
ဘာစီလိုနာ အခြေစိုက် ဂျာနယ်လစ်တစ်ဦးဖြစ်သည့် မာဆယ်လို ဘက်ချ်လာက မက်ဆီသည် ယခုအချိန်တွင် ဘာစီလိုနာအသင်းမှ ထွက်ခွာရန် စီစဉ်နေပြီဖြစ်ပြီး စာချုပ်သက်တမ်းကုန်မည့် ၂၀၂၀-၂၁ ရာသီကုန် အထိပင် မစောင့်လိုတော့ကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်။
မက်ဆီ၏ လက်ရှိစာချုပ်မှာ (၁)နှစ်သာကျန်ရှိတော့ပြီး ဘာစီလိုနာ အသင်းနှင့် စာချုပ်သစ်ကိစ္စဆွေးနွေးမှုများကိုလည်း ချန်ပီယံလိဂ်ပြိုင်ပွဲအပြီးတွင် ပြုလုပ်ရန် စီစဉ်ထားသည်။
သို့ရာတွင် ဘိုင်ယန်မြူးနစ်အသင်းကို (၂-၈)ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်ကာ ထွက်ခွာခဲ့ရပြီးနောက် မက်ဆီသည် အသင်းပြောင်းရွှေ့ရန် စီစဉ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
မက်ဆီသည် ပြီးခဲ့သည့် ဇွန်လအတွင်းကမှ အသက် (၃၃)နှစ် ပြည့်ထားသူဖြစ်ပြီး လက်ရှိအသက်အရွယ်၌ပင် ထိပ်တန်းအသင်းများစွာက အလိုရှိသည့် ကစားသမားဖြစ်နေဆဲဖြစ်သည်။
လက်ရှိအချိန်တွင် မက်ဆီအား ခေါ်ယူလိုသည့်အသင်းများအဖြစ် PSG နှင့် အင်တာမီလန်အသင်းတို့သည် သတင်းများထွက်ပေါ်ခဲ့သလို၊ မန်စီးတီး၊ မန်ယူ၊ ချယ်လ်ဆီး၊ ဂျူဗင်တပ်စ် စသည့်အသင်းများကလည်း မက်ဆီသာ ထွက်ခွာမည်ဆိုပါက ယင်းတိုက် ပွဲအတွင်းသို့ ဝင်ရောက်လာဖွယ်ရှိနေသည်ဟု သိရှိရသည်။
မက်ဆီသည် ဘာစီလိုနာကစားသမားဘဝတစ်လျှောက်လုံးတွင် စိတ်ပျက်ဖွယ်အကောင်းဆုံးအခြေအနေသို့ ရောက်ရှိနေသည်ဟု မီဒီယာများ က ဖော်ပြခဲ့ကြပြီး သူသည် ယခုရာသီအတွင်း ဘုတ်အဖွဲ့ကို ဝေဖန်ခြင်း၊ အသင်းဒါရိုက်တာဖြစ်သူ အဘီဒယ်လ်နှင့် ပြဿနာတက်ခြင်း၊ အသင်းနည်းပြကို ပြန်လည်ဝေဖန်ခြင်းများလည်း ပြုလုပ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်