
အာဖဂန်နစ္စတန်တွင် အမေရိကန်စစ်သားများက စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟူသော စွပ်စွဲချက်နှင့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (International Criminal Court) ၏ ရှေ့နေများကို အမေရိကန်က စက်တင်ဘာ ၃ တွင် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။
အမေရိကန်ကို စစ်ရာဇဝတ်မှုအတွက် စုံစမ်းမှုဆောင်ရွက်သောကြောင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး၏ရှေ့နေ ဖာတိုအူဘင်ဆူဒါကို ပိတ်ဆို့အရေးယူမှုချမှတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ကြေညာခဲ့သည်။
ပိတ်ဆို့အရေးယူမှုစာရင်းတွင် ICC ၏ တရားစီရင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဒါရိုက်တာ ဖာကီဆိုမိုချိုချိုကိုလည်း ထည့်သွင်းခဲ့ကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။
အမေရိကန်စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများကို စုံစမ်းစစ်ဆေးမှုအတွက် ICC တာဝန်ရှိသူများသည် အမေရိကန်ဗီဇာ အငြင်းခံရမှုများ ရှိနေပြီဖြစ်ကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။
ICC က အမေရိကန်ကို ပစ်မှတ်ထားဆောင်ရွက်နေသောကြောင့် နောက်တစ်ဆင့် ခြေလှမ်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပွန်ပီယိုက ပြောကြားခဲ့သည်။
အမေရိကန်၏ ပိတ်ဆို့အရေးယူမှုကို ICC က ရှုတ်ချခဲ့ပြီး ဥပဒေစိုးမိုးမှုကို ပြင်းထန်စွာ တိုက်ခိုက်မှုဖြစ်ကြောင်းသည် ဟိဂ်အခြေစိုက်ခုံရုံးက ပြောကြားခဲ့သည်။
အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများသည် အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်းတွင် ဆိုးရွားသော ရာဇဝတ်မှုများအတွက် စိုးရိမ်မှုများကို ဖြေရှင်းရန် ဆောင်ရွက်နေသော ICC ၏ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုကို ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမှုဖြစ်ကြောင်း ICC က ပြောကြားခဲ့သည်။
ကမ္ဘာ့အဆိုးရွားဆုံးရာဇဝတ်မှုများကို တိုက်ဖျက်ရေးအတွက် ရည်မှန်းချက်ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ICC က ပြောကြားခဲ့သည်။
ICC ၏ အဖွဲ့ဝင်နိုင်ငံများကလည်း အမေရိကန်၏လက်ခံနိုင်ဖွယ်မရှိသော ပိတ်ဆို့အရေးယူမှုများကို ရှုတ်ချခဲ့သည်။
ပွန်ပီယို၏ကြေညာချက်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က စိုးရိမ်ကြောင်း ကုလပြောခွင့်ရပုဂ္ဂိုလ် စတက်ဖင်ဒဂျာရစ်က ပြောကြားခဲ့သည်။
အာဖဂန်တွင် တာလီဘန်၊ အာဖဂန်စစ်တပ်နှင့် အမေရိကန်တပ်ဖွဲ့များက စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးမှု ဆက်လက်ဆောင်ရွက်ရန် ဘင်ဆူဒါအား ICC က မတ်လတွင် ခွင့်ပြုပေးခဲ့သည်။
အာဖဂန်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုဖြစ်နိုင်ခြေကြောင့် အမေရိကန်က ဘင်ဆူဒါကို ပြီးခဲ့သည့်နှစ်တွင် ဗီဇာရုပ်သိမ်းခဲ့ပြီးဖြစ်သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်