Top News

တစ်နာရီလျှင် အမြန်နှုန်း ၃၇၃ မိုင်ဖြင့် မောင်းနှင်နိုင်သည့် လျှပ်စစ်စွမ်းအင်သုံးရထား ရှေ့ပြေးပုံစံကို တရုတ်က ထုတ်ဖော်ပြသ
24htopnews | January 2, 2025 7:12 AM CST

တရုတ်၏ ရထားထုတ်လုပ်သည့် ထိပ်တန်းကုမ္ပဏီက တစ်နာရီလျှင် အမြန်နှုန်း ၃၇၃ မိုင် (၆၀၀ ကီလိုမီတာ) နှုန်းဖြင့် ခရီးသည်များကို ပို့ဆောင်ပေးနိုင်မည့် လျှပ်စစ်စွမ်းအင်သုံး ရထားရှေ့ပြေးပုံစံ တစ်ခုကို ထုတ်ဖော်ပြသခဲ့သည်။

နိုင်ငံပိုင် China Railway Rolling Stock Corporation (CRRC) က ထုတ်လုပ်သည့် ယင်းရထားကို ယခုအခါ စမ်းသပ်ကာလ စတင်မည်ဖြစ်ပြီး၂၀၂၁ ခုနှစ်တွင် အပြည့်အဝ ထုတ်လုပ်ရန် ရည်မှန်းထားသည်ဟု စီအင်န်အင်န် သတင်းဌာနက ဖော်ပြခဲ့သည်။

တစ်နာရီလျှင် အမြန်နှုန်း ၃၇၃ မိုင်သည် မြန်ဆန်လှပြီး ခရီးသည်များကို ပေကျင်းမှ ရှန်ဟိုင်းသို့ သုံးနာရီခွဲအတွင်း ပို့ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း၊ နှိုင်းယှဉ်ကြည့်ပါက ယင်းခရီးစဉ်ကို လတ်တလောတွင် လေယာဉ်ဖြင့်သွားလျှင် လေးနာရီခွဲခန့် ကြာမည်ဖြစ်ကြောင်း CRRC ၏ လက်ထောက်အင်ဂျင်နီယာချုပ် Ding Sansan က ပြောကြားခဲ့သည်။ ယင်းသည် လေယာဉ် တစ်စင်း၏ ပျှမ်းမျှမောင်းနှင်နှုန်း တစ်နာရီလျှင် ၅၄၇ မိုင်နှင့် ၅၇၅ မိုင် (တစ်နာရီလျှင် ကီလိုမီတာ ၈၈၀ နှင့် ၉၂၆ ကီလိုမီတာ) နှုန်းဖြင့် တွက်ချက်ထားခြင်းဖြစ်သည်။

ရထားသည် ယင်းသဘောတရားအရ မြန်နှုန်းဖြင့် ရောက်ရှိနိုင်မှုသည် ရထား၏ လျှပ်စစ်စွမ်းအင်သုံး ဒီဇိုင်းကြောင့်ဖြစ်သည်။ လျှပ်စစ်စွမ်းအင်သုံး ရထားသည် ရထားလမ်းနှင့် အမြဲထိတွေ့နေသည့် ဘီးများကို အသုံးပြုခြင်းထက် သံလိုက်တွန်းကန်အားကို အသုံးပြုပြီး မောင်းနှင်မည်ဖြစ်သည်။

တရုတ်တွင် လုပ်ငန်းလည်ပတ်နေသည့် ကမ္ဘာ့အမြန်ဆုံး စီးပွားဖြစ် လျှပ်စစ်စွမ်းအင်သုံးရထား ရှိထားပြီးဖြစ်သည်။ ယင်းရထားသည် ရှန်ဟိုင်းလေဆိပ်နှင့် မြို့ဗဟိုချက်အကြား ခရီးအကွာအဝေး ၁၈.၆ မိုင်ကို တစ်နာရီလျှင် ၂၆၄  မိုင်နှုန်းဖြင့် မောင်းနှင်နေသည်။

CRRC ၏ ရှေ့ပြေးပုံစံကို ၂၀၁၅ ခုနှစ်တွင် ပထမဆုံးအကြိမ်  ထုတ်ပြန်ခဲ့သော်လည်း ယင်းအမြန်နှုန်းကို မရောက်ရှိခဲ့ပေ။ ၂၀၁၅ ခုနှစ်တွင် ဂျပန်က တစ်နာရီလျှင် အမြန်နှုန်း ၃၇၅ မိုင်နှုန်းဖြင့် မောင်းနိုင်သည့် လျှပ်စစ်စွမ်းအင်သုံး ရထားတစ်စင်းဖြင့် ကမ္ဘာ့အမြန်နှုန်း စံချိန်သစ်တစ်ခု တင်ခဲ့သည်။ ဂျပန်နိုင်ငံသည် လတ်တလောတွင် တိုကျိုနှင့် နာဂိုယာအကြား တစ်နာရီလျှင် ၃၁၄ မိုင် (၅၀၅ ကီလိုမီတာ) နှုန်း ပြေးဆွဲနိုင်မည့် လျှပ်စစ်မီးရထား လမ်းတစ်ခုကို ဆောက်လုပ်နေပြီး ၂၀၂၇ ခုနှစ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်။        

Ref : The Vergc


READ NEXT
Cancel OK