
ဧဝရတ်တောင်ပေါ်တွင် အိုင်ယာလန် တောင်တက်သမားနှင့် ဗြိတိန်တောင်တက်သမားတို့ သေဆုံးသွားသဖြင့် ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်တွင် သေဆုံးသူ ဦးရေသည် ၁၀ ဦးအထိ ရှိလာခဲ့သည်ဟု မေ ၂၅ ရက်တွင် ခရီးစဉ် စီစဉ်သူများက ပြောကြားခဲ့သည်။
အသက် ၄၄ နှစ်ရှိ ဗြိတိန်တောင်တက်သမား ရော်ဘင်ဖစ်ရှာသည် မေ ၂၅ ရက် နံနက်ပိုင်းတွင် တောင်ထိပ်ကို ရောက်ရှိခဲ့သော်လည်း ၁၅၀ မီတာရှိသော တောင်စောင်းပေါ်မှ နောက်ပြန်ကျခဲ့သည်။
ဧဝရတ်တောင်၏ မြောက်ပိုင်း တိဘက်အခြမ်းတွင် အသက် ၅၆ နှစ်ရှိအိုင်ယာလန် အမျိုးသားသည် မေ၂၄ ရက်နံနက်ပိုင်းတွင် သေဆုံးသွားခဲ့သည်ဟု ၎င်း၏ ခရီးစဉ်ကို စီစဉ်ပေးသူများက ၎င်းတို့၏ Facebook စာမျက်နှာတွင် ထုတ်ပြန်ပေးခဲ့သည်။
အိန္ဒိယ တောင်တက်သမားလေးဦး၊ အမေရိကန်၊ သြစတြီးယား၊ နီပေါတို့မှ တောင်တက်သမား တစ်ဦးစီတို့သည် လွန်ခဲ့သော သီတင်းပတ်တွင် ဧဝရတ်တောင်ပေါ်၌ သေဆုံးသွားခဲ့ကြသည်။ နောက်ထပ် အိုင်ယာလန် တောင်တက်သမား တစ်ဦးသည်လည်း တောင်ထိပ်နားတွင် ခြေချော်ပြုတ်ကျခဲ့ပြီးနောက် ပျောက်ဆုံးနေသဖြင့် သေဆုံးသွားပြီဟု ယူဆထားသည်။
ဧဝရတ်တောင်၏ မရဏဇုန်တွင် တောင်တက်သမား လူတန်းကြီး ပိတ်ဆို့မှု ဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံးလေးဦး သေဆုံးခဲ့ရပြီး ဘေးကင်းရေးထက် အမြတ်အစွန်း ရရှိရေးကို လုပ်ဆောင်နေသည့်အပေါ် စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။ နီပေါအစိုးရသည် နွေဦးတောင်တက်ရာသီအတွက် အဓိကအားဖြင့် နိုင်ငံခြားသား တောင်တက်သမား ၃၈၁ ဦးကို စံချိန်တင် ခွင့်ပြုပေးခဲ့ပြီး တစ်ဦးကို ဒေါ်လာ ၁၁၀၀၀ ဖြင့် တောင်တက်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။
ပါမစ်ရသော တောင်တက်သမား တစ်ဦးစီကို တောင်တက်ကျွမ်းကျင်သူ တစ်ဦးက အကူအညီ ပေးရခြင်းကြောင့်လည်း တောင်ထိပ်တွင် လူများပြည့်ကျပ် စေခဲ့သည်။ မကြာခင် တောင်တက်ကောင်းမွန်သည့် ရာသီဥတု အနေအထားကြောင့်လည်း အမြင့်ဆုံး တောင်တက်နိုင်သည့် ဂုဏ်ကိုလိုချင်သော တောင်တက်သမားများသည် တစ်ရက်ပြီးတစ်ရက် စုပြုံများပြား လာခဲ့သည်။
ခန့်မှန်းခြေ လူ ၆၀၀ သည် မေ၂၄ ရက်တွင် နီပေါဘက်ခြမ်းမှတစ်ဆင့် တောင်ထိပ်ကို ရောက်ရှိခဲ့ကြသည်ဟု တောင်တက်ခရီး စီစဉ်သူများထံမှ ရရှိသော သတင်းအချက်အလက်များကို အခြေခံ၍ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ မြောက်ဘက် တောင်ခါးပန်းဖြစ်သော တိဘက်ခြမ်းမှ တစ်ဆင့် ဧဝရတ်တောင်တက်ရန် အနည်းဆုံး လူ ၁၄၀ ကို ပါမစ်ပေးခဲ့သည် ဟုဆိုသည်။
Ref : AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်