
၂၀၂၅ နှစ်သစ်ကို ကြိုဆိုသည့် New Year countdown ပွဲများကို ရန်ကုန်၊နေပြည်တော်နှင့် မန္တလေးတို့တွင် ဒီဇင်ဘာ ၃၁ ရက်က အသီးသီးပြုလုပ်ခဲ့ကြသည်။
ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်သည့် New Year Countdown ပွဲတော်ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က စီစဉ်ကျင်းပခြင်းဖြစ်ပြီး ညနေ ၆ နာရီအချိန်မှ စတင်ကာ ပြုလုပ်ခဲ့ကြသည်။
ရန်ကုန်မြို့တွင် နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့်ကို တစ်ရက်တာ ပယ်ဖျက်ပေးခဲ့ပြီး ပြည်သူ့ရင်ပြင်မှာ ပြုလုပ်ခဲ့သည့် Count down ပွဲတော်တွင် နိုင်ငံကျော်အဆိုတော်၊အနုပညာရှင်များနှင့် DJ ပညာရှင်များ၏ ဖျော်ဖြေတက်ဆက်မှုများနှင့် အတူ ကျင်းပခဲ့ပြီး နှစ်သစ်ကူးကြိုဆိုသည့် မီးရှုး မီးပန်း ပစ်ဖောက်ခြင်းများကိုလည်း ပြုလုပ်ခဲ့ကြသည်။
ထို့အတူ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင်လည်း နိုင်ငံတကာနှစ်သစ်ကိုကြိုဆိုသည့်အနေဖြင့် Myanmar Countdown 2025 ပွဲတော်ကိုဒီဇင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ သုံးရက်တာပြုလုပ်ခဲ့ပြီး နိုင်ငံကျော်အနုပညာရှင်တွေနဲ့ ဖျော်ဖြေတင်ဆက်မှုများ ပါဝင်ခဲ့သည်။
ထို့ပြင် မန္တလေးမြို့တွင် တိုင်းအစိုးရအဖွဲ့က ကြီးမှူးပြီး နှစ်သစ်ကူး Countdown ပွဲတော်ကို ၂၆ လမ်း၊ ၆၆ လမ်းထောင့်တွင် ဒီဇင်ဘာ ၃၁ ရက်ရက်၊ ညနေ ၆ နာရီမှ စတင်ကာ ပြုလုပ်ခဲ့ပြီး အုပ်စိုးခန့်၊ မယ်လိုဒီ၊ ပိုပို၊ မေလသံစဉ် စသည့် အနုပညာရှင်များ၊ DJ ပညာရှင်များ၏ ဖျော်ဖြေတက်ဆက်မှုများနှင့် အတူ နှစ်သစ်ကူးကြိုဆိုပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
အလားတူ အခြားဒေသအသီးသီးမှာလည်း နိုင်ငံတကာနှစ်သစ်ကူးကို ကြိုဆိုသည့် New Year Countdown ပွဲတွေကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်