Top News

၂၀၂၀ Golden Boy ဆုအတွက် ဆန်ခါတင် (၆၀)ဦးစာရင်း ထုတ်ပြန်ခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းမှ (၄)ဦးဖြင့် အများဆုံးပါဝင်နေ
24htopnews | January 2, 2025 8:12 AM CST

၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံးလူငယ်ကစားသမားဆု (Golden Boy)အတွက် ဆန်ခါတင် (၆၀)ဦးစာရင်း ထုတ်ပြန်ခဲ့ရာ လာလီဂါချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းမှ (၄)ဦးဖြင့် အများဆုံးပါဝင်ခဲ့ကြောင်း သိရသည်။      

ဥရောပနိုင်ငံများရှိ ထိပ်တန်းလိဂ်များတွင် ကစားနေသည့် အသက် (၂၁)နှစ်အောက်ကစားသမားများကို ရွေးချယ်ချီးမြှင့်သည့် Golden Boy ဆုကို ၂၀၀၃ ခုနှစ်တွင် အီတလီအားကစားသတင်းစာ Tuttosport မှ ကမကထပြုလုပ်ကာ စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ပြက္ခဒိန်တစ်နှစ်အတွင်း လူငယ်ကစားသမားများ၏ စွမ်းဆောင်ရည်ကို ချိန်ထိုးသုံးသပ်ရွေးချယ်ခြင်းဖြစ်သည်။

Golden Boy ဆုအတွက် ဆန်ခါတင်စာရင်း အယောက် (၁၀၀)စတင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက် (၈၀)ဦးသို့ လျှော့ချကာ၊ ယခုအခါ (၆၀)ဦးအထိ ထပ်မံလျှော့ချခဲ့ခြင်းဖြစ်သည်။

ယခုဆန်ခါတင် (၆၀)ဦးစာရင်းတွင် ရီးယဲလ်မက်ဒရစ်အသင်းမှ ရိုဒရီဂို၊ ဗင်နီစီယပ်စ်၊ ဟီနေယာ၊ ကူဘိုတို့ (၄)ဦးဖြင့် အများဆုံးပါဝင်နေပြီး ဗင်နီစီယပ်စ်နှင့် ရိုဒရီဂိုတို့မှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဆန်ခါတင်စာရင်းတွင်လည်း ပါ ဝင်ခဲ့သူများဖြစ်သည်။

ယခုဆန်ခါတင်စာရင်းတွင် ရီးယဲလ်မက်ဒရစ်မှ (၄)ဦးနှင့်အတူ အန်ဆူဖာတီ၊ ပီဒရီ (ဘာစီလိုနာ)၊ နီဟန်ပီရက်ဇ် (အက်သလက် တီကို)တို့ဖြင့် လာလီဂါမှ (၇)ဦးပါဝင်ခဲ့ကြောင်း သိရသည်။

ယခု ၂၀၂၀ ခုနှစ် Golden Boy ဆုကိုဆွတ်ခူးရန်အတွက် ဒေါ့မွန်အသင်းမှ ဟော်လန်း၊ ဆန်ချို၊ ဘိုင်ယန်မြူးနစ်နောက်ခံလူ အယ်လ်ဖွန်ဆိုဒေးဗီးစ်နှင့် မန်ယူတိုက်စစ်မှူး ဂရင်းဝုဒ်တို့ ရေပန်းစားနေပြီး ဆန်ခါတင်စာရင်းများအား ထပ်မံလျှော့ချ ထုတ်ပြန်သွားမည်ဖြစ်သည်။

 


READ NEXT
Cancel OK