Top News

အာရှတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူစုစုပေါင်း ၁၀၀၀၀၀ ကျော်ရှိလာ
24htopnews | January 1, 2025 10:12 PM CST

ပြီးခဲ့သောနှစ် ဒီဇင်ဘာတွင် တရုတ်အလယ်ပိုင်း ဝူဟန်မြို့၌ စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါနှင့် ဆက်နွှယ်၍ အာရှဒေသတွင် သေဆုံးသူစုစုပေါင်းသည် ၁၀၀၀၀၀ ကျော်ရှိလာကြောင်း အေအက်ဖ်ပီသတင်းဌာနက စက်တင်ဘာ ၃ (ဂရင်းနစ်စံတော်ချိန် ၈းဝ၀ နာရီ) အထိ တရားဝင် ထုတ်ပြန်မှုများကိုအခြေခံ၍ တွက်ချက်ဖော်ပြခဲ့သည်။

အာရှဒေသတွင် ကိုရိုနာဗိုင်းရပ်စ်ကူး စက်အတည်ပြုလူနာ ၅၄၂၀၈၀၃ ဦးအနက် စုစုပေါင်း ၁၀၀၆၆၇ ဦး သေဆုံးခဲ့ကြောင်း၊ စုစုပေါင်း ၄၂၅၅၇၆၀ က ပြန်လည်သက် သာကောင်းမွန်ခဲ့ကြောင်း အေအက်ဖ်ပီ၏ တွက်ချက်မှုက ဖော်ပြခဲ့သည်။

COVID-19 ကြောင့် သေဆုံးမှုနှုန်းတွင် အိန္ဒိယသည် အာရှဒေသတစ်ခုလုံးမှ သေဆုံးသူစုစုပေါင်း၏ လေးပုံသုံးပုံနီးပါးကို ကိုယ်စားပြုခဲ့ပြီး ကူးစက်အတည်ပြုလူနာစုစုပေါင်း ၃၈၅၃၄၀၆ ဦးအနက် ၆၇၃၇၆ ဦး သေဆုံးခဲ့သည်။

အိန္ဒိယနောက်တွင် အရှေ့တောင်အာရှ နိုင်ငံအင်ဒိုနီးရှားက ကူးစက်အတည်ပြုလူ နာစုစုပေါင်း ၁၈၀၆၄၆ ဦးအနက် သေဆုံးသူ ၇၆၁၆ ဦး၊ အိန္ဒိယ၏အိမ်နီးချင်း ပါကစ္စတန်က ကူးစက်အတည်ပြုလူနာစုစုပေါင်း ၂၉၇၀၁၄ ဦးအနက် သေဆုံးသူ ၆၃၂၈ ဦးတို့ဖြင့် အစဉ်လိုက် ရပ်တည်ခဲ့သည်။

ဝူဟန်တွင် ကူးစက်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အစောပိုင်းကူးစက်ပျံ့နှံ့မှုများအား အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သော အာရှဒေသ၏ နိုင်ငံများတွင် သြဂုတ်နောက်ပိုင်း နေ့အလိုက် ကူးစက်သူနှင့် သေဆုံးသူအရေအတွက်မြင့် တက်လာမှုကို ကြုံခဲ့ရသည်။ အာရှဒေသတွင် ပြီးခဲ့သောသီတင်းပတ်အတွင်း နေ့အလိုက် ပျမ်းမျှဗိုင်းရပ်စ်ကူးစက်သူ ၉၀၀၀၀ နီးပါးနှင့် သေဆုံးသူ ၁၂၀၀ ရှိနေခဲ့သည်။ ထိုပမာဏသည် ယင်း၏ယခင်တစ်ပတ်ကထက် ကူးစက်သူအရေအတွက် ၁၁ ရာခိုင်နှုန်းနှင့် သေဆုံးသူအရေအတွက် ခြောက်ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

အာရှဒေသသည် သီတင်းပတ်တစ်ပတ်အတွင်း ကူးစက်အတည်ပြုလူနာ ၆၁၈၀၀၀  ဖြင့် အများဆုံးဒေသဖြစ်ခဲ့သည်။ အပတ်စဉ် သေဆုံးသူအရေအတွက်တွင်မူ ၈၆၀၀ ရှိခဲ့ပြီး သေဆုံးသူ ၁၆၀၀၀ ကျော်ရှိခဲ့သော လက်တင်အမေရိကနောက်တွင် ဒုတိယမြောက် သေဆုံးမှုအများဆုံးဒေသဖြစ်ခဲ့သည်။

အာရှဒေသတွင် ရောဂါကူးစက်ပျံ့နှံ့မှု အဆိုးရွားဆုံးဖြစ်သည့်အပြင် အိန္ဒိယသည် တစ်ပတ်အတွင်း ကူးစက်အတည်ပြုလူနာ အရေအတွက်၌ ကမ္ဘာတွင် အများဆုံးဖြစ်ခဲ့သည်။ အိန္ဒိယတွင် တစ်ပတ်အတွင်း အတည်ပြုလူနာ သန်းဝက်ကျော် (ခုနစ်ရာခိုင်နှုန်း မြင့်တက်) နှင့် သေဆုံးသူ ၆၈၀၀ ကျော် (ငါးရာခိုင်နှုန်းမြင့်တက်) ရှိခဲ့သည်။ သေဆုံးမှုနှုန်းတွင်မူ အာရှဒေသသည် ကမ္ဘာတွင် စတုတ္ထမြောက် အများဆုံးဖြစ်သည်။ လက်တင်အမေရိကက သေဆုံးသူ ၂၈၂၉၇၉ ဦးဖြင့် အများဆုံးဖြစ်ပြီး ဥရောပက သေဆုံးသူ ၂၁၆၅၉၆ ဦးဖြင့် ဒုတိယနှင့် အမေရိကန်နှင့် ကနေဒါတို့က သေဆုံးသူ ၁၉၄၉၁၅ ဦးဖြင့် တတိယအများဆုံးဖြစ်နေသည်။

 


READ NEXT
Cancel OK