
မေ ၂၁ ရက်တွင် ထရီပိုလီတောင်ပိုင်း၌ နိုင်ငံတကာ အသိအမှတ်ပြု လစ်ဗျားအစိုးရသစ္စာခံ တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (Photo : AFP)
ကုလသမဂ္ဂသံတမန် ဂါဆန်ဆာလာမီက လစ်ဗျားတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများအား ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး လစ်ဗျားသည် ရေနံမှရသည့် ကြွယ်ဝမှုများအား စစ်ပွဲအတွက် အချည်းနှီး ဖြစ်စေခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံနေကြောင်း ပြောကြားခဲ့သည်။
မြောက်အာဖရိကရှိ လစ်ဗျားနိုင်ငံ၏ ပြည်တွင်းပဋိပက္ခများသည် ယနေ့ခေတ်၌ ပြည်ပစွက်ဖက်မှုများ၏ စံပြနမူနာတစ်ခု ဖြစ်ကြောင်း ဆာလာမီက နယူးယောက် အခြေစိုက် ပညာရှင်များအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် International Peace Institute (IPI) ကို မေ ၂၂ ရက်နှောင်းပိုင်း၌ ပြောကြားခဲ့သည်။
နိုင်ငံခြောက်နိုင်ငံနှင့် ၁၀ နိုင်ငံ အကြားသည် လစ်ဗျားနိုင်ငံထဲသို့ လက်နက်များ၊ ငွေကြေးများနှင့် စစ်ဘက်အကြံဉာဏ်များပေး၍ အပြည့်အဝ စွက်ဖက်နေကြကြောင်း ၎င်းက သတိပေးခဲ့သည်။ သို့သော် ၂၀၁၁ ခုနှစ်တွင် အာဏာရှင်မွမ်မာကဒါဖီ ချေမှုန်းခံခဲ့ရပြီးနောက်ပိုင်း လစ်ဗျား၌ ပျက်စီးစေသည့် ပဋိပက္ခကို အားကောင်းစေရန်အတွက် ပြည်ပအကူအညီပင် မလိုခဲ့ကြောင်း ဆာလာမီက ပြောကြားခဲ့သည်။
လစ်ဗျားက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံနိုင်မှုသည် အမှန်တကယ်ပင်ဖြစ်ကြောင်း ၎င်းက ညည်းညူခဲ့သည်။
လက်ဘနွန်မှ မိမိနှင့်တစ်နိုင်ငံသားများသည် သူတပါး၏ ငွေကြေးများဖြင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသည်အထိ ရူးနှမ်းနေသည်ဟု အမြဲတမ်း စဉ်းစားမိခဲ့ကြောင်း၊ လစ်ဗျားပြည်သူများကမူ ယင်းထက်ပိုဆိုး သွားခဲ့ကြောင်း၊ ၎င်းတို့သည် ကိုယ်ပိုင်ငွေကြေးများဖြင့် သေကြောင်းကြံနေကြကြောင်း ဆာလာမီက IPI သို့ ပြောကြားခဲ့သည်။
ဒေသတွင်း ယှဉ်ပြိုင်မှုများကြောင့် လက်ဘနွန်တွင် ၁၉၇၅ ခု နှစ်နှင့် ၁၉၉၀ ပြည့်နှစ်အကြား ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်။
လစ်ဗျားသည် တစ်ရက်လျှင် ရေနံစည် ၁.၂ သန်းထုတ်လုပ်နိုင်သော ချမ်းသာသည့်နိုင်ငံ တစ်နိုင်ငံ ဖြစ်ကြောင်း ဆာလာမီက ပြောကြားခဲ့သည်။ ယင်းသည် အလွန်အမင်း အကျိုးအမြတ်များကြောင်း၊ ထို့ပြင် လစ်ဗျားတွင် ရွှေ၊ ပလက်တီနမ် စသည့် သတ္တုများလည်း ထွက်ရှိကြောင်း၊ နိုင်ငံသည် အလွန်အမင်း ချမ်းသာသဖြင့် ပဋိပက္ခကို ကျယ်ပြန့်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။
နိုင်ငံတကာ အသိုင်းအဝိုင်းသည် ထိုပဋိပက္ခအား ထိန်းချုပ်နိုင်ရန် အတွက်သာ မလုပ်ဆောင်ဘဲ နိဂုံးချုပ်သွားရန် အတွက်ပါ လုပ်ဆောင်ရန် လိုအပ်နေကြောင်း ဆာလာမီက ပြောကြားခဲ့ပြီး ထိုကိစ္စအတွက် ကုလသမဂ္ဂတွင် သဘောကွဲလွဲနေမှုကို စိတ်မကောင်းကြောင်း ပြောကြားခဲ့သည်။
လစ်ဗျားစစ်ဘုရင် ခါလီဖာဟက်ဖ်တာ၏ တပ်များက ဧပြီ ၄ ရက်တွင် မြို့တော်ထရီပိုလီအား ထိုးစစ်ဆင်ခဲ့ပြီးနောက် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများသည် ရှည်ကြာပြီး သွေးစွန်းသည့် စစ်ပွဲ၏ နိဒါန်းဖြစ်ကြောင်းလည်း ဆာလာမီက ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် သတိပေးခဲ့ပြီးနောက် ယခုကဲ့သို့ ရှုတ်ချခဲ့ခြင်းဖြစ်သည်။
Ref : AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်