
ဗဟန်းမြို့နယ် ဆရာစံမြောက်အရှေ့ရပ်ကွက်၊ ဆရာစံလမ်းရှိ အလှကုန်စတိုင်းဆိုင်အတွင်း လုယက်ကာ ဆိုင်ရှင်အမျိုးသမီးကို ဓားဖြင့် ထိုးသတ်မှု ဒီဇင်ဘာ ၂၆ ရက် နံနက် ၈ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း စုံစမ်းမှုအရ သိရှိရသည်။
အဆိုပါ ဓားဖြင့် ထိုးသတ်မှုတွင် AK Cosmetic ဆိုင်ရှင်ဖြစ်သူ မအေးအိခိုင် (၃၅) နှစ်သည် ဆိုင်ဖွင့်ရန် ပြင်ဆင်နေစဉ် လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးက ဆိုင်အတွင်းဝင်ရောက်ကာ ဖြစ်စဉ်ကျူးလွန်သွားခြင်းဖြစ်ကြောင်း ကနဦးမေးမြန်းမှုအရ သိရသည်။
“စီစီတီဗွီမှတ်တမ်းတွေနဲ့ ရဲတပ်ဖွဲ့ဒန တာဝန်ရှိသူတွေ ကျူးလွန်သွားသူကို ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေကြပါတယ်။ ဆိုင်ရှင်အမျိုးသမီးက ဆိုင်အတွင်းထဲမှာ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သိရပါတယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည်။
ဆက်လက်ပြီး အသတ်ခံရသူ ဆိုင်ရှင်အမျိုးသမီးတွင် ဓားဖြင့် ထိုးသွင်းဒဏ်ရာ သုံးချက်ခန့် တွေ့ရှိရကြောင်း သိရသည်။
ကျူးလွန်သူမှာ အမျိုးသားတစ်ဦး (သို့မဟုတ်) နှစ်ဦးခန့် ဖြစ်နိုင်ကြောင်းနှင့် ဖုန်းတစ်လုံး ယူဆောင်သွားကြောင်း၊ အသေးစိတ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်