
မေ ၁၄ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်အတွင်း၌ လေပြင်းတိုက်၍ မိုးရွာသွန်းမှုဖြစ်ပွားခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မြေယာသိမ်းဆည်းခံ ဒေသခံများတွေ့ဆုံမည့် တွေ့ဆုံပွဲမဏ္ဍပ်ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ပြီး လူထုတွေ့ဆုံပွဲအစီအစဉ် ပျက်ပြယ်သွားခဲ့ကြောင်း ရေတာရှည်မြို့နယ် ဒေသခံများထံမှ သိရသည်။
ရေတာရှည်မြို့နယ်အတွင်း လူထုတွေ့ဆုံပွဲများသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူလိုက်ပါသော မြို့နယ် NLD ပါတီ ဥက္ကဋ္ဌဦးဝင်းကိုက “အေးသာယာရွာမှာ လေပျက်သွားတယ်ဆိုတာက ရာသီဥတုကြောင့်ပေါ့၊ အဲဒါကြောင့်ပျက်တာ မဏ္ဍပ်တွေဘာတွေက မကောင်းတော့ဘူး၊ တွေ့ဆုံပွဲက ဘာမှမဟုတ်ဘူးလေ၊ လူထုတွေ့ဆုံပွဲ စည်းရုံးရေးပေါ့။ လူထုတွေ့ဆုံပွဲပါပဲ။ လေကြီးမိုးကြီးတွေကျပြီးတော့ မဏ္ဍပ်ကလည်း ပျက်သွား။ နောက်ပြီး ဘုန်းကြီးကျောင်းကလည်းကျဉ်းတော့ မဖြစ်တော့ဘူး။ နောက်ပြီး အဲဒီသွားမယ့်လမ်းကလည်း မကောင်းဘူး၊ ဗွက်တွေရွှ့ံတွေနဲ့ဆိုတော့ ကားလည်း အဆင်မပြေဘူး၊ အဲဒါကြောင့်” ဟု ပြောကြားသည်။
ရေတာရှည်မြို့နယ် ဆွာမင်းလမ်းကျေးရွာအုပ်စု အေးသာယာရွာ မူလွန်ကျောင်း၌ သိမ်းဆည်းလယ်မြေများပြန်လည် ရရှိရေးအတွက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဒေသခံများတွေ့ဆုံပွဲအား မွန်းလွဲ ၁ နာရီတွင်တွေ့ဆုံရန်စီစဉ်၍ တွေ့ဆုံပွဲမဏ္ဍပ် ဆောက်လုပ်ထားရာ ဝန်ကြီးချုပ်နှင့်အဖွဲ့မှ တွေ့ဆုံပွဲသို့ မရောက်ခင် မွန်းလွဲ ၂ နာရီခွဲခန့်တွင် လေပြင်းတိုက်ခတ်ကာ မိုးရွာသွန်းမှု များဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့လေပြင်းတိုက်၍ မိုးရွာသွန်းခြင်းများကြောင့် တွေ့ဆုံပွဲမဏ္ဍပ် အဆောက်အအုံမှာ ပြိုကျပျက်စီးမှုဖြစ်ပွားသည့်အပြင် အဆောက်အအုံအချို့ အမိုးများ လန်ကျပျက်စီးခြင်းနှင့် မိုးရွာထားသောကြောင့် ကျေးရွာလမ်းများမှာလည်း သွားလာရန် အဆင်မပြေတော့သောကြောင့် ဝန်ကြီးချုပ် လာရောက်တွေ့ဆုံမည့် အစီအစဉ်အား ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်