
စပိန်အားကစားသတင်းစာ Marca မှပြုလုပ်ခဲ့သော အွန်လိုင်းစစ်တမ်းအရ ဘာစီလိုနာပရိသတ်အများစုက အသင်းမှထွက်ခွာစေလိုသော ကစားသမားအရေအတွက်မှာ (၁၉)ဦး အထိရှိနေကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ် (၁၅)ရက်နေ့က ယှဉ်ပြိုင်ခဲ့သော ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွင် ဘာစီလိုနာအသင်းအနေဖြင့် ဘိုင်ယန်မြူးနစ်အသင်းအား (၂-၈)ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက် အသင်းအနေဖြင့် အလုံးစုံပြောင်းလဲမှုများပြုလုပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ကျွမ်းကျင်သူများနှင့် ပရိသတ်များမှ ဝေဖန်ထောက်ပြမှုများပြုလုပ်ခဲ့သည်။ ယင်းကဲ့သို့ ဝေဖန်မှုများထွက်ပေါ်လာချိန်တွင် Marca က ဘာစီလိုနာအသင်း၏ ဘုတ် အဖွဲ့၊ နည်းပြအဖွဲ့နှင့် ကစားသမားများ၏ အနာဂတ်အခြေအနေနှင့်ပတ်သက်ပြီး ပရိသတ်များ ထံမှအွန်လိုင်းစစ်တမ်းကောက်ယူခဲ့ခြင်းဖြစ် သည်။
ယင်းစစ်တမ်း၏ ရလဒ်များအရ ဘာစီလိုနာအသင်းတွင် ပရိသတ်အများစုက အနာဂတ်ဆက်ရှိစေလိုသည့် ကစားသမားအရေအတွက်မှာ (၇)ဦး(စတီဂန်၊ အန်ဆူဖာတီ၊ ရီကီပွတ်၊ ဖရန် ကီဒီယွန်း၊ မက်ဆီ၊ လွန်းဂလတ်နှင့် အာရူဟို)သာရှိပြီး ကျန်ကစားသမား(၁၉)ဦးမှာမူ အသင်းမှထွက်ခွာစေလိုသည့် မဲအရေအတွက် ပိုမိုများ ပြားနေကြောင်းသိရသည်။ ဘာစီလိုနာအသင်းသည် ယခုရာသီတွင် လာလီဂါချန်ပီယံဆုအား မဟာပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်းထံ လွှဲပြောင်းပေးခဲ့ရသလို၊ စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင်လည်း ကွာတားဖိုင် နယ်မှ ထွက်ခွာခဲ့ရသည်။ ထို့ပြင် အဆိုးဆုံးအခြေအနေအဖြစ် ချန်ပီယံလိဂ်တွင် ဘိုင်ယန်မြူးနစ်အား အရှက်တကွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲနောက်ဆုံး (၅)ကြိမ်တွင် ကွာတားဖိုင်နယ်မှ (၄)ကြိမ်မြောက် ထွက်ခွာခဲ့ရခြင်းဖြစ်သည်။
ဘော လုံးကျွမ်းကျင်သူများနှင့် မီဒီယာများအနေဖြင့်လည်း ဘာစီလိုနာအသင်းအား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သင့်ပြီဖြစ်ကြောင်း ကြိမ်ဖန်များစွာ ထောက်ပြမှုများရှိခဲ့သည်။ ယခုထွက်ပေါ်လာသည့် စစ်တမ်းကြောင့် ဘာစီလိုနာအသင်းအနေဖြင့် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းအား မည်ကဲ့သို့ အပြောင်းအလဲပြုလုပ်မည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ အသင်းမှထွက်ခွာစေလိုသည့် ကစားသမားစာရင်းတွင် ပြီးခဲ့သည့် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့ကမှ အသင်းသို့ရောက်ရှိလာသော ဂရီးဇ်မန်း၊ ဖီပိုတို့ကဲ့သို့ ကစားသမားများပါဝင်နေသလို၊ အသင်း၏ဝါရင့်ကစားသမားများဖြစ်သည့် ဘူးစကွက်စ်၊ ပီကေး၊ အယ်လ်ဘာ၊ ဆာဂျီရောဘတ်တိုနှင့် ဆွာရက်ဇ်တို့လည်းပါဝင်နေကြောင်း သိရသည်။ ထို့ပြင် ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀)အထက်ဖြင့် ခေါ်ယူထားသည့် ဒမ်ဘီလီ၊ ကော်တင်ဟိုတို့ကဲ့သို့ ကြယ်ပွင့်ကစားသမားများ၏အနာဂတ်မှာလည်း ဘာစီလိုနာအသင်းတွင် သေချာမှုမရှိတော့ကြောင်း စစ်တမ်းများက ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်