
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အပိုင်ဂိုးသွင်းခွင့်ကို လွဲချော်ခဲ့သည့် မန်စီးတီးတောင်ပံတိုက်စစ်ကစားသမား စတာလင်အား ပြစ်တင်ခဲ့ခြင်းမရှိဘဲ အသင်း၏ခံစစ်အားနည်းမှုကိုသာ ဝေဖန်ပြောကြားခဲ့သည်။
လိုင်ယွန်အသင်းက (၂-၁)ဂိုးဖြင့် ဦးဆောင်နေချိန် ပွဲချိန်(၈၅)မိနစ်တွင် မန်စီးတီးအသင်းမှာ ချေပဂိုးရမည့် ကြီးမားသည့်အခွင့်အရေး ရရှိခဲ့သည်။
လိုင်ယွန်အသင်းဂိုးရှေ့တွင် တိုက်စစ်မှူး ဂျေးဇူး ပေးပို့ခဲ့သောဘောလုံးကို စတာလင်က အပိုင်ပိတ်သွင်းရာ ဘောလုံးမှာ (ဂိုးပေါက်နှင့် အလွန်နီးကပ်သောအနေအထားတွင် ရှိသော်လည်း) ဂိုးဘားတန်းပေါ်သို့ ကျော်သွားခဲ့သည်။
ယင်းဂိုးဝင်ခဲ့ပါက ပွဲမှာ တစ်မျိုးတစ်ဖုံ အလှည့်အပြောင်းဖြစ်နိုင်မည်ဖြစ်ရာ ဂွါဒီယိုလာအား ပွဲအပြီးတွင် မီဒီယာများက ယင်းလွဲချော်မှုနှင့်ပတ်သက်၍ မေးမြန်းခဲ့ကြသည်။
''ကျွန်တော် သူ(စတာလင်) နဲ့ မတွေ့ရသေးပါဘူး။ ဒါဟာ ဘောလုံးရဲ့အစိတ်အပိုင်းတစ်ခုပါ။ ဒီလိုပြိုင်ပွဲမျိုးမှာ ဘာမဆိုဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့် အသင်းဂိုးဧရိယာထဲမှာ ပိုပြီးသတိထားရပါမယ်။ ဂိုးတွေမပေးရအောင် ပိုပြီးသတိထားဖို့ လိုအပ်ပါတယ်။ ပွဲအချက်အလက်တွေအရတော့ ကျွန်တော်တို့အသင်းက ပိုကောင်းတယ်ဆိုတာကို ပြနေပါတယ်''ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်