
မိုဘိုင်းလ်ငွေကြေးသုံးစွဲသူ၏ မှားယွင်းမှုနှင့် ဆောင်ရွက်ချက် တစ်စုံတစ်ရာကြောင့်မဟုတ်ဘဲ လိမ်လည်ခံရသည့် ဖြစ်စဉ်များအတွက် ပူးပေါင်းစိစစ်ဖော်ထုတ်လျက်ရှိသည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် မိုဘိုင်းငွေပေးချေဝန်ဆောင်မှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် ဆုံးရှုံးနိုင်ခြေကာကွယ်နိုင်စေရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်းလျက်ရှိကြောင်း၊ ထို့အပြင် နိုင်ငံတော်အစိုးရ ကဖွဲ့စည်းပေးထားသည့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများကြီးကြပ်မှုကော်မတီမှစောင့်ကြည့်ထိန်းကျောင်းခြင်းအပြင် မိုဘိုင်းငွေပေးချေမှုလုပ်ငန်းများအား အသုံးပြုပြီးလိမ်လည်မှုဖြစ်ပွားပါက လိမ်လည်ခံရသူများမှတိုင်ကြားနိုင်ရေးစံလုပ်ငန်းစဉ်( SOP ) ကိုလည်း ထုတ်ပြန်ထားကြောင်း၊ သုံးစွဲသူ၏ မှားယွင်းမှုနှင့် ဆောင်ရွက်ချက်တစ်စုံတစ်ရာကြောင့်မဟုတ်ဘဲ OTP နံပါတ်များ၊ လုံခြုံရေးနံပါတ် (Password) များနှင့် ကိုယ်ရေးအချက်အလက်များအား အခြားနည်းလမ်းဖြင့်ရရှိခြင်းကြောင့်ဖြစ်ပွားသည့် လိမ်လည်မှုဖြစ်စဉ်များအတွက် ဆုံးရှုံးမှုများဖြစ်ပေါ်လာပါက သုံးစွဲသူများ ဆုံးရှုံးမှုမရှိစေရေးအတွက် တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းစိစစ်ဖော်ထုတ်လျက်ရှိကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။
ထို့ပြင် တာဝန်ရှိသူများအနေဖြင့် လိမ်လည်မှု ဆောင်ရွက်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအားလည်း ပူးပေါင်း စိစစ်ဖော်ထုတ်လျက်ရှိပြီး၊ ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက်ရှိသည့်လူပုဂ္ဂိုလ်၊အဖွဲ့အစည်းများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရေး အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။
မိုဘိုင်းငွေကြေးသုံးစွဲသူများအနေဖြင့် မိမိ၏ကိုယ်ရေးအချက်အလက်များအား လုံခြုံစွာသိမ်းဆည်းထားရန်နှင့် အများပြည်သူကြည့်ရှုနိုင်သည့်နေရာများတွင် ဖော်ပြခြင်းမပြုရန်(ဥပမာ၊ Social Media များ)၊ မိမိ၏ OTP Code နှင့် လုံခြုံရေးနံပတ် (Password) များအား အခြားသူများသို့ မျှဝေခြင်း လုံးဝ(လုံးဝ) မဆောင်ရွက်ရန်၊ မသမာသူများမှ မိမိ၏ကိုယ်ရေးအချက်အလက်များအား ရယူရန်ရည်ရွယ်ချက်ဖြင့် စည်းရုံးခြင်း၊ လင့် (Link) များ ပေးပို့ခြင်း၊ Mobile Application များအား Download ဆွဲယူခြင်း၊ ဝင်ရောက်ခြင်း၊ Access ပေးခြင်းများ လုံးဝ(လုံးဝ) မဆောင်ရွက်ရန်၊ လိမ်လည်မှုဖြစ်ပွားပါက သက်ဆိုင်ရာဘဏ် သို့မဟုတ် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ၏ (Call Centre) သို့ အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ရန် ဗဟိုဘဏ်က တိုက်တွန်းထားသည်။
ဒီဇင်ဘာ လကုန်ပိုင်းတွင် KBZPay သုံးစွဲသူအချို့၏ အကောင့်မှ ငွေသားများကို KBZPay အကောင့်ပိုင်ရှင်များ မသိဘဲ ထုတ်ယူခံရမှုဖြစ်ပွားသည့် ဖြစ်စဉ်များ ဆက်တိုက်နီးပါးဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
လတ်တလောတွင် အသုံးပြုသူအချို့၏ အကောင့်များသို့ OTP ကို ရယူပြီး PIN နံပါတ်ကို ခန့်မှန်းကာ ဝင်ရောက်သည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး သိရှိသတိပြုမိကြောင်း၊ အသုံးပြုသူများ ငွေကြေးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ကမ္ဘောဇဘဏ်မှ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် အကောင်းဆုံး ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း၊ ယခုဖြစ်စဉ်များကိုလည်း အမြန်ဆုံး စိစစ်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ စုံစမ်းထုတ်ဖော်သွားမည် ဖြစ်ကြောင်း KBZ Pay က ထုတ်ပြန်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်