
စမ်းချောင်းမြို့နယ် ကျွန်းတော(အလယ်)ရပ်ကွက် ဖျာပုံလမ်းတွင် ဒီဇင်ဘာ ၃၀ ရက်နံနက်ပိုင်းက ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် လူထိခိုက်မှုအချို့ရှိခဲ့ပြီး ကားနှင့် မီးစက်နှစ်လုံးလည်း ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဦးစွာ ဖျာပုံလမ်း၊ကျွန်တော(အလယ်)ရပ်ကွက်ရှိ ပန်းလှိုင်မိသားစုဆေးခန်းများ(စမ်းချောင်း)ရှေ့တွင် ယနေ့ (ဒီဇင်ဘာ ၃၀ ရက်) နံနက် ၉ နာရီ ၁၀ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းပေါက်ကွဲမှုကြောင့် ဆေးခန်းရှေ့တွင်ရှိသော အမြင့်(၂)ပေခွဲ၊ အရှည်(၄)ပေရှိ Generator မီးစက် ၂ လုံး၊ YGN-.....Mark II ငွေမှင်ရောင် ယာဉ်မှာ နောက်မှန်ကွဲ၊ YGN .....Crown အနက်ရောင်ယာဉ်မှာ နောက်မှန်ကွဲ ဝဲ/ယာ မီးသီးကွဲ၊ နောက်ဘန်ကာပြုတ်ကျ ပျက်စီးသွားကြောင်း သိရသည်။
၎င်းပေါက်ကွဲမှုသည် အဆိုတော်ယုန်လေး၏ အိမ်အနီးတွင်ဖြစ်ကြောင်းနှင့် ပျက်စီးသွားသည့် ကားတစ်စီးမှာ ယုန်လေး၏ ကားဖြစ်ကြောင်း တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြလျက်ရှိသည်။
ထို့နောက် စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်းရှိ ကျွန်းတော(အလယ်)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ယနေ့ နံနက် ၁၁ နာရီခွဲခန့်က ဒုတိယအကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် လူထိခိုက်မှုအချို့ရှိခဲ့ပြီး တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားမှုအရ အုပ်ချုပ်ရေးမှူးရုံးအနီး လမ်းသွားလမ်းလာ ၃ ဦးခန့် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။
အထက်ပါ ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ တရားဝင်သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်