
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်အား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းမျိုးစုံ ၃ ပိဿာ ၅၅ ကျပ်သားခန့် လုယက်ခဲ့သူနှစ်ဦးကို သက်သေခံရွှေထည်ပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၈ ရက် ညနေ ၅ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ ၇၇ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြားရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်၌ ရွှေဆိုင်ပိုင်ရှင် ဒေါ်ဝင်းဝင်းအေးသည် ဆိုင်ပိတ်ပြီး ဆိုင်အတွင်း အရောင်းဝန်ထမ်းများနှင့်အတူ ရှိနေစဉ် Click အနက်ရောင်ဆိုင်ကယ် တစ်စီးဖြင့် Mask များတပ်ဆင်ထားသည့် အမျိုးသား သုံးဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး တစ်ဦးသည် ဆိုင်ပေါက်ဝတွင် စောင့်နေကာ ပစ္စတိုသေနတ်ကိုယ်စီကိုင်ဆောင်ထားသည့် အမျိုးသား နှစ်ဦးသည် ဆိုင်အတွင်းသို့ ဝင်ရောက်၍ သေနတ်ပြခြိမ်းခြောက်ပြီး ကောင်တာဘေးစားပွဲပေါ်တွင် တင်ထားသော ရွှေထည် အတုံး/ဆွဲကြိုး/လက်ကောက်ထည့်ထားသည့် ပလတ်စတစ်ပုံး သုံးပုံးအတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံ စုစုပေါင်းရွှေအလေးချိန် ၃ ပိဿာ ၅၅ ကျပ်သားခန့်(တန်ဖိုးကျပ်သိန်း ၃၀၀၀၀ ခန့်)အား လုယက် ယူဆောင်ထွက်ပြေးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ရွှေစင်အကယ်ဒမီရွှေဆိုင်အား လုယက်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် ဆိုင်ကယ် နှစ် စီးအနက် Honda CBR 150 အမျိုးအစားဆိုင်ကယ်အား ချမ်းအေးသာစံမြို့နယ်၊ အလင်းရောင် ဆိုင်ကယ်ပြုပြင်ရေးဆိုင်၌ အမျိုးသားတစ်ဦး(စိစစ်ဆဲ)မှ ပြန်လည်ရောင်းချပေးရန် လာရောက်အပ်နှံ ထားကြောင်းသိရှိရ၍ စောင့်ဆိုင်းဖမ်းဆီးခဲ့ရာ လုယက်မှုကျူးလွန်ခဲ့သည့် ပုသိမ်ကြီးမြို့နယ်၊ ဂွေ့ကြီးကုန်းကျေးရွာနေ ဖြိုးသက်အောင်(ခ)ဖြိုးလေး အား ဒီဇင်ဘာ ၂၃ ရက် ညနေ ၄ နာရီ ၂၀ မိနစ်တွင် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ K- Mandalay လက်ဖက်ရည်ဆိုင်အနီး၌ ဖမ်းဆီးရမိခဲ့ပြီး လုယက်ကျူးလွန်ရာမှ ဝေစုအဖြစ်ရရှိခဲ့သည့် ရွှေထည်ပစ္စည်းများအား ၎င်းနေအိမ်၌ သိမ်းဆည်းထားကြောင်းထွက်ဆိုချက်အရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက သွားရောက်ရှာဖွေခဲ့ရာ ၎င်း၏နေအိမ်ရှိ Air Cooler အတွင်းမှ သက်သေခံရွှေထည် ပစ္စည်းမျိုးစုံ (၆၂)ကျပ်သား၊ (၄)ပဲ၊ (၂)ရွေးအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိထားသည့် ဖြိုးသက်အောင်(ခ)ဖြိုးလေး၏ ထွက်ဆိုချက်အရ လုယက်မှုကျူးလွန်ရာ၌ပါဝင်သူ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်နေ ဇင်မျိုးထိုက်(ခ)ဇင်မျိုး အား ဒီဇင်ဘာ ၂၄ ရက် နံနက် ၂ နာရီခွဲတွင် ၎င်း၏နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် Honda Click ဆိုင်ကယ် တစ်စီး၊ နေအိမ်အပေါ်ထပ်ရှိ Air Con အပေါ်မှ လုယက်ကျူးလွန်ရာမှ ဝေစုအဖြစ်ရရှိခဲ့သည့် ရွှေထည်ပစ္စည်းမျိုးစုံ(၂၄)ကျပ်သားခန့်တို့အားလည်းကောင်း၊ ဒီဇင်ဘာ ၂၅ ရက် ည ၁၀ နာရီခွဲတွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်တွင် နေထိုင်သော (ဖမ်းဆီးရန်ကျန်) အောင်မျိုးသူ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား တွေ့ရှိရခြင်းမရှိဘဲ ၎င်းအသုံးပြုသော Honda Fit ယာဉ်၏ လေထိုးစက် အံဝှက်ခန်းအတွင်းမှ လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ရွှေထည်ပစ္စည်းမျိုးစုံ ၇၈ ကျပ် ၅ မူသား အားလည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိထားသည့် ဖြိုးသက်အောင်(ခ)ဖြိုးလေးနှင့် ဇင်မျိုးထိုက်(ခ)ဇင်မျိုးတို့၏ ထွက်ဆို ချက်အရ ဒီဇင်ဘာ ၁၀ ရက်တွင် ၎င်းတို့နှင့် ခင်မင်ရင်းနှီးသူ မြဝတီမြို့နေ (ဖမ်းဆီးရန်ကျန်) အောင်မျိုးသူနှင့် ဝင်းမြတ်သူတို့ နှစ်ဦးသည် မန္တလေးမြို့သို့ရောက်ရှိနေကြောင်း သိရှိရသဖြင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံစဉ် အောင်မျိုးသူထံတွင် ပစ္စတိုသေနတ် နှစ်လက်ရှိကြောင်း၊ ၎င်းပစ္စတိုသေနတ်များအား အသုံးပြုကာ အောင်မျိုးသူမှ ခေါင်းဆောင်၍ ၎င်းတို့ လေးဦးသည် မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက် ၇၇ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြားရှိ “ရွှေစင်အကယ်ဒမီ”ရွှေဆိုင်အား ဝင်ရောက်လုယက်ရန် တိုင်ပင်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် “ရွှေစင်အကယ်ဒမီ”ရွှေဆိုင်အနီး ပတ်ဝန်းကျင်သို့ သွားရောက်ကာ တစ်ဦးချင်းအလှည့်ကျ (၇)ရက်ခန့် အခြေအနေစောင့်ကြည့်ခဲ့ကြပြီး ဒီဇင်ဘာ ၁၈ ရက် ညနေ ၅ နာရီအချိန်တွင် ရွှေဆိုင်လုံခြုံရေးဝန်ထမ်းပြန်သွားပြီးနောက် ဖြိုးသက်အောင်(ခ)ဖြိုးလေး၊ ဝင်းမြတ်သူ၊ အောင်မျိုးသူ တို့မှ CLICK ဆိုင်ကယ်ဖြင့်လည်းကောင်း၊ ဇင်မျိုးထိုက်(ခ)ဇင်မျိုးမှ CBR ဆိုင်ကယ်ဖြင့် လည်းကောင်း သွားရောက်ခဲ့ပြီး ဇင်မျိုးထိုက်(ခ)ဇင်မျိုးမှ ရွှေဆိုင်အနီး၌ CBR ဆိုင်ကယ်အား ကျယ်လောင်ဆူညံစွာ မောင်းနှင်၍ ပတ်ဝန်းကျင်အား အာရုံလွှဲထားပြီး အောင်မျိုးသူနှင့် ဝင်းမြတ်သူ တို့မှ ပစ္စတိုသေနတ် များကိုယ်စီကိုင်ဆောင်၍ ဖြိုးသက်အောင်(ခ)ဖြိုးလေးနှင့်အတူ ရွှေဆိုင်အတွင်း ဝင်ရောက်ကာ ဆိုင်ဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများအား လုယက်မှု ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ရွှေထည်ပစ္စည်းများအား ခေါင်းဆောင်ဖြစ်သူ အောင်မျိုးသူနှင့် ဝင်းမြတ်သူတို့မှ တစ်ပုံ၊ ဖြိုးသက်အောင်(ခ)ဖြိုးလေးနှင့် ဇင်မျိုးထိုက်(ခ)ဇင်မျိုးတို့မှ တစ်ပုံစီ အသီးသီးခွဲဝေယူခဲ့ကြောင်း၊ ရွှေထည်ပစ္စည်းများအား ခွဲဝေရာတွင် ချိန်ခွင်ဖြင့် အတိကျမခွဲဘဲ အရွယ်အစားအလိုက်ခန့်မှန်း၍ ဆွဲကြိုး၊ ခေါက်သီး၊ လက်ကောက်၊ လက်စွပ်၊ အကြီးအသေးစသည် တို့ကို အချိုးကျခွဲဝေယူခဲ့ကြခြင်းဖြစ်ကြောင်းနှင့် လုယက်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် ပစ္စတိုသေနတ် နှစ်လက်သည် အောင်မျိုးသူမှ မြဝတီမြို့၌ နေထိုင်စဉ် အမျိုးသားတစ်ဦး(စိစစ်ဆဲ)ထံမှ ဝယ်ယူ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွှေစင်အကယ်ဒမီရွှေဆိုင်အား သေနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများအား လုယက်မှုကျူးလွန်ခဲ့သည့် ဖြိုးသက်အောင်(ခ)ဖြိုးလေးနှင့် ဇင်မျိုးထိုက် (ခ) ဇင်မျိုးတို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရန်ကျန် အောင်မျိုးသူနှင့် ဝင်းမြတ်သူ တို့အား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်