
ဘေရွတ်ပေါက်ကွဲမှုအတွင်း ပျက်စီးဆုံးရှုံးမှုနှင့် စီးပွားရေးထိခိုက်ဆုံးရှုံးမှုတန်ဖိုးသည် ဒေါ်လာ ၈.၁ ဘီလျံအထိရှိခဲ့ပြီး လက်ဘနွန်နိုင်ငံသည် ပြန်လည်ထူထောင်ရေး အကူအညီ ဒေါ်လာသန်းရာပေါင်းများစွာ လိုအပ်နေကြောင်း ကမ္ဘာ့ဘဏ်က သြဂုတ် ၃၁ ရက်တွင် ခန့်မှန်းခဲ့သည်။
သြဂုတ် ၄ ရက်က ဘေရွတ်ဆိပ်ကမ်း၌ ဖြစ်ပွားသော နှစ်ကြိမ်ဆက်ပေါက်ကွဲမှုကြောင့် ဆိပ်ကမ်းမြို့နှင့် အနီးဝန်းကျင်ဒေသများတွင် ပျက်စီးမှုများဖြစ်ပွားခဲ့ကာ လူအများအပြား သေဆုံးခဲ့ပြီး နိုင်ငံကိုလည်း စီးပွားရေး ဆုတ်ယုတ်မှုအခြေအနေတွင်းသို့ ပိုမိုသက်ဆင်းစေခဲ့သည်။
ပေါက်ကွဲမှုကြောင့် ရုပ်ဝတ္တုပစ္စည်း ပျက်စီးဆုံးရှုံးမှုတန်ဖိုးသည် ဒေါ်လာ ၃.၈ ဘီလျံမှ ၄.၆ ဘီလျံအကြားရှိပြီး စီးပွားရေး ထိခိုက်နစ်နာမှုတန်ဖိုးမှာ ဒေါ်လာ ၂.၉ ဘီလျံမှ ဒေါ်လာ ၃.၅ ဘီလျံအကြားရှိကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။
လက်ဘနွန်နိုင်ငံအနေဖြင့် ပြန်လည်ထူထောင်ရေးအကူအညီ ဒေါ်လာ ၆၀၅ သန်းမှ ဒေါ်လာ သန်း ၇၆၀ အထိ အရေးတကြီးလိုအပ်နေသည်ဟု ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့်အတူ ဆောင်ရွက်ခဲ့သည့် Rapid Damage and Needs ဆန်းစစ်အကဲဖြတ်ချက်တွင် ကမ္ဘာ့ဘဏ်က ဖော်ပြထားသည်။
ထိခိုက်နစ်နာမှုအများဆုံးဖြစ်ပွားခဲ့သည့် စီးပွားရေးကဏ္ဍများထဲတွင် အိမ်ရာစီမံကိန်းကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ဘာသာရေးနှင့် ရှေးဟောင်းယဉ်ကျေးမှုနေရာများ၊ အထိမ်းအမှတ် အဆောက်အအုံများ၊ ပြဇာတ်ရုံများ၊ မော်ကွန်းတိုက်များ၊ စာကြည့်တိုက်များပါဝင်သော ယဉ်ကျေးမှုအမွေအနှစ်များ ပါဝင်ကြောင်း ထိုအကဲဖြတ်ချက်တွင် ဖော်ပြထားသည်။
ထောက်ပံ့ငွေ ဒေါ်လာသန်းရာနှင့်ချီ အရေးတကြီးလိုအပ်နေသည့်အပြင် လက်ဘနွန်သည် ၂၀၂၁ ခုနှစ်တွင် ထောက်ပံ့ငွေ ဒေါ်လာ ၁.၁၈ ဘီလျံမှ ဒေါ်လာ ၁.၄၆ ဘီလျံအထိ ထပ်တိုးလိုအပ်လာလိမ့်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။
သယ်ယူပို့ဆောင်ရေး၊ ယဉ်ကျေးမှုဆိုင်ရာ လိုအပ်ချက်များ၊ အိမ်ရာစီမံကိန်းများတွင် လက်ဘနွန်အစိုးရအဖွဲ့က ဦးစားပေး ငွေသုံးစွဲသွားလိမ့်မည်ဖြစ်ကြောင်း ဆန်းစစ်အကဲဖြတ်ချက်တွင် ဖော်ပြထားသည်။
ယခုနှစ်အတွင်း လက်ဘနွန်၏ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုးသည် နောက်ထပ် ၀.၄ ရာခိုင်နှုန်းအထိ ကျဆင်းလိမ့်မည်ဖြစ်ကာ ၂၀၂၁ ခုနှစ်တွင် နောက်ထပ် ၀.၆ ရာခိုင်နှုန်းအထိ ကျဆင်းလိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။
ကပ်ရောဂါကြောင့် အကျပ်အတည်း ကြီးကြီးမားမား ကြုံနေရပြီးဖြစ်သော လက်ဘနွန်စီးပွားရေးသည် ယခုနှစ်တွင် ၁၀.၉ ရာခိုင်နှုန်းအထိ ကျုံ့သွားလိမ့်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။
ဘေရွတ်မြို့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းက နိုင်ငံ့စီးပွားရေးကို ပိုမိုကျဆင်းစေပြီး ပြည်သူလူထုကိုလည်း ဆင်းရဲတွင်းနက်စေလိမ့်မည်ဖြစ်ကြောင်း၊ ပေါက်ကွဲမှု မဖြစ်ပွားချိန်ကတည်းက နိုင်ငံ့လူဦးရေ၏ ၄၅ ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေနေကြကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။
လုံလောက်သော ရန်ပုံငွေများရရှိရန်အတွက် လက်ဘနွန်တာဝန်ရှိသူများအနေဖြင့် အကျင့်ပျက်ခြစားမှုကို ကာကွယ်တားဆီးခြင်း၊ အထက်လွှာလူတန်းစားများက ပုဂ္ဂလိကနှင့် အများပြည်သူပိုင် သယံဇာတ အရင်းအမြစ်များအား အမိအရလက်ဝါးကြီးအုပ်ထားမှုကို ဖြတ်တောက်၊ အဆုံးသတ်ခြင်း စသော အများယုံကြည်လက်ခံနိုင်သည့် ပြုပြင်ပြောင်းလဲမှုအစီအစဉ်ကို လုပ်ဆောင်ရလိမ့်မည်ဟု ထိုအကဲဖြတ်အစီရင်ခံစာတွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်