
ပါမောက္ခချုပ်ဆရာတော်ကြီးက ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ၏ မြန်မာစာ တွဲဖက်ပါမောက္ခဟောင်း ဆရာမကြီး ဒေါ်မာလေး ကွယ်လွန်ခြင်းနှင့် ပတ်သက်ပြီး သံဝေဂနှင့် သြဝါဒ ပေးပို့ခဲ့ကြောင်း သိရသည်။
" သံဝေဂဆိုတာ လောကရဲ့သဘာဝအပေါ် ကြောက်ရွံ့ခြင်း(ဩတ္တပ္ပ) ကြောက်စရာအဖြစ်ရှုမြင်ခြင်း ( ဉာဏ) တို့ကိုခေါ်တာပါ။ အသက်(၉၁)နှစ် မြန်မာစာဆရာမကြီး ဒေါ်မာလေး ( တက္ကသိုလ် ဝင့်မာ) မြန်မာစာ AP ဌာနမှူး(ငြိမ်း) သုတဓမ္မဒီပလိုမာ(ဂုဏ်ထူး) ကွယ်လွန်ကြောင်းသိရသဖြင့် သံဝေဂဖြစ်ရပါသည်။ဆရာမကြီးသည် သုဂတိဘုံရောက်၍ ပါရမီ ကုသိုလ်ကိုဆက်လက် ဆည်းပူးနိုင်ပါစေ" ဟု ပါမောက္ခချုပ် ဆရာတော်ကြီး အရှင်နန္ဒမာလာဘိဝံသက မိန့်ကြားသည်။
မြန်မာ့ဆွေမျိုးစပ်ဝေါဟာရများစာအုပ် ပြုစုခဲ့ပြီး ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ၏မြန်မာစာတွဲဖက် ပါမောက္ခဟောင်း ဆရာမကြီးဒေါ်မာလေးမှာ ဒီဇင်ဘာ ၃၁ ရက် ညနေ ၆ နာရီ ၄၉ မိနစ်တွင် ရန်ကုန်မြို့ ဝိတိုရိယဆေးရုံ၌ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၁ နှစ်ရှိပြီဖြစ်သည်။
၁၉၃၄ ခုနှစ်တွင် မွေးဖွားခဲ့သည့် ဆရာမကြီး ဒေါ်မာလေးမှာ ရန်ကုန်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် မြန်မာစာဌာနတွင် တွဲဖက်ပါမောက္ခအဖြစ် ၁၉၈၉ မှ ၁၉၉၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
ဆရာမကြီးမှာ တီတီစီ ဝေဦး၊ ယုဝတီ ကလောင်ရှင် ဝင့်မာ၊ တက္ကသိုလ်ဝင့်မာ စသည့် အမည်တို့ဖြင့် စာပေများရေးသားခဲ့ပြီး ပါမောက္ခဦးဖိုးကျော်မြင့် (မြန်မာစာဂုဏ်ကျော်မြင့်) ၏ ဇနီးလည်း ဖြစ်သည်။
၎င်းရေးသားခဲ့သည့် စာပေများအနက် မြန်မာလူမျိုး တို့၏ အမိ၊ အဘ၊ ညီအကို အစရှိသည့် အသုံးအနှုံးများကို ပုဂံခေတ်မှ စတင်ပြီး ယနေ့ခေတ်အထိ ဆင်းသက်လာပုံများကို ရေးသားပြုစုထားသည့် မြန်မာ့ဆွေမျိုးစပ် ဝေါဟာရများ စာအုပ်မှာ ထင်ရှားသည်။
ဆရာမကြီး ဒေါ်မာလေး၏ ရုပ်ကလာပ်ကို ဇန်နဝါရီ ၂ ရက်၊ နေ့လယ် နာရီတွင်၂ ရေဝေးသုဿန်၌ မီးသဂြိုဟ်မည်ဖြစ်ပြီး ရက်လည်ဆွမ်းသွပ် တရားတော်ကို ဇန်နဝါရီ ၆ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်