Top News

မြေမြှုပ်မိုင်းများကြောင့် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်လာသည့် မြန်မာ
24htopnews | January 2, 2025 8:12 PM CST

(၁)

 

၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း မြေမြှုပ်မိုင်းများကြောင့် မြန်မာနိုင်ငံတွင် ထိခိုက်သေဆုံးသူ အများဆုံးဖြစ်ခဲ့ကြောင်း မြေမြှုပ်မိုင်းနှင့် ကလပ်စတာဗုံး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါအချက်အလက်သည် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အများဆုံး နေရာတွင် သုံးနှစ်ဆက် ရပ်တည်ခဲ့သည့် ဆီးရီးယားနိုင်ငံကို မြန်မာနိုင်ငံက ကျော်လွန်၍ ထိပ်ဆုံးသို့ ရောက်လာခြင်းလည်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က မြေမြှုပ်မိုင်းများနှင့် အခြားပေါက်ကွဲစေတတ်သည့် ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူ ၅၇၀၀ ကျော်ရှိခဲ့ရာတွင် မြန်မာနိုင်ငံမှ ထိခိုက်သေဆုံးသူ ၁၀၀၀ ကျော်အထိ ရှိခဲ့ကြောင်း ယင်းအဖွဲ့က ဆိုသည်။

ပြီးခဲ့သည့်နှစ်က နိုင်ငံပေါင်း ၅၃ နိုင်ငံ တွင် မြေမြှုပ်မိုင်းများနှင့်ဖောက်ခွဲရေးပစ္စည်း များကြောင့် လူပေါင်း ၁၉၈၈ ဦး သေဆုံးခဲ့ပြီး ၃၆၆၃ ဦး ဒဏ်ရာရရှိကာ ထိုအရေအတွက် သည် ၂၀၂၂ ခုနှစ်ကထက် ထိခိုက်သေဆုံးသူ ၁၀၀၀ ခန့် ပိုမိုမြင့်တက်ခဲ့ခြင်းလည်း ဖြစ် သည်။

ထိခိုက်သေဆုံးသူစုစုပေါင်း၏ ၈၄ ရာခိုင်နှုန်းမှာ အရပ်သားများဖြစ်ပြီး ၃၇ ရာ ခိုင်နှုန်းမှာ ကလေးသူငယ်များဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

မြေမြှုပ်မိုင်းများနှင့် ဆက်နွှယ်သည့် ထိခိုက်၊ သေဆုံးသူအားလုံးကို မှတ်တမ်းတင် နိုင်ခဲ့ခြင်းမရှိသဖြင့် အမှန်တကယ် ထိခိုက် သေဆုံးသူအရေအတွက်သည် ပိုမိုများပြား နိုင်ကြောင်း မြေမြှုပ်မိုင်းနှင့် ကလပ်စတာဗုံး လေ့လာစောင့်ကြည်ရေးအဖွဲ့က ပြောကြား သည်။

 

(၂)

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး နောက်ဆက်တွဲအကျိုးဆက်အဖြစ် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် လက်နက် ကိုင်ပဋိပက္ခများ ယခင်ကထက် ပိုမိုကျယ်ပြန့် စွာ ဖြစ်ပွားလာသည်။

လက်ရှိတွင် ရှမ်းပြည်နယ်၊ ရခိုင်ပြည် နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး မြောက်ဘက်ခြမ်း၊ ပဲခူးတိုင်းဒေသ ကြီး အရှေ့ဘက်ခြမ်း၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်း ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် လက်နက် ကိုင်ပဋိပက္ခများ အပြင်းအထန်ဖြစ်ပွားနေ သည်။

တစ်နိုင်ငံလုံးတွင် လက်နက်ကိုင်ပဋိပက္ခ ကျယ်ပြန့်လာမှုနှင့်အတူ ကျွဲကူးရေပါဆိုသလို မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ် လက်နက်ပစ္စည်းများကြောင့် အရပ်သား ပြည်သူများအနေဖြင့် အသက်ဆုံးရှုံးခြင်း၊ ကိုယ်လက်အင်္ဂါဆုံးရှုံးခြင်းနှင့် အခြားသော ထိခိုက်ဒဏ်ရာရရှိခြင်းများကို နေ့စဉ်နှင့်အမျှ ကြုံတွေ့ခံစား နေရသည်။

ယခင်က လက်နက်ကိုင်ပဋိပက္ခ မရှိ သည့် တိုင်းနှင့် ပြည်နယ်များတွင်ပါ လက်နက် ကိုင်ပဋိပက္ခများ ပြင်းထန်လာသဖြင့် မြေမြှုပ် မိုင်းအန္တရာယ်မှာလည်း စိုးရိမ်ရသည့်အခြေ အနေသို့ ရောက်ရှိလာသည်။

လက်နက်ကိုင်ပဋိပက္ခအတွင်း အဓိက ဇာတ်ဆောင်များဖြစ်ကြသည့် လက်နက်ကိုင် အဖွဲ့အသီးသီးက မြေမြှုပ်မိုင်းမျိုးစုံ အသုံး ပြုလျက်ရှိကြသည်။

စစ်ကြောင်းများ စခန်းချသည့်နေရာ လုံခြုံရေး၊ ရန်သူလာနိုင်သည့်လမ်း၌ ရန်သူ စစ်ကြောင်း နှောင့်နှေးထိခိုက်စေရေးနှင့် စစ် ကြောင်းများ ဆုတ်ခွာရသည့်နေရာတွင် ဝင် ရောက်နေရာယူမည့် ရန်သူတပ်များ ထိခိုက် စေရေး စသည့်ရည်ရွယ်ချက်များဖြင့် မြေမြှုပ် မိုင်းကို လက်နက်ကိုင်အဖွဲ့အသီးသီးက အ သုံးပြုနေကြခြင်းလည်းဖြစ်သည်။

မြေမြှုပ်မိုင်းအန္တရာယ် မြင့်မားလာမှုနှင့် အတူ မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ပေါက် ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများ ကြောင့် ထိခိုက်သေဆုံးပြီး သားကောင် ဖြစ်ခဲ့ ရသည့် အရပ်သားအရေအတွက်မှာ နှစ်စဉ် ရာဂဏန်းရှိရာမှ ၂၀၂၃ ခုနှစ်တွင် ထောင် ဂဏန်းကျော် ရှိလာသည်။

 

ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေး သူငယ်များအရေးပေါ်ရန်ပုံငွေအဖွဲ့ (Unicef) ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၌  ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် စက်တင် ဘာလအထိ မြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်စဉ် ကြောင့် ထိခိုက်သေဆုံးသူ ၂၆၁၅ ဦး ရှိခဲ့ သည်။

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ လမှ စက်တင်ဘာလအထိ ကိုးလအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ် လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံး သူ ၈၈၉ ဦး ရှိနေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ် ပထမကိုး လပတ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေ တတ်သော စစ်လက်နက်ပစ္စည်းများပေါက်ကွဲမှုဖြစ်စဉ် ၅၃၇ ခု ဖြစ်ခဲ့ပြီး ဒဏ်ရာရရှိသူ ၇၅၉ ဦးနှင့် သေဆုံးသူ ၁၃၀ ရှိခဲ့ကြောင်း ကု လသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ခဲ့သည်။

အဆိုပါကိန်းဂဏန်းသည် ၂၀၂၃ ခုနှစ် က မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများ ပေါက်ကွဲမှုကြောင့် ထိခိုက်ခံစားရသူ အရေအတွက် စုစုပေါင်း၏ ၈၅ ရာခိုင်နှုန်း ရှိနေပြီဖြစ်ကြောင်း UNICEF က ထောက်ပြသည်။

မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေ ဆုံးခဲ့သည့် ၈၈၉ ဦးထဲတွင် ကလေးသူငယ် ၂၄၅ ဦး ပါဝင်ကြောင်း  UNICEF က ဆိုသည်။

၂၀၂၄ ခုနှစ် ပထမကိုးလတာကာလ အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ် သော စစ်ကျန်လက်နက်ပစ္စည်းများကြောင့် ရှမ်းပြည်နယ်တွင် အရပ်သား ၂၂ ဦး သေဆုံး ပြီး ၁၉၉ ဦး ဒဏ်ရာရရှိခဲ့သည့်အတွက် ထိ ခိုက်သေဆုံးသူ စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်း ရှိခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း အရပ်သား ၂၇ ဦး သေဆုံးပြီး ၁၂၆ ဦး ဒဏ် ရာရရှိသဖြင့် ထိခိုက်သေဆုံးသူ စုစုပေါင်း၏ ၁၇ ရာခိုင်နှုန်း ရှိခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင်လည်း အရပ် သား ၂၂ ဦး သေဆုံးပြီး ၈၉ ဦး ဒဏ်ရာရရှိခဲ့ သဖြင့် ထိခိုက်သေဆုံးသူ စုစုပေါင်း၏ ၁၂ ရာခိုင်နှုန်းရှိခဲ့ကြောင်း  UNICEF က ထုတ် ပြန်သည်။

ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည် နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ နေပြည်တော်၊ တနင်္သာရီတိုင်းနှင့် ရန်ကုန် တိုင်းတို့တွင်လည်း ၂၀၂၄ ခုနှစ် ပထမကိုးလ တာကာလအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲ စေတတ်သော စစ်ကျန်လက်နက်ပစ္စည်းများ ကြောင့် ထိခိုက်သေဆုံးသူ ၄၀၄ ဦးရှိခဲ့သည်။

ထို့ပြင် နိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်း များ ပေါက်ကွဲမှုများ ကြောင့် ထိခိုက်ခံစားရသူအရေအတွက် စုစု ပေါင်း၏ ၂၈ ရာခိုင်နှုန်းသည် ကလေးသူငယ် များ ဖြစ်ကြောင်း  UNICEF ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

 

(၃)

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေ ဆုံးသူ ၁၀၅၂ ဦး ရှိကြောင်း ကုလသမဂ္ဂအ ပြည်ပြည်ဆိုင်ရာကလေးသူငယ်များ အရေး ပေါ်ရန်ပုံငွေအဖွဲ့  UNICEF က ထုတ်ပြန်ခဲ့ သည်။

၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ် လက်နက်ပစ္စည်း များကြောင့် ထိခိုက်သေဆုံးသူ ၁၀၅၂ ဦးဆို သည့် အရေအတွက်သည် ၂၀၂၂ ခုနှစ်နှင့် ယှဉ်လျှင် ထိခိုက်သေဆုံးသူအရေအတွက် သုံးဆနီးပါး မြင့်တက်လာခြင်းလည်း ဖြစ် သည်။

၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်း များကြောင့် ထိခိုက်သေဆုံးသူ အရေအတွက် သည် ၃၉၀ သာရှိမှ ၂၀၂၃ ခုနှစ်တွင် ၁၀၅၂ ဦး အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရ သည်။

၂၀၂၂ ခုနှစ်အတွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်း များ ပေါက်ကွဲမှုဖြစ်စဉ် ၂၂၉ ခုသာရှိသော် လည်း ၂၀၂၃ ခုနှစ်တွင် ၅၉၉ ခုအထိ မြင့် တက်လာသောကြောင့် သုံးဆနီးပါး မြင့်တက် လာခဲ့သည်။

          ထို့ပြင် ၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ် မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက် ပစ္စည်းများကြောင့် သေဆုံးသူ ၁၀၂ ဦး သေ ဆုံးကာ ၂၈၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂၀၂၃ ခုနှစ် တွင် သေဆုံးသူ ၁၈၈ ဦးအထိ ရှိလာကာ ၈၆၄ ဦးအထိ ဒဏ်ရာရရှိခဲ့သည့်အတွက် သေဆုံးသူအရေအတွက်နှင့် ဒဏ်ရာရရှိသူ အရေအတွက်လည်း မြင့်တက်လာသည်ကို တွေ့ရသည်။

          ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်ကို ယှဉ် ကြည့်လျှင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ် သော စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက် သေဆုံးသူအရေအတွက် သိသိသာသာမြင့် တက်ခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။

          ၂၀၂၁ ခုနှစ်တွင် မြေမြှုပ်မိုင်းနှင့် ပေါက် ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများ ပေါက်ကွဲမှုဖြစ်စဉ် ၁၆၉ ခုသာရှိပြီး ၂၀၂၂ ခုနှစ်တွင် ပေါက်ကွဲမှုဖြစ်စဉ် ၂၂၉ ခုသာရှိ သည့်အတွက် ကွာဟမှုမှာ ကြီးကြီးမားမား မရှိခဲ့ပေ။

          ထို့အတူ ၂၀၂၁ ခုနှစ်တွင် မြေမြှုပ်မိုင်း နှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက် ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ အရေ အတွက် ၂၈၄ ဦးရှိပြီး ၂၀၂၂ ခုနှစ်တွင် ထိခိုက်သေဆုံးသူအရေအတွက် ၃၉၀ သာ ရှိသည့်အတွက် အနည်းငယ်သာမြင့်တက် သည်ဟု ဆိုနိုင်သည်။

          သို့သော် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေ တတ်သော စစ်လက်နက်ပစ္စည်းများကြောင့် ၂၀၂၁ ခုနှစ်အတွင်း ထိခိုက်သေဆုံးသူ အရေ အတွက်နှင့် ယှဉ်လျှင်လည်း ၂၀၂၃ ခုနှစ် တွင် လေးဆခန့်မြင့်တက်လာသည်ကို တွေ့ ရသည်။

          ၂၀၂၁ ခုနှစ်တွင် မြေမြှုပ်မိုင်းနှင့် ပေါက် ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများ ကြောင့် ထိခိုက် သေဆုံးသူ အရေအတွက်မှာ ၂၈၄ ဦးသာရှိသော်လည်း ၂၀၂၃ ခုနှစ်တွင် ထိခိုက်သေဆုံးသူအရေအတွက်မှာ ၁၀၅၂ ဦးရှိသည့်အတွက် လေးဆနီးပါး မြင့်တက် လာခြင်းလည်း ဖြစ်သည်။

          မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေ တတ်သော စစ်လက်နက်ပစ္စည်းများ ပေါက်ကွဲများဖြစ် စဉ်များကို ကြည့်မည်ဆိုလျှင်လည်း ၂၀၂၁ ခုနှစ်တွင် ပေါက်ကွဲမှုဖြစ်စဉ် ၁၆၉ ခုသာရှိရာ မှ ၂၀၂၃ ခုနှစ်တွင် ပေါက်ကွဲမှုဖြစ်စဉ် ၅၉၉ ခု အထိရှိလာသည့်အတွက် သုံးဆကျော် မြင့် တက်လာသည်ကို တွေ့ရသည်။

          မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများအတွင်း အဖွဲ့အ စည်းအသီးသီးမှ မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ် သောလက်နက်များ အသုံးပြုမှုကြောင့် ကလေး များအပါအဝင် အရပ်သားသေဆုံးမှုမှာ စိုး ရိမ်ဖွယ်တိုးလာနေကြောင်း UNICEF က သတိပေးထားသည်။

          လက်ရှိတွင် နေပြည်တော် ကောင်စီနယ် မြေမှအပ တိုင်းနှင့် ပြည် နယ်အားလုံးနီးပါး၌ မြေမြှုပ်မိုင်းအန္တရာယ်ရှိနေပြီး မြန်မာနိုင်ငံ သည် မြေမြှုပ်မိုင်းနှင့် ဖောက်ခွဲရေးပစ္စည်း အန္တရာယ်အကြီးမားဆုံးနိုင်ငံတွင် ပါဝင်နေ သည်ဟု UNICEF က ဆိုသည်။

          မိုင်းအန္တရာယ်အကြီးမားဆုံးခံစားရ သည့် ဒေသမှာ စစ်ကိုင်းတိုင်း ဖြစ်ပြီး ရှမ်းပြည် နယ်၊ ပဲခူးတိုင်းအပါအဝင် ကျန်တိုင်းနှင့်ပြည် နယ်များတွင်လည်း အန္တရာယ်ရှိကြောင်း သတိ ပေးထားသည်။

          တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် နေရပ်စွန့်ခွာသူဦးရေ အများဆုံးရှိသည့် စစ် ကိုင်းတိုင်းဒေသကြီးတွင် ထိခိုက်သေဆုံးမှု အများဆုံး ၃၅ ရာခိုင်နှုန်း ဖြစ်ပြီး ရှမ်းပြည်နယ် တွင် ၁၂ ရာခိုင်နှုန်းနှင့် ပဲခူးတိုင်းဒေသကြီးတွင် ကိုးရာခိုင်နှုန်းရှိကြောင်း UNICEF က ထုတ် ပြန်ထားသည်။

          ထို့ပြင် ဧရာဝတီ၊ ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊  တနင်္သာရီနှင့် ရန်ကုန် အပါအဝင် ကျန်ဒေသများတွင် ထိခိုက် ခံစားရသူအရေအတွက် စုစုပေါင်း၏ ၄၃ ရာ ခိုင်နှုန်းရှိကြောင်း UNICEF က ထုတ်ပြန် ထားသည်။

          ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်ကို နှိုင်းယှဉ် လျှင် ရှမ်းပြည်နယ်တွင် ထိခိုက်သေဆုံးမှု လျော့နည်းလာပြီး စစ်ကိုင်းတိုင်းဒေသကြီး တွင် ထိခိုက်သေဆုံးမှု မြင့်တက်လာသည်ကို တွေ့ရသည်။

          ၂၀၂၂ ခုနှစ်အတွင်း ရှမ်းပြည်နယ်တွင် ထိခိုက်ခံစားရသူအရေအတွက် စုစုပေါင်း ၏ ၃၂ ရာခိုင်နှုန်း ရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသ ကြီးတွင် ၁၇ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် ၁၀ ရာခိုင်နှုန်း၊  ကချင်ပြည် နယ်တွင် ကိုးရာခိုင်နှုန်း၊ ကရင်ပြည်နယ်တွင် ခြောက်ရာခိုင်နှုန်းနှင့် ကယားပြည်နယ်တွင် ငါးရာခိုင်နှုန်း အသီးသီးရှိခဲ့ကြောင်း သိရ သည်။

အခြားဒေသများဖြစ်သည့် ပဲခူးတိုင်းဒေ သကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေ သကြီးတို့တွင် ထိခိုက်ခံစားရသူအရေအ တွက် စုစုပေါင်း၏ ၁၁ ရာခိုင်နှုန်းရှိကြောင်း UNICEF က ထုတ်ပြန်ထားသည်။

 

(၄)

 

UNICEF ၏ အစီရင်ခံစာအရ နိုင်ငံ တစ်ဝန်းတွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေ ဆုံးခဲ့သည့် ကလေးသူငယ်အရေအတွက် မှာလည်း ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဇန်နဝါ ရီမှ စက်တင်ဘာလအထိ ၆၈၁ ဦးအထိ ရှိခဲ့သည်။

၂၀၂၁ ခုနှစ်တွင် နိုင်ငံတစ်ဝန်းတွင် မြေမြှုပ်မိုင်းကြောင့် ကလေးသူငယ် ၁၉ ဦး သေဆုံးပြီး ၅၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ကလေးသူငယ် ၃၅ ဦး သေဆုံးပြီး ၁၃၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ကလေးသူ ငယ် ၅၉ ဦး သေဆုံးပြီး ၁၆၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ ကလေးသူငယ် ၄၇ ဦး သေဆုံးပြီး ၁၉၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း UNICEF က ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ်တွင် နိုင်ငံတစ်ဝန်း မြေမြှုပ် မိုင်းကြောင့် ထိခိုက်သေဆုံးခဲ့သည့် အရပ်သား ၂၈၄ ဦးထဲ၌ ကလေးသူငယ် ၁၃၃ ဦးရှိသည့် အတွက် ၂၇ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၂ ခုနှစ် တွင် နိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းကြောင့် ထိ ခိုက်သေဆုံးခဲ့သည့် အရပ်သား ၃၉၀ ထဲ၌ ကလေးသူငယ် ၇၇ ဦး ရှိ သည့်အတွက် ၃၄ ရာ ခိုင်နှုန်း ရှိခဲ့သည်။

၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းတွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးခဲ့သည့် အရပ်သား ၁၀၅၂ ဦးထဲတွင် ကလေးသူငယ် ၂၂၆ ဦး ရှိသည့်အတွက် လေးပုံတစ်ပုံ (၂၁ ရာခိုင်နှုန်းနီးပါး) ရှိကြောင်း ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလ အထိ နိုင်ငံတစ်ဝန်းတွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးခဲ့သည့် အရပ်သား ၈၈၉ ဦးထဲ တွင် ကလေးသူငယ် ၂၄၅ ဦး ရှိသည့်အတွက် ၂၈ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။

UNICEF ၏ အစီရင်ခံစာအရ နိုင်ငံ တစ်ဝန်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံး ခဲ့သည့် ကလေးသူငယ်ဦးရေ တစ်နှစ်ထက် တစ်နှစ် မြင့် တက်လာသည်ကို တွေ့ရှိရသည်။

 

(၅)

မြန်မာ၊ ရုရှား၊ အီရန်နှင့် မြောက်ကိုရီး ယားတို့သည် မြေမြှုပ်မိုင်းအသစ်များ မြှုပ်နေ ကြောင်း စွပ်စွဲခံခဲ့ရပြီး ထိုနိုင်ငံများသည် မြေ မြှုပ်မိုင်းများ ထုတ်လုပ်၊ သိုလှောင်၊ အသုံးပြု မှုကို တားမြစ်ထားသည့် နိုင်ငံတကာသဘော တူညီချက်ဖြစ်သည့် အော့တဝါစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိပေ။

ထိုစာချုပ်တွင် ၁၉၉၉ ခုနှစ်ကတည်းက မြေမြှုပ်မိုင်းကို တားမြစ်ခဲ့ပြီး နိုင်ငံပေါင်း ၁၆၄ နိုင်ငံ ပါဝင်လက်မှတ်ရေးထိုးထားသော်လည်း အမေရိကန်၊ အစ္စရေးနှင့် ရုရှားတို့အပါအဝင် အင်အားကြီးနိုင်ငံများ ပါဝင်ခဲ့ခြင်းမရှိပေ။

ဂါဇာ၊ ကိုလံဘီယာ၊ အိန္ဒိယ၊ မြန်မာနှင့် အာဖရိက၏ ဆာဟယ်ဒေသများကဲ့သို့ ပဋိပက္ခ များအတွင်း လက်နက်ကိုင်အဖွဲ့များအပါအဝင် Non States actor များကြောင့် မြေမြှုပ်မိုင်းအသုံးပြုမှုများတွင် အရှုပ်အထွေးပြဿနာ များ ဖြစ်ပွားစေခဲ့ကြောင်း မြေမြှုပ်မိုင်းနှင့် ကလပ်စတာဗုံး လေ့လာစောင့်ကြည်ရေး  အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ သည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းအန္တ ရာယ်ကြောင့် တစ်နှစ်ထက်တစ်နှစ် အရပ် သား ထိခိုက်သေဆုံးမှု မြင့်တက်လာ သည့်အတွက် လက်နက်ကိုင်ပဋိပက္ခ အတွင်း ပါဝင်ပတ်သက်နေသည့် အစု အဖွဲ့များ အနေဖြင့် လက်နက်ကိုင် အသုံး ပြုမှုများကို ရပ်တန့်ရန်နှင့် အထူးသဖြင့် အရပ်သားပြည်သူများ နေထိုင်သော နေရာများတွင် မလုပ်ကြရန် ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေး ရုံး (UNOCHA) က ပန်ကြားထားသည်။

သို့သော် နိုင်ငံတကာအဖွဲ့အစည်း များ၏ စစ်တမ်းများအရ မြန်မာနိုင်ငံ တွင် တစ်နှစ်ထက်တစ်နှစ် မြေမြှုပ်မိုင်း အန္တရာယ် ပိုမိုကြီးထွားလာခြင်းသည် ငြင်းမရသည့် အချက်တစ်ချက်လည်း ဖြစ်သည်။

လက်ရှိတွင် နိုင်ငံတစ်ဝန်း၌ လက် နက်ကိုင်ပဋိပက္ခများက ပိုမိုကျယ်ပြန့် နေသည့် အတွက် ၂၀၂၄ ခု နှစ်တွင် လည်း မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်စဉ် ကြောင့် အရပ်သားထိခိုက် သေဆုံးမှု နှုန်း ပိုမိုမြင့်တက်လာဖွယ်ရှိနေကြောင်း စစ်ရေးအကဲခတ်များက သုံးသပ် လျက်ရှိကြသည်။

 


READ NEXT
Cancel OK