည်ရွယ်ချက်များကိုသာ မြင်မိကြောင်း၊ ထိုဆယ်ကျော်သက်များသည် ဆန္ဒပြမှုများတွင် ပူးပေါင်းရန် အတန်းဖော်များ၏ ဖိအားပေးမှုများ ကြုံခဲ့ရကြောင်း ပရာယွတ်က သြဂုတ် ၁၈ တွင် ပြောကြားခဲ့သည်။ ကျောင်းသားအချို့က ဆန္ဒပြမှုတွင် ပါဝင်လိုခြင်း မရှိသော်လည်း နိုင်ထက်စီးနင်းခံခဲ့ရသည်ဟု ကြားသိခဲ့ရကြောင်း ပရာယွတ်က ပြောကြားခဲ့သည်။
သြဂုတ် ၁၆ ဆန္ဒပြမှုများအပြီး Twitter တွင် ‘ အာဏာရှင်စနစ်ဆန့်ကျင်သော ဖဲကြိုးဖြူ တပ်ဆင်ကြ’ ဟု အမည်ပေးထားသောလှုပ်ရှားမှု စတင်ပျံ့နှံ့ခဲ့သည်။ အထက်တန်းကျောင်းသားများ၏ ခေါင်း၊ လက်ကောက်ဝတ်များနှင့် ကျောပိုးအိတ်များတွင် ဖဲကြိုးဖြူ တပ်ဆင်ထားသောဓာတ်ပုံများလည်း ပျံ့နှံ့ခဲ့သည်။
ဆန္ဒပြသူများက ပရာယွတ်အစိုးရအား အလုံးစုံပြုပြင်ပြောင်းလဲရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေများအား အသစ်ပြန်လည်ရေးဆွဲရန်နှင့် အငြင်းပွားဖွယ် တော်ဝင်အသရေဖျက်မှုဆိုင်ရာ ဥပဒေများကို ဖျက်သိမ်းရန် တောင်းဆိုခဲ့ကြသည်။ ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းအား ဝေဖန်မှုများမှ ကာကွယ်ပေးထားသော ထိုဥပဒေအရ စွဲချက်တစ်ခုစီတွင် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်