Top News

၂၀၂၀ ပြည့်နှစ်မကုန်မီ ဗိုင်းရပ်စ်ကာကွယ်ဆေးပထမအသုတ် သန်း ၃၀ ရရှိရန် ဥရောပသမဂ္ဂက မျှော်လင့်နေ
24htopnews | January 1, 2025 10:12 PM CST

ဗြိတိသျှဆေးကုမ္ပဏီ AstraZeneca နှင့် သဘောတူညီချက် ရရှိခဲ့ပြီးနောက် ဥရောပသမဂ္ဂသည် ယခုနှစ်မကုန်မီ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သန်း ၃၀ ကို ပထမအသုတ်အဖြစ် ရရှိရန် မျှော်လင့်ထားကြောင်း ဥရောပကော်မရှင် တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၃ တွင် ပြောကြားခဲ့သည်။

တစ်ဦးလျှင် တစ်လုံးနှင့် တွက်ချက်ကြည့်ပါက ကာကွယ်ဆေး ပထမအသုတ်သည် ဥရောပသမဂ္ဂလူဦးရေ၏ ခြောက်ရာခိုင်နှုန်းမှ ခုနစ်ရာခိုင်နှုန်းအထိ ထိုးပေးနိုင်ရန် အကျုံးဝင်မည်ဖြစ်သည်။

အလားအလာရှိသော ကာကွယ်ဆေး သန်း ၃၀ ထက်မနည်းရရှိရန်အတွက် ဥရောပကော်မရှင်သည် AstraZeneca ကို ဒေါ်လာ ၃၉၇.၈ သန်း ကနဦးအဖြစ် ပေး‌ချေထားသည်။ နောက်ထပ်ကာကွယ်ဆေး သန်း ၁၀၀ ဝယ်ယူရန်လည်း ဥရောပကော်မရှင်က သဘောတူထားသည်။

အဖွဲ့ဝင်နိုင်ငံအားလုံးသည် စျေးနှုန်းတစ်မျိုးတည်းနှင့်တစ်ချိန်တည်း ကာကွယ်ဆေးရရှိရန် လိုလားသည်ဟု ဥရောပကော်မရှင်တာဝန်ရှိသူက ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံသည် ရရှိသော ကာကွယ်ဆေးများကို ၎င်းတို့နိုင်ငံ၌ မည်သူ့ကို ဦးစားပေးထိုးပေးမည်ကို ကိုယ်တိုင်ဆုံးဖြတ်ကြမည်ဖြစ်သည်။

ဥရောပသမဂ္ဂသည် ကာကွယ်ဆေး ရရှိရန်အတွက် Jhnson & Johnson, Sanofi, Moderna ESifh နှင့် CureVac နှင့်လည်း ဆွေးနွေးနေသည်။ ထို့ပြင် ကာကွယ်ဆေး ပူးတွဲထုတ် လုပ်နေသော အမေရိကန်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ Pfizer နှင့် ဂျာမန်ဇီဝနည်းပညာလုပ်ငန်း BioNTech တို့နှင့်လည်း ဥရောပသမဂ္ဂက ဆွေးနွေးနေသည်။

လောလောဆယ်တွင် ရုရှားက စမ်းသပ်မှုကြီးမပြီးဆုံးမီ အတည်ပြုပေးထားသော ကာကွယ်ဆေးမှလွဲပြီး ကမ္ဘာတွင် သဘောတူ ခွင့်ပြုချက်ရထားသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး မရှိသေးပေ။

ကာကွယ်ဆေးထုတ်လုပ်နိုင်စွမ်းကလည်း အကန့်အသတ်ရှိသောကြောင့်  ကာကွယ်ဆေးဖြန့်ဖြူးမှုသည် အကန့်အသတ်နှင့်သာ အောင်မြင်နိုင်ဖွယ်ရှိသည်။

ကမ္ဘာတွင် လူတိုင်း ကာကွယ်ဆေး တန်းတူညီတူရရှိရေးကို  ထောက်ခံကြောင်း ဥရောပကော်မရှင်က အကြိမ်ကြိမ်ပြော ကြားထားသည်။

သို့သော်လည်း ဥရောပသမဂ္ဂကို ဦးစားပေးသည့် မူဝါဒကို  ဥရောပက အကောင်အထည်ဖော်နေဖွယ်ရှိသည်။

 


READ NEXT
Cancel OK