Top News

အသေခံဗုံးခွဲတိုက်ခိုက်မှုများနှင့် ဆက်စပ်သည့် အစ္စလာမ္မစ်များကို သီရိလင်္ကာတပ်ဖွဲ့ဝင်များက ရှာဖွေဖမ်းဆီးမှုပြုလုပ်
24htopnews | January 2, 2025 7:12 AM CST

အီစတာပွဲတော်နေ့တွင် လူ ၂၅၈ ဦး သေဆုံးခဲ့သည့် အသေခံဗုံးခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် အစ္စလာမ္မစ်အဖွဲ့တစ်ဖွဲ့၏ အကြွင်းအကျန်များကို သီရိလင်္ကာ စစ်တပ်က မေ ၂၅ ရက်တွင် အကြီးစားရှာ ဖွေရှာဖမ်းဆီးမှုစတင်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဧပြီ ၂၁ ရက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် အကောင်အထည်ဖော်ခဲ့သည့် ဖမ်းဆီးမှုနှင့်ထိန်းသိမ်းမှုများဆိုင်ရာ  အရေးပေါ် အခွင့်အာဏာကိုအသုံးပြုပြီး တပ်ဖွဲ့ဝင်များသည် ကိုလံဘိုရှိဆင်ခြေဖုံးများကို ရှာဖွေခဲ့ကြသည်။ “ကိုလံဘိုမြို့ပြင်မှာရှိတဲ့  နယ်မြေသုံးခုမှာ အထူးပိတ်ဆို့ရှာဖွေမှုလုပ်ငန်းစဉ်တွေနဲ့ ရှာဖွေနေတယ်” ဟု စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက သတင်း ထောက်များကို  ပြောကြားခဲ့သည်။

ယခုလတွင် လူတစ်ဦးသေဆုံးခဲ့ပြီး ရာနှင့်ချီသည့် မွတ်စလင်များပိုင်ဆိုင်သည့် စျေးဆိုင်များ၊နေအိမ်များနှင့် ဗလီများ ဖျက်ဆီးခံခဲ့ရသည့် မွတ်စလင်ဆန့်ကျင်ရေး အဓိကရုဏ်းများဖြစ်ပွားခဲ့သည့် သီရိလင်္ကာအ နောက်မြောက်ပိုင်းတွင်လည်း အလားတူစစ်ဆင်ရေးများ ဆောင်ရွက်ခဲ့သည်။

ဗုံးခွဲတိုက်ခိုက်မှုများနှင့် ကျွန်းရှိ မွတ်စလင်လူနည်းစုကို ဆန့်ကျင်သည့်အကြမ်း ဖက်မှုများစီစဉ်ခဲ့မှုနှင့်ဆက်စပ်သည်ဟု သံသယရှိသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။

အီစတာပွဲတော်နေ့တိုက်ခိုက်မှုတွင် ပါဝင်သူအားလုံးနီးပါးကို ဖမ်းဆီးခဲ့ပြီးနောက် ဂျီဟတ်ခြိမ်းခြောက်မှုသည် ချက်ချင်း လျော့ပါးခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သော်လည်း အသေခံ ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ပြဋ္ဌာန်းခဲ့သည့် ရက် ၃၀ အရေးပေါ်လုံခြုံရေး ထုတ်ပြန်ချက်ကို သမ္မတ မေသရီပါလာ သီရိသေနာက မေ  ၂၂ ရက်တွင် သက်တမ်း တစ်လ ထပ်တိုးခဲ့သည်။

သီရိလင်္ကာရှိ ဟိုတယ်သုံးခုနှင့် ခရစ်ယာန်ဘုရားကျောင်းသုံးခုတိုက်ခိုက်ခံရပြီးနောက် နိုင်ငံသည် စိုးရိမ်ရသည့် အခြေ အနေတွင် ရှိနေသေးကြောင်း၊ အရေးပေါ် အခြေအနေထုတ်ပြန်ထားမှုကို ထပ်တိုးမှုသည် အများပြည်သူလုံခြုံရေးကို စောင့်ရှောက်ရန်ဖြစ်ကြောင်း သမ္မတ သီရိသေနာက ပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုများ အတွက် ပြည်တွင်းဂျီဟတ်အဖွဲ့ National Thowheeth Jama'ath (NTJ) ကို အပြစ် တင်ခဲ့သည်။ IS အဖွဲ့ကလည်း ယင်းတိုက်ခိုက်မှုများတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်ခဲ့သည်ဟု ဆိုသည်။

အီစတာပွဲတော်နေ့ တိုက်ခိုက်မှုများ ဖြစ်ပြီးနောက် သီရိလင်္ကာတွင် Facebook  ၊ Twitter ၊ YouTube ၊  Instagram၊  WhatsApp  အစရှိသည့် လူမှုမီဒီယာများကို ပိတ်ပင်ခဲ့သော်လည်း ပြည်တွင်းလူမှုကွန်ရက်များ တွင် သတင်းတုများ တစ်ရှိန်ထိုးမြင့်တက်ခဲ့သည်။ သီရိလင်္ကာ၏ ဆယ်စုနှစ်များစွာ ကြာမြင့်သည့် ပြည်တွင်းစစ်ပွဲမှ အခေါင်းများနှင့် စျာပနများ၏ပုံများကို ရှာဖွေခဲ့ပြီး ဗုံးပေါက်ကွဲမှုများတွင် သေဆုံးခဲ့သူများဟု ဖော်ပြခဲ့မှုများလည်း ရှိခဲ့သည်။ ဗုဒ္ဓဘာသာ အများစုနေထိုင်သည့် သီရိလင်္ကာတွင် ခရစ် ယာန် ၇.၆ ရာခိုင်နှုန်းနှင့် မွတ်စလင်  ၁၀ ရာ ခိုင်နှုန်းရှိသည်။

 


READ NEXT
Cancel OK