
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှု ဥပဒေဖြင့် တရားစွဲဆို၍ ထားဝယ်အကျဉ်းထောင်တွင် ဖမ်းဆီးစစ်ဆေးခြင်းခံနေရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူ ၃ ဦးတို့ကို မေလ ၁၅ ရက်နေ ့မနက်ပိုင်းတွင် တိုင်းဒေသကြီး တရားလွှတ်တော်ရုံး၌ ၇ ကြိမ်မြောက်အဖြစ် ရုံးထုတ်ခဲ့ပြီး တရားလိုအားတရားခံရှေ့နေများက ဆက်လက်စစ်ဆေးခဲ့ကြောင်း သိရသည်။ ဝန်ကြီးချုပ်ဟောင်း ဒေါက်လဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ MD ဦးသိန်းထွေး၊ ဒါရိုက်တာဦးအောင်မြတ်နှင့် အထွေထွေမန်နေဂျာ ဦးသူရအုံတို ့၄ ဦးကို ထားဝယ်အကျဉ်းထောင်မှတဆင့် ရဲတပ်ဖွဲ့ကား ၃ စီးဖြင့် တိုင်းဒေသကြီး တရားလွှတ်တော်ရုံးသို ့မနက် ၉ နာရီ ၄၅ မီနစ်တွင် ရုံးထုတ်လာခဲ့ပြီး မနက် ၁၀ နာရီခန့်တွင် တရားခွင်စတင်ခဲ့ကာ တရားလိုဖြစ်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်းအား ဒေါက်တာလဲ့လဲ့မော်၊ ဦးသိန်းထွေးနှင့် ဦးအောင်မြတ်တို့ဘက်မှ လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ၃ ဦးက ရာဇာဝတ်ကြီးအမှု အမှတ်(၁/၂၀၁၉)နှင့် (၃/၂၀၁၉) အမှုများ ပတ်သက်၍ စစ်မေးခဲ့သည်ဟု သိရသည်။
“ဒီနေ့ကတော့ ၇ ကြိမ်မြောက် ရုံးချိန်းပေါ့။ ဒီနေ့ရုံးချိန်းမှာတော့ ရာဇဝတ်ကြီးအမှုအမှတ် ၁/၂၀၁၉ တရားလို ဦးသန်းဇော်ဝင်း တရားခံ ဒေါ်လဲ့လဲ့မော်အမှုမှာ တရားခံအကျိုးဆောင် ဦးသက်စိုးအောင်ကနေပြီး တရားလိုကို အပြန်အလှန် စစ်မေးတယ်။ နောက်ပြီးတော့ ဒုတိယအမှုအနေနဲ ့ရာဇဝတ်ကြီးအမှုအမှတ် ၃/၂၀၁၉ မှာ (၁)တရားခံ ဒေါ်လဲ့လဲ့မော်ရဲ့ အကျိုးဆောင် ဦးစိုးလွင်က တရားလိုကို အပြန်အလှန် စစ်မေးတယ်။ (၂)တရားခံဦးသိန်းထွေးရဲ့ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးမောင်ဦးက တရားလိုကို အပြန်အလှန် စစ်မေးတယ်။ (၃)တရားခံဦးအောင်မြတ်ရဲ့ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးနေဝင်းက တရားလိုကို အပြန်အလှန် စစ်မေးတယ်။ ၂၃ ရက် ၅ လ ၂၀၁၉ ရက်နေ့မှာ ရာဇာဝတ်ကြီးအမှု အမှတ်(၄/၂၀၁၉)ကို တရားလိုကို ဆက်လက်စစ်ဆေးဖို့ ချိန်းဆိုထားပါတယ်” ဟု တိုင်းဒေသကြီး တရားလွှတ်တော် လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်သန်းက ပြောကြားသည်။ တရားခွင်စတင်ချိန်တွင် တရားလိုဖြစ်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်းကို တရားလိုရှေ့နေများက တနသာင်္ရီတိုင်းဒေသကြီး တရားလွှတ်တော်၏ ရာဇဝတ်ကြီးအမှု အမှတ်(၁/၂၀၁၉)အတွက် စတင်စစ်မေးခဲ့ပြီး ၂ နာရီကျော်ခန့် စစ်မေးပြီးနောက် မွန်းတည့် ၁၂နာရီခွဲအချိန်ခန့်တွင် တရားခွင်ကို ခေတ္တရပ်နားခဲ့ကြောင်း၊ ထို့နောက် မွန်းလွဲ ၁ နာရီအချိန်တွင် တရားခွင်ကို ပြန်လည်စတင်ခဲ့ပြီး ရာဇဝတ်ကြီးအမှု အမှတ်(၃/၂၀၁၉)အမှုအတွက် တရားခံရှေ့နေ ၃ ဦးက တရားလိုအား ဆက်လက်စစ်မေးခဲ့ပြီး နေ့လည် ၂ နာရီခွဲအချိန်တွင် တရားခွင်ကို ရပ်နားကာ လာမည့် ၈ ကြိမ်မြောက်ရုံးချိန်းကို မေလ ၂၃ ရက်နေ့သို့ ထပ်မံချိန်းဆိုခဲ့သည်ဟု သိရသည်။ မေလ ၁၅ ရက်နေ့တွင် တရားခံရှေ့နေများက တရားလိုအား စစ်မေးခဲ့သော အမှု ၂ ခုအနက် ရာဇာဝတ်ကြီးအမှု အမှတ်(၁/၂၀၁၉)မှာ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်သည် ၂၀၁၈ -၁၉ မီနီဘတ်ဂျက် ငွေလုံးငွေရင်း အသုံးစာရိတ်အတွင်းမှ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းများ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုမရှိဘဲ လမ်းဦးစီးဌာနသို့ လုပ်ငန်း ၁၁ ခုအတွက် တစ်လုံးတစ်ခဲတည်း ငွေကျပ် ၁.၉ ဘီလီယံခန့် ထုတ်ယူရန် အခွင့်အရေး ပေးအပ်ခဲ့ပြီး၂၀၁၈ ခုနှစ် အောက်တိုဘာလခန့်တွင် တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမင်းထွဋ်အား သူမ၏ခင်ပွန်း ဦးထွန်းမင်းက ဦးမြင့်ဟိုအမည်ဖြင့် ဝယ်ယူထားသော ထားဝယ်မြို့ ဆေးရုံလမ်းနှင့် ဂေါ်သဇင်လမ်းထောင့်ရှိ အိမ်အမှတ် (၁၀၆၈)နှင့် (၁၀၇၀) မြေကွက် နှစ်ကွက်ကို အုတ်တံတိုင်းနှင့် ရေမြောင်းလုပ်ကိုင်ပေးရန် ဝန်ဆောင်မှုပေးခိုင်းခဲ့ရာ ငွေကျပ် သိန်း(၁၄၀)ကျော် ကုန်ကျခဲ့ပြီး ထိုငွေကို မပေးချေဘဲ သူမအား စုံစမ်းစစ်ဆေးသည့်အခါမှ ပြန်လည်ပေးချေကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ထိုက်သင့်သည့် တန်ဖိုး ပေးချေခြင်းမရှိဘဲ ဝန်ဆောင်မှု ပေးစေခြင်းဖြင့် တံစိုးလက်ဆောင်အဖြစ် ရယူခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ အရေးယူပေးရန် ထားဝယ်မြို့မရဲစခန်း (ပ) ၇၆၈/၂၀၁၉ ဖြင့် တိုင်ကြားထားသောအမှုဖြစ်သည်။ ထို့အပြင် နောက်တမှုဖြစ်သည့် ရာဇာဝတ်ကြီးအမှု အမှတ်(၃/၂၀၁၉)မှာ တနသာင်္ရီတိုင်းဒေသကြီး အစိုးရဖွဲ့နှင့် GGS ကုမ္ပဏီတို့မှ ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ချုပ်ဆိုရာတွင် စာချုပ်ပါအချက်များအတိုင်း အကောင်အထည်ဖော် ကြီးကြပ်ကွပ်ကဲရန် ပျက်ကွက်ခဲ့သည့်အတွက် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်ရာ ရောက်ကြောင်းနှင့် ပေးချေရန် တာဝန်ရှိသည့် GGS ကုမ္ပဏီဘက်မှလည်း သဘာဝဓါတ်ငွေ့ဖိုး ကျပ်သန်းပေါင်း ၈၀၀၀ ကျော်ကို ပေးသွင်းရန် ပျက်ကွက်ခဲ့သဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ထုတ်ကျခံခဲ့ရသဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများ ထိခိုက်နစ်နာ ဆုံးရှုံးနေကြောင်း စစ်ဆေးပေါ်ပေါက်သောကြောင့် အဆိုပါလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည့် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅၊ GGS ကုမ္ပဏီမှ တာဝန်ရှိသူ ဦးသိန်းထွေးနှင့် ဒါရိုက်တာ ဦးအောင်မြတ်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/ ၆၃ အရ အရေးယူပေးရန် ထားဝယ်မြို့မရဲစခန်း (ပ)၇၆၇/၂၀၁၉ဖြင့် တိုင်ကြားထားသော အမှုဖြစ်သည်။ တရားခံရှေ့နေများက ယင်းအမှု ၂ ခုအတွက် တရားလိုအား တရားခွင်၌ စစ်မေးရာတွင် ဒေါက်တာလဲ့လဲ့မော်၏ ခင်ပွန်းဖြစ်သူက ဝယ်ယူထားသော ထားဝယ်မြို့ ဆေးရုံလမ်းပေါ်ရှိ အိမ်အမှတ် (၁၀၆၈)နှင့် (၁၀၇၀) မြေကွက် နှစ်ကွက်ကို အုတ်တံတိုင်းနှင့် ရေမြောင်းလုပ်ကိုင်ရာတွင် ကုန်ကျခဲ့သည့် ငွေကျပ် သိန်း ၁၄၀ အား ပန်းရံဆရာခေါင်းဆောင်ကို ဒေါက်တာလဲ့လဲ့မော်၏ ခင်ပွန်းဖြစ်သူက ပေးအပ်ခဲ့ပြီးဖြစ်ခြင်းနှင့် GGS ကုမ္ပဏီမှ ပေးသွင်းရန်ရှိသော ဂက်စ်ဖိုးငွေအကြွေးများကို ကုမ္ပဏီက အရစ်ကျ ပြန်လည်ပေးဆပ်နေပြီဖြစ်သောကြောင့် နိုင်ငံတော်ဘဏ္ဍာငွေများ ထိခိုက်နစ်နာဆုံးရှုံးမှု မရှိတော့သည်ကို သိရှိခြင်း ရှိ /မရှိတို့ကို မေးမြန်းမှုများ ရှိခဲ့သည်။
လာမည့် ၈ ကြိမ်မြောက်ရုံးချိန်းတွင် တိုင်းဒေသကြီး တရားလွှတ်တော်၏ ရာဇဝတ်ကြီးအမှု အမှတ်၄/၂၀၁၉ နှင့် ပတ်သက်၍ တရားခံရှေ့နေများက တရားလိုအား စစ်မေးမည်ဖြစ်ပြီး ယင်းအမှုမှာ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်မှာ ၎င်း၏ မိသားစုပိုင်ဆိုင်သည့် သရက်ချောင်းမြို့နယ်၊ မြို့မရပ်၊ မြိတ်-ထားဝယ် ကားလမ်း၊ အိမ်အမှတ် (၆)ရှိ နှစ်ထပ်နေအိမ်နှင့် ဝိုင်းမြေကို ကာလတန်ဖိုး ကျပ် (၃၂၁.၄)သိန်းခန့်သာ တန်ဖိုးရှိသော်လည်း GGS ကုမ္ပဏီသို့ ကျပ်သိန်း(၂၀၀၀)ဖြင့် ရောင်းချခဲ့ပြီး GGS ကုမ္ပဏီအား သရက်ချောင်း ငါးလေလံစျေး တည်ဆောက်ခြင်း၊ ထားဝယ်ခရိုင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ပုလောမြို့ မြို့တော်ခန်းမ တည်ဆောက်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်းနှင့် ကာလတန်ဖိုးထက် အဆမတန် စျေးနှုန်းဖြင့် ရောင်းချပြီး ဝယ်ယူသူများကို လုပ်ပိုင်ခွင့်များချပေး၍ အဂတိလိုက်စားခဲ့သည့် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူ ၃ ဦးတို့ကို အဂတိလိုက်စားမှုဖြင့် တရားစွဲထားသည့် အမှုဖြစ်သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ထားဝယ်မြို့မရဲစခန်း၌ ဖွင့်လှစ်ထားသည့် အမှု ၄ ခုမှာ (ပ) ၇၆၆/၂၀၁၉ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ဖြင့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် GGSကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာဦးအောင်မြတ်နှင့် ဦးသူရအုံတို့အားလည်းကောင်း၊ (ပ)၇၆၇/၂၀၁၉ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာဦးအောင်မြတ်တို့အားလည်းကောင်း၊ (ပ)၇၆၈/၂၀၁၉ နှင့် (ပ)၇၆၉/၂၀၁၉ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အားလည်းကောင်း ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်