Top News

လိဂ်ဖလားဆီမီးဖိုင်နယ်တွင် VAR ဆုံးဖြတ်ချက်ကို ပရိသတ်များထံ ကြေညာပေးမည်
24htopnews | January 1, 2025 11:12 PM CST

 

ယခုလအတွင်း စတင်ယှဉ်ပြိုင်ကစားမည့် လိဂ်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်များ၌  VAR ဆုံးဖြတ်ချက်ကို ပရိသတ်များထံ ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများအဖွဲ့(PGMOL) က  VAR ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု ပိုရှိစေရန် ရည်ရွယ်ကာ ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။ 

၂၀၂၄-၂၅ ရာသီ လိဂ်ဖလားဆီမီးဖိုင်နယ်အဆင့်တွင် အာဆင်နယ်နှင့် နယူးကာဆယ်၊ လီဗာပူးလ်နှင့် စပါးတို့ ဆုံတွေ့နေပြီး ဇန်နဝါရီ(၇၊ ၈)တွင် ပထမအကျော့၊ ဖေဖော်ဝါရီ(၅၊ ၆)တွင် ဒုတိယအကျော့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

VAR ဆုံးဖြတ်ချက်အား ကြေညာပေးရန်အတွက် ဒိုင်လူကြီးများက ကြိုတင်လေ့ကျင့်မှုပြုလုပ်နေပြီဖြစ်ကြောင်းလည်း သိရသည်။


READ NEXT
Cancel OK