
အာဆင်နယ်အသင်းသည် အသင်း၏ အိုင်ဗရီကို့စ်တောင်ပံတိုက်စစ်ကစားသမား ပေပေ၏ ပေါင်(၇၂)သန်းတန် အပြောင်းအရွှေ့ကို ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိ ရှိရသည်။
ပေပေသည် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့ကာလက အာဆင်နယ်အသင်းသို့ က လပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၇၂)သန်းဖြင့် ရောက်ရှိလာသူဖြစ်ပြီး အာဆင်နယ်အသင်းက သူ့အတွက် ပြောင်းရွှေ့ကြေးကို ယခင်ကလပ် လိုင်လီအသင်းထံ အရစ်ကျပေး ချေရမည်ဖြစ်သည်။
၎င်းအား မြင့်မားသည့် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့သော်လည်း အသင်းတွင် မျှော်မှန်းသလောက် ခြေစွမ်းပြနိုင်ခြင်းမရှိရာ ယင်းအပြောင်းအရွှေ့ကို ဝေဖန်မှုများ ရှိခဲ့သည်။
အာဆင်နယ်အသင်းထိပ်တန်းတာဝန်ရှိသူများသည် အသင်း၏ကစားသမား အားအင်ဖြည့်တင်းရေးအဖွဲ့(ကစားသမားသစ်ရှာဖွေရေးအဖွဲ့)၏ လုပ်ဆောင်မှုများကို မကျေမနပ်ဖြစ်နေပြီး ယင်းအဖွဲ့အား ပြုပြင်ပြောင်းလဲမှုများလည်း ပြုလုပ်လျက်ရှိသည်။
ယင်းပြုပြင်ပြောင်းလဲမှုပြုလုပ်ခြင်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပေပေ၏ တန်ဖိုးမြင့်မားသော အပြောင်းအရွှေ့ကိုလည်း ပြန်လည်စစ်ဆေးသုံးသပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယင်းစစ်ဆေးမှုကို အသင်းနည်းစနစ်ဒါရိုက်တာ အီဒူူးက ဦးဆောင်ပြုလုပ်သွားမည်ဖြစ်ပြီး အသင်းအနေဖြင့် ပေပေအတွက် ထိုက်သင့်သည့်ကြေးထက် မည်ရွေ့မည်မျှ ပိုမိုအသုံးပြုခဲ့ရသည် ဆိုခြင်းကို တွက်ချက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်