
ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုက ဝုလ်ဗ်အသင်းတိုက်စစ်မှူး ဟီမင်နက်ဇ်ကို ခေါ်ယူပေးရန် အသင်းတာဝန်ရှိသူများထံ တောင်းဆိုခဲ့သည်။
စီရော်နယ်လ်ဒိုအနေဖြင့် ဂျူဗင်တပ်စ်တိုက်စစ်တွင် ၎င်းနှင့်တွဲကစားရန် ဟီမင်နက်ဇ်ကို အလိုရှိနေသည်ဟု Gazetta dello Sport က ဖော်ပြခဲ့သည်။
ဟီမင်နက်ဇ်ကို ခေါ်ယူရန် မန်ယူအသင်းကလည်း စိတ်ဝင်စားနေသဖြင့် အမြန်ဆုံးခေါ်ယူရန် စီရော်နယ်လ်ဒိုက တိုက်တွန်းခဲ့သည်။
အသက် (၂၉)နှစ်အရွယ် ဟီမင်နက်ဇ်သည် ၂၀၁၉-၂၀ ရာသီတွင် ဝုလ်ဗ်အသင်းအတွက် (၅၃)ပွဲကစားပြီး (၂၆)ဂိုးသွင်းယူခဲ့သူဖြစ်သည်။
ဂျူဗင်တပ်စ်အသင်းနည်းပြ ပီယာလိုသည် တိုက်စစ်ကစားသမားများ ဖြည့်တင်းရန်ဆန္ဒရှိနေပြီး အပြောင်းအရွှေ့ပစ်မှတ်သစ်များအတွက် ဒီဘားလားကို ရောင်းထုတ်၍ အသုံးစရိတ်ရှာဖွေသွားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။
ပေါ်တူဂီရုပ်သံ RTP ကမူ ဟီမင်နက်ဇ်သည် ယခုနွေရာသီတွင် မန်ယူအသင်းသို့ ပြောင်းရွှေ့မည်ဖြစ်ပြီး ဝုလ်ဗ်အသင်းသည် ၎င်း၏နေရာတွင် ပြန်လည်အစားထိုးရန် စပို့တင်းဘရာဂါတိုက်စစ်မှူး ပေါ်လင်ညိုကို မျက်စိကျနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်