
ဘာစီလိုနာလူငယ်ကြယ်ပွင့် ယမားလ်က ၂၀၂၅ ခုနှစ်တွင် ဂိုးများပိုမိုသွင်းယူနိုင်ရန်နှင့် ဆုဖလားများ ပိုမိုရယူနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ယမားလ် သည် ၂၀၂၄ တွင် ဘာစီလိုနာနှင့် စပိန်လက်ရွေးစင်အသင်းအတွက် အဓိကကစားသမားအဖြစ် ခြေစွမ်းပြခဲ့ပြီး စပိန် အသင်းနှင့် ယူရို ၂၀၂၄ ချန်ပီယံဆုကို ရယူနိုင်ခဲ့သည်။
ယမားလ်က ဘာစီလိုနာအသင်းနှင့် လာလီဂါချန်ပီယံဆုအပြင် ချန်ပီယံလိဂ်ဖလားပါ ရယူလိုကြောင်းလည်း ဆိုခဲ့သည်။
၎င်း၏ ၂၀၂၅ ရည်မှန်းချက်နှင့်ပတ်သက်ပြီး ယမားလ်က "ကျွန်တော့်အနေနဲ့ ဂိုးတွေ ပိုသွင်းနိုင်ဖို့ လိုပါတယ်။ ပြီးတော့ ဂိုးဖန်တီးမှုအပိုင်းမှာလည်း အခုထက်ပိုပြီး တိုးတက်ဖို့ လိုနေသေးတာပါ။ ဒါတွေက ကျွန်တော့်အတွက် စိန်ခေါ်မှုတွေပါပဲ။ ၂၀၂၄ မှာ ဘာစီလိုိနာအနေနဲ့ ဆုဖလားတွေနဲ့ လွဲခဲ့ရပါတယ်။ ဒီတော့ ၂၀၂၅ မှာ ဘာစီလိုနာနဲ့အတူ လာလီဂါချန်ပီယံဆု၊ ချန်ပီယံလိဂ်ဖလားနဲ့ ဖလားတွေ ရယူချင်ပါတယ်။ ကျွန်တော်တို့ ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတိုင်းမှာ ချန်ပီယံဖြစ်ချင်ပါတယ်"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်