Top News

လီဗာပူးလ်သို့ ပြောင်းရွှေ့ရန် ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ ဂူဟီ ဆန္ဒရှိနေ
24htopnews | January 1, 2025 11:12 PM CST

 

ခရစ္စတယ်ပဲလေ့စ်အသင်း၏နောက်ခံလူ ဂူဟီသည် လီဗာပူးလ်အသင်းထံသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း သိရသည်။ 

အင်္ဂလန်လက်ရွေးစင်ကစားသမားဖြစ်သူ ဂူဟီ(၂၄ နှစ်)သည် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း လာမည့် ဇန်နဝါရီ သို့မဟုတ် နွေရာသီတွင် လမ်းခွဲဖွယ်ရှိနေသည်။ 

ဂူဟီကို နယူးကာဆယ်အသင်းက ပြီးခဲ့သည့်နွေရာသီတွင် (၃)ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့သော်လည်း ပဲလေ့စ်အသင်းက ပယ်ချခဲ့သလို၊ ၎င်းကလည်း ချန်ပီယံလိဂ် ယှဉ်ပြိုင်ခွင့်ရရှိသည့် အသင်းထံသာ ပြောင်းရွှေ့လိုနေကြောင်း သိရသည်။ 

ယခုအခါ လီဗာပူးလ်အသင်းကလည်း ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး ဂူဟီ၏အပြောင်းအရွှေ့မှာ တန်ဖိုးကြီးမားသည့် အပြောင်းအရွှေ့ ဖြစ်လာဖွယ်ရှိကြောင်း သိရသည်။

ဂူဟီသည် ယခုရာသီတွင် ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၂ ပွဲကစားထားပြီး ၂ ဂိုးသွင်းယူထားသည်။


READ NEXT
Cancel OK