
အင်္ဂလန်ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့ချုပ် (PFA)၏ အမှုဆောင်ချုပ်ရာထူးနေရာကို မထင်မရှားဘောလုံးသမားဟောင်းတစ်ဦးဖြစ်သူ မာဟီတာမိုလန်ဂိုက ဆက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မိုလန်ဂိုသည် အသက်(၃၈)နှစ် အရွယ်သာရှိသေးပြီး ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အင်္ဂလန်ကလပ်ဘရိုက်တန်အသင်းတွင် ကစားခဲ့ဖူးသူဖြစ်သည်။
လင်ကွန်းစီးတီး၊ အိုးလ်ဟမ်း၊ ဝရက်ဇ်ဟမ်းအစရှိသော အင်္ဂလန်အောက်တန်းအသင်းများတွင် အငှားသွားရောက်ကစားခဲ့ဖူးသူ မိုလန်ဂိုသည် ဆွစ်ဇာလန်ဖွား ဘောလုံးသမားတစ်ဦးဖြစ်ပြီး ကစားသမားဘဝက ထင်ရှားကျော်ကြားခြင်းမရှိသည့် တိုက်စစ်မှူးတစ်ဦးဖြစ်သည်။
အင်္ဂလန်ဘောလုံးလောကတွင် လူသိနည်းသည့် မထင်မရှားဆွစ်ဇာလန်ရှေ့နေတစ်ဦးဖြစ်သူ မိုလန်ဂိုအား PFA အမှုဆောင်ချုပ်အဖြစ် ခန့်အပ်ခဲ့ခြင်းအတွက် PFA အဖွဲ့ဝင်ဘောလုံးသမားတော်တော်များများပင် အံ့အားသင့် နေကြကြောင်း သိရသည်။
မိုလန်ဂိုသည် ဘောလုံးလောက၌ နောက်ဆုံးလှုပ်ရှားမှုအဖြစ် စပိန်ကလပ် မာယော့ကာအသင်းတွင် အမှုဆောင်ချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၀ ခု နှစ်အတွင်းက ယင်းအသင်းနှင့်လမ်းခွဲခဲ့သည်။
အသက် (၇၆)နှစ်အရွယ်ရှိပြီဖြစ်သော အင်္ဂလန်ဘောလုံးသမားဟောင်း ဂေါ်ဒွန်တေလာသည် PFA အမှုဆောင်ချုပ်အဖြစ် နှစ်ပေါင်း(၄၀)ကြာ တာဝန်ယူခဲ့သူဖြစ်ပြီး ယင်းရာထူးကို သူ စတင်တာဝန်ယူစဉ်အချိန် (၁၉၈၁ ခုနှစ်)က လက်ရှိအမှုဆောင်ချုပ် မိုလန်ဂိုမှာ လူ့လောကသို့ပင် ရောက်ရှိမလာသေးပေ။
၁၉၈၂ ခုနှစ်၊ ဇူလိုင်လတွင် မွေးဖွားခဲ့သော မိုလန်ဂိုသည် စပိန်နိုင်ငံမှ L.L.B နှင့် နိုင်ငံရေးသိပ္ပံဘွဲ့၊ အမေရိကန်မှ L.L.M ဘွဲ့များ ရယူခဲ့ပြီးနောက် ရှေ့နေတစ်ဦးအဖြစ်လည်း ဆောင်ရွက်နေသူ ဖြစ်ပြီး ၎င်းအား PFA အမှုဆောင်ချုပ်အသစ်အဖြစ် ခန့်အပ်ရန် လွတ်လပ်သည့်အကြံပေးအဖွဲ့က ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအဖွဲ့မှာ ဂေါ်ဒွန်တေလာ၏ အမှုဆောင်ချုပ်နေရာကို ဆက်ခံမည့်သူအား အနှောင်အဖွဲ့မရှိ စိတ်ကြိုက်ရွေးချယ် အကြံပြုရန်အတွက် ဖွဲ့စည်းပေးထားသောအဖွဲ့ဖြစ်ပြီး ယင်းအဖွဲ့က ရေပန်းစားနေသာ ဘင်းပါကစ် ( ဥက္ကဋ္ဌဟောင်း)၊ ဂါရတ်ဖာရယ်လီ (အဲဗာတန်ကစားသမားဟောင်း)တို့ကိုကျော်ကာ မိုလန်ဂိုအား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
PFA ၏အမှုဆောင်ချုပ်ဟောင်း ဂေါ်ဒွန်တေလာမှာ တစ်နှစ်လျှင် ဝင်ငွေပေါင်(၂)သန်းခန့် ရရှိခဲ့ပြီး ယခုအမှုဆောင်ချုပ်သစ် မိုလန်ဂိုမှာ တစ်နှစ်လျှင် ဝင်ငွေ ပေါင် (၅)သိန်းခန့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်