
ဒီဇင်ဘာ ၂၉ ရက်နေ့က မူအန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်အမှုထမ်းနှစ်ဦးမှလွဲပြီး လူပေါင်း ၁၇၉ ဦးသေဆုံးစေခဲ့သည့် Jeju Air လေကြောင်းလိုင်းပိုင်လေယာဉ် မီးလောင်ပေါက်ကွဲမှုဖြစ်ပွားအပြီး Jeju Air ၏မိခင်ကုမ္ပဏီ Aekyung Group မှထုတ်လုပ်သည့် ရောင်းကုန်များကို သပိတ်မှောက်သုံးစွဲခြင်းမပြုရန် တိုက်တွန်းမှုများ ရှိလာခဲ့သည်။
ယင်းသို့တိုက်တွန်းသူများက Aekyung Group ၏လက်ခွဲ Aekyung Industrial မှထုတ်သည့် အလှကုန်များ၊ ဆံသားထိန်းသိမ်းရေးထုတ်ကုန်များ၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်အိမ်သုံးပစ္စည်းများ အပါအဝင် လက်လီရောင်းကုန်များကို ဦးတည်ပြီး သပိတ်မှောက်ရန် ဆိုရှယ်မီဒီယာ လူမှုကွန်ရက်များတွင် တောင်းဆိုလာကြသည်။
ဒီဇင်ဘာ ၃၁ ရက်နေ့က ဆိုရှယ်မီဒီယာပို့စ်တစ်ခုတွင် “Jeju Air ကိုပိုင်တဲ့ Aekyung Group ရဲ့ ထုတ်ကုန်တွေပါ” ဟုဆိုကာ ပစ္စည်းလိုဂို အမှတ်တံဆိပ်များကိုဖော်ပြထားပြီး သုံးစွဲခြင်းမပြုရန် အများသူငါကို တိုက်တွန်းထားသည်။
ယင်းအခြေအနေဖြစ်လာစေသည့် အဓိကအကြောင်းအရင်းတစ်ခုက Jeju Air လေကြောင်းလိုင်းသည် လိုအပ်သည့်ပြုပြင်ထိန်းသိမ်းရေးများကို မေ့လျော့ထားပြီး လေယာဉ်များကို ဝန်ပိအောင်သုံးနေသည်ဆိုသည့် သံသယများကြောင့်ဖြစ်သည်။စစ်ဆေးရေးအာဏာပိုင်များ၏ တွေ့ရှိချက်အရ တတိယ သုံးလပတ်ကာလအတွင်း Jeju Air လေကြောင်းပျံသန်းမှုများသည် တစ်လလျှင် နာရီပေါင်း ၄၁၈ နာရီရှိခဲ့ပြီး အခြားပြည်တွင်းလေကြောင်းလိုင်းများ၏ လစဉ်ပျံသန်းပြေးဆွဲချိန်ထက် များစွာပိုလွန်နေသည်။
ယင်းတွေ့ရှိချက်ကြောင့် Jeju Air သည် ခရီးသည်များ၏ ဘေးကင်းလုံခြုံရေးထက် အကျိုးအမြတ်ရရေးကို ဦးစားပေးနေသလားဟု ပြည်သူများက စိုးရိမ်လာကြသည်။ ကုမ္ပဏီခွဲငါးခုအနက် Jeju Air က ၂၀၂၃ ခုနှစ်တွင် အမြတ်အစွန်းအရှာပေးဆုံးဖြစ်သည်။
လေယာဉ်ကိစ္စဖြစ်ပြီး ၁၁ နာရီကြာတော့မှ Aekyung Group ၏ဥက္ကဋ္ဌ ချန်ယောင်ရှင် က တောင်းပန်ချက်ထုတ်ခဲ့ခြင်းသည် ပြဿနာကိုပိုကြီးစေခဲ့သည်။ ထို့ပြင်ထုတ်ပြန်ချက်ကလည်း အပူမီးတောက်လောင်နေသည့်လူထုကို တိုက်ရိုက်ပြောခြင်းမဟုတ်ဘဲ သတင်းထောက်များကိုသာ အသိပေးခဲ့သည့် ထုတ်ပြန်ချက်ဖြစ်နေခဲ့သည်။
Aekyung Industrial သည် ၎င်းတို့ထုတ်သည့် စိုထိုင်းမှုထိန်းစက်များကြောင့် အမှုဖြစ်ထားသည်။ ထိုအချက်က ယခုသပိတ်မှောက်ခိုင်းသည့်အကြောင်းရင်းများထဲ တစ်ခုဖြစ်သည်။ ၂၀၀၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း အဆိုပါစိုထိုင်းမှုထိန်းစက်များကို အသုံးပြုသူ ၉၈ ဦးတွင် အဆုတ်နှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာ ထိခိုက်မှုများဖြစ်ခဲ့ပြီး ၁၂ ဦးသေခဲ့သည်ဆိုသည့် စွပ်စွဲချက်များကြောင့် အမှုရင်ဆိုင်လိုက်ရသည်။ ထိုအမှုတွင် တောင်ကိုရီးယားတရားရုံးချုပ်က လူထိခိုက်သေဆုံးမှုများသည် စိုထိုင်းမှုထိန်းစက်တစ်ခုတည်းကြောင့် ဟုတ်မဟုတ် မသေချာဟု စီရင်ချက်ချကာ၊ အမှုကိုဆိုးလ်တရားရုံးသို့ ပြန်လွှဲပေးထားသည်။
Ref: The Korea Times
Getty Images
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်