
ကမ္ဘာ့ချန်ပီယံရှစ်စနူကာပြိုင်ပွဲတွင် နာမည်ကြီးအင်္ဂလန်ကစားသမား ရွန်နီအိုဆူလီဗန် အနိုင်ရဗိုလ်စွဲပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ဒုတိယအအောင်မြင်ဆုံးကစားသမားဖြစ်လာကြောင်း သိရသည်။
ယခုနှစ် ကမ္ဘာ့ချန်ပီယံရှစ်စနူကာပြိုင်ပွဲကို ဧပြီ-မေတွင်ကျင်းပရန် စီစဉ်ထားသော်လည်း COVID-19 ဖြစ်ပွားမှုကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ပြီး ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၁၆ ရက်အထိ အင်္ဂလန်နိုင်ငံ ရှက်ဖီးမြို့ရှိ Crucible Theatre တွင် ကျင်းပခဲ့သည်။
ပြိုင်ပွဲကို ၃၂ ဦးအဆင့်မှ စတင်ကျင်းပခဲ့ပြီး ဗိုလ်လုပွဲတွင် အင်္ဂလန်နိုင်ငံသားနှစ်ဦးဖြစ်သည့် အိုဆူလီဗန်နှင့် ကီရန်ဝီလ်ဆင်တို့ ဆုံတွေ့ခဲ့သည်။
သို့သော် ကစားသမားနှစ်ဦးအကြား အတွေ့အကြုံကွာဟမှုကြောင့် အိုဆူလီဗန်က ပြိုင်ပွဲတစ်လျှောက်လုံး ဦးဆောင်နိုင်ခဲ့ပြီး Session 1 အပြီးတွင် ၆-၂ ပွဲ၊ Session 2 အပြီးတွင် ၁၀-၇ ပွဲ၊ Session 3 အပြီးတွင် ၁၇-၈ ပွဲ၊ Session 4 တွင် ပွဲငယ် ၁၀ ပွဲကစားရမည်ဖြစ်သော်လည်း ပထမပွဲအပြီးမှာပင် ၁၈-၈ ပွဲဖြစ်သွားသောကြောင့် လက်ကျန်ကိုးပွဲအလိုမှာပင် အိုဆူလီဗန်က ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။
အိုဆူလီဗန် (၄၄ နှစ်) သည် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွင် ၂၀၁၃ ခုနှစ်နောက်ပိုင်း ခုနစ်နှစ်အကြာတွင် ပထမဆုံးအကြိမ်နှင့် စုစုပေါင်းခြောက်ကြိမ်မြောက် ဗိုလ်စွဲခြင်းဖြစ်ပြီး ခုနစ်ကြိမ်ဗိုလ်စွဲထားသည့် စတီဖင်ဟင်ဒရီ၏စံချိန်ကိုလိုက်မီရန် တစ်ကြိမ်သာ လိုအပ်တော့သည်။
ထို့ပြင် ယခုပြိုင်ပွဲမှာ အိုဆူလီဗန်အတွက် Ranking ပြိုင်ပွဲများတွင် ၃၇ ကြိမ် မြောက်ရရှိသည့် ချန်ပီယံအောင်မြင်မှုဖြစ်ပြီး ၃၆ ကြိမ်ဗိုလ်စွဲထားသည့် စတီဖင်ဟင်ဒရီကို ကျော်၍ အကြိမ်အများဆုံးဖြစ်လာသည်။
■ ပြိုင်ပွဲ၏ အအောင်မြင်ဆုံးကစားသမားများ
အမည် နိုင်ငံ ချန်ပီယံ ဒုတိယ
စတီဖင်ဟင်ဒရီ စကော့တလန် ၇ ကြိမ် ၂ ကြိမ်
စတိဗ်ဒေးဗစ် အင်္ဂလန် ၆ ကြိမ် ၂ ကြိမ်
အိုဆူလီဗန် အင်္ဂလန် ၆ ကြိမ် ၁ ကြိမ်
ရီယာဒွန် ဝေးလ်စ် ၆ ကြိမ် ၁ ကြိမ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်