Top News

တိုက်ပွဲများကြောင့် သုံးနှစ်ကျော်အတွင်း စစ်ဘေးရှောင်ဦးရေ  ငါးဆကျော်မြင့်တက်လာသည့် မြန်မာ
24htopnews | January 2, 2025 11:12 PM CST

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းတွင် လက်နက်ကိုင်ပဋိပက္ခများ ကျယ်ပြန့်လာခဲ့ သည်။

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီး နောက်ဆက်တွဲအကျိုးဆက်အဖြစ် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် လက်နက်ကိုင်ပဋိပက္ခများ ယခင်ကထက် ပိုမိုကျယ်ပြန့်လာခြင်းလည်းဖြစ်သည်။

ယခင်က တိုက်ပွဲများ မဖြစ်ဖူးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ပါ တိုက်ပွဲများ ဖြစ်ပွားလာမှုကြောင့် စစ်ဘေးရှောင်ဦးရေမှာလည်း တစ်နှစ်ထက်တစ်နှစ် ပို၍မြင့်တက်လာသည်။

လက်ရှိတွင် ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး မြောက်ဘက်ခြမ်း၊ ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် လက်နက်ကိုင် ပဋိပက္ခများ အပြင်းအထန်ဖြစ်ပွားနေသည်။

ထိုသို့ လက်နက်ကိုင်ပဋိပက္ခများ ပြင်း ထန်လာမှုကြောင့် မြန်မာနိုင်ငံတွင် ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၃ ဒသမ ၅ သန်းခန့်ရှိနိုင်ကြောင်း ကုလသမဂ္ဂက ခန့်မှန်း ထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော် ၀ါရီလ နိုင်ငံရေးအပြောင်းအလဲ မဖြစ်မီက စစ်ဘေးရှောင်ဦးရေ ခြောက်သိန်းခွဲခန့်သာ ရှိခဲ့သော်လည်း သုံးနှစ်ကျော်ကာလအတွင်း စစ်ဘေးရှောင်ဦးရေ ၃ ဒသမ ၅ သန်းအထိ တိုးမြင့်လာခဲ့သည်။

ထိုအရေအတွက်သည် နိုင်ငံရေးအ ပြောင်းအလဲဖြစ်ပြီး သုံးနှစ်ကျော်အတွင်း မြန်မာနိုင်ငံ၌  လက်နက်ကိုင်ပဋိပက္ခများ ကြောင့် စစ်ဘေးရှောင်ဦးရေ ငါးဆကျော် မြင့်တက်လာခြင်းလည်းဖြစ်သည်။ 

လာမည့် ၂၀၂၅ ခုနှစ်တွင်လည်း မြန် မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ ကြောင့် စစ်ဘေးရှောင်ဦးရေ ၄ ဒသမ ၅ သန်း အထိ ရှိလာနိုင်ကြောင်း ကုလသမဂ္ဂက ခန့် မှန်းထားသည်။

လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန် မာနိုင်ငံကို ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် တစ်ကမ္ဘာလုံး၌ ပဋိပက္ခဖြစ်ပွားမှု ဒုတိယ အများဆုံးနိုင်ငံအဖြစ် သတ်မှတ်ထားပြီး ယင်းသည် အရပ်သားများအတွက် စတုတ္ထအန္တရာယ်အရှိဆုံးနိုင်ငံဖြစ်ကာ လူဦးရေ၏ ၄၃ ရာခိုင်နှုန်းသည် ပဋိပက္ခနှင့် ကြုံတွေ့နေရ ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင် ရာ ညှိနှိုင်း‌ရေးရုံး (UNOCHA) က ဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နိုင်ငံရေးအ ပြောင်းအလဲဖြစ်ပြီးနောက် မြန်မာ့တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အသီးသီးတို့ကြား ဖြစ်ပွားနေသည့် ပဋိပက္ခ သည် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုအ နက် ၁၂ ခုတွင် တိုက်ရိုက်သက်ရောက်မှု ရှိကြောင်း UNOCHA က ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ၁၀၂၇ စစ်ဆင်ရေး ဖြစ်ပေါ်လာပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တိုက်ပွဲများ ပြင်း ထန်လာမှုကြောင့် အရပ်သားများအနေဖြင့် အိုးအိမ်နှင့် အသက်မွေးဝမ်းကျောင်းပြုသည့် နေရာမှ ထွက်ပြေးရသည့် အရေအတွက်မှာ စံချိန်တင်မြင့်တက်ခဲ့ကြောင်း UNOCHA က ဆိုသည်။ 

မြန်မာနိုင်ငံတစ်ဝန်းရှိ လူဦးရေ ၃ ဒသမ ၅ သန်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်နေကြရပြီး သုံးပုံ တစ်ပုံခန့်မှာ ကလေးငယ်များဖြစ်သည်။

 တစ်နှစ်အတွင်း မြန်မာနိုင်ငံတွင် ပြည် တွင်း ရွှေ့ပြောင်းဒုက္ခသည်များ (IDP) ဦးရေ ၇၀ ရာခိုင်နှုန်းကျော် တိုးလာခဲ့ပြီး အများစုမှာ အကြိမ်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ ကြောင်း UNOCHA က ထုတ်ပြန်ခဲ့သည်။

ရွှေ့ပြောင်းဒုက္ခသည် အများအပြား သည် ယာယီအမိုးအကာများ၊ စခန်းများ သို့မ ဟုတ် တောတောင်များတွင် နေထိုင်နေကြရ ပြီး စားနပ်ရိက္ခာ၊ ရေသန့်၊ ကာကွယ်ရေးအကူ အညီနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆိုး ရွားစွာ ပြတ်တောက်မှုများနှင့် ရင်ဆိုင်နေ   ရကြောင်း UNOCHA က ဆိုသည်။  

နိုင်ငံအတွင်း နေရပ်စွန့်ခွာသွားသူများ အပြင် မြန်မာနိုင်ငံမှ လူဦးရေ ၁ ဒသမ ၃ သန်း ကျော်သည် အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံရန် ကြိုးပမ်းနေကြပြီး ယင်းသည် ဒေသတွင်း အကျပ် အတည်းတစ်ခုအဖြစ် အရေးပေါ်သတိထားရန် လိုအပ်နေသည်ဟု UNOCHA က ထောက် ပြထားသည်။ 

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများသည် နယ်နိမိတ်ကျော်လွန်၍ ကြီးမား ကျယ်ပြန့်သော အကျိုးဆက်များ ရှိနေပြီး လူနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု နှင့် ရောဂါဘယများ ဖြစ်ပွားမှုတို့ကို ဖြစ်ပေါ် စေသဖြင့် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုများ ချက်ချင်းလိုအပ်နေကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အရပ်သားများအနေဖြင့် အကြမ်းဖက်မှုများ၊ သွားလာခွင့် ကန့်သတ်ချက်များ၊ ခြိမ်းခြောက်မှုများနှင့် မလုံခြုံမှုများကိုလည်း ကြုံတွေ့နေရကြောင်း UNOCHA က ဆိုသည်။

လက်နက်ကိုင်ပဋိပက္ခအတွင်း လေကြောင်း တိုက်ခိုက်မှုနှင့် ပစ်ခတ်မှုများ ပါဝင် သည့် တိုက်ပွဲများကြောင့် ကလေးသူငယ်များ အပါအဝင် အရပ်သားသေဆုံးမှုများလည်း မြင့်တက်လာခဲ့ကြောင်း UNOCHA က ထုတ် ပြန်သည်။

လက်နက်ကိုင်ပဋိပက္ခသည် ကလေးသူ ငယ်များ၏ အခွင့်အရေးအပေါ် ချိုးဖောက်မှု များ တိုးလာပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ ကလေး သူငယ်များအတွက် ဆိုးရွားသော အခြေအ နေများကို ဖန်တီးနေကြောင်း ကုလသမဂ္ဂက ပြောကြားထားသည်။

လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာ ခြင်း၏ အကျိုးဆက်အဖြစ် အရပ်သားများအ နေဖြင့် နာကျင်ဖွယ်ရာ အဖြစ်အပျက်များကို လည်း နေ့စဉ်ရင်ဆိုင်နေကြရသည်။

အရပ်သားများအနေဖြင့် မလုံခြုံမှု၊ စား နပ်ရိက္ခာမလုံလောက်မှု၊ အရေးပါသော ပြည် သူ့ဝန်ဆောင်မှု၊ စီးပွားရေး လှုပ်ခတ်မှုများနှင့် ငွေကြေးဖောင်းပွမှုများကြောင့် အသက်မွေး ဝမ်းကျောင်း ဆုံးရှုံးမှုများကိုလည်း ကြုံတွေ့ နေရသည်။

          ထို့ပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နိုင် ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် လက်နက် ကိုင်ပဋိပက္ခ၊ ဘေးအန္တရာယ်များ၊ စီးပွားရေး နှင့် နိုင်ငံရေးမတည်ငြိမ်မှုများသည် လူသား ချင်းစာနာထောက်ထားမှု လိုအပ်ချက်များကို မြင့်တက်လာစေရန် အဓိက တွန်းအားပေး လျက်ရှိသည်။

          တစ်နိုင်ငံလုံးတွင် လက်နက်ကိုင်ပဋိပက္ခ ကျယ်ပြန့်လာမှုနှင့်အတူ ကျွဲကူးရေပါဆိုသလို မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ် လက်နက်ပစ္စည်းများကြောင့် အရပ်သား ပြည် သူများအနေဖြင့် အသက်ဆုံးရှုံးခြင်း၊ ကိုယ် လက်အင်္ဂါဆုံးရှုံးခြင်းနှင့် အခြားသော ထိခိုက် ဒဏ်ရာရရှိခြင်းများကို နေ့စဉ်နှင့်အမျှ ကြုံ တွေ့ခံစားနေရသည်။

          ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း မြေ မြှုပ်မိုင်းများကြောင့် မြန်မာနိုင်ငံတွင် ထိခိုက် သေဆုံးသူ အများဆုံးဖြစ်ခဲ့ကြောင်း မြေမြှုပ် မိုင်းနှင့် ကလပ်စတာဗုံး လေ့လာစောင့်ကြည့် ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

          အဆိုပါအချက်အလက်သည် မြေမြှုပ် မိုင်းကြောင့် ထိခိုက်သေဆုံးသူ အများဆုံး နေရာတွင် သုံးနှစ်ဆက် ရပ်တည်ခဲ့သည့် ဆီး ရီးယားနိုင်ငံကို မြန်မာနိုင်ငံက ကျော်လွန်၍ ထိပ်ဆုံးသို့ ရောက်လာခြင်းလည်းဖြစ်သည်။

          ပြီးခဲ့သည့်နှစ်က မြေမြှုပ်မိုင်းများနှင့် အခြားပေါက်ကွဲစေတတ်သည့် ပစ္စည်းများ ကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူ ၅၇၀၀ ကျော်ရှိရာတွင် မြန်မာနိုင်ငံမှ ထိခိုက် သေဆုံးသူ ၁၀၀၀ ကျော်အထိ ရှိခဲ့ကြောင်း ယင်းအဖွဲ့က ဆိုသည်။

          ပြီးခဲ့သည့်နှစ်က နိုင်ငံပေါင်း ၅၃ နိုင်ငံ တွင် မြေမြှုပ်မိုင်းများနှင့်ဖောက်ခွဲရေးပစ္စည်း များကြောင့် လူပေါင်း ၁၉၈၈ ဦး သေဆုံးခဲ့ပြီး ၃၆၆၃ ဦး ဒဏ်ရာရရှိကာ ထိုအရေအတွက် သည် ၂၀၂၂ ခုနှစ်ကထက် ထိခိုက်သေဆုံးသူ ၁၀၀၀ ခန့် ပိုမိုမြင့်တက်ခဲ့ခြင်းလည်း ဖြစ် သည်။

          ထိခိုက်သေဆုံးသူစုစုပေါင်း၏ ၈၄ ရာ ခိုင်နှုန်းမှာ အရပ်သားများဖြစ်ပြီး ၃၇ ရာခိုင် နှုန်းမှာ ကလေးသူငယ်များဖြစ်ကြောင်း ယင်း အဖွဲ့က ထုတ်ပြန်ထားသည်။

          မြေမြှုပ်မိုင်းများနှင့် ဆက်နွှယ်သည့် ထိခိုက်၊ သေဆုံးသူအားလုံးကို မှတ်တမ်းတင် နိုင်ခဲ့ခြင်းမရှိသဖြင့် အမှန်တကယ် ထိခိုက် သေဆုံးသူအရေအတွက်သည် ပိုမိုများပြား နိုင်ကြောင်း မြေမြှုပ်မိုင်းနှင့် ကလပ်စတာဗုံး လေ့လာစောင့်ကြည်ရေးအဖွဲ့က ပြောကြား သည်။

          ထို့ပြင် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်း အလဲဖြစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လူ သားချင်းဆိုင်ရာ အကူအညီလိုအပ်သူ နှစ်စဉ် တိုးမြင့်လျက်ရှိပြီး ၂၀၂၁ ခုနှစ်တွင် ၂ ဒသမ ၁ သန်းရှိရာမှ ၂၀၂၅ ခုနှစ်တွင် လူဦးရေ သန်း ၂၀ နီးပါးအထိ ရောက်ရှိလာမည်ဖြစ်ကြောင်း UNOCHA က ခန့်မှန်းထားသည်။

          ၂၀၂၅ ခုနှစ် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့်တုံ့ပြန်မှုအစီအစဉ် (HNRP) ကို ထုတ်ပြန်ရာတွင် လူဦးရေ ၁၉ ဒသမ ၉ သန်းသည် နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီလိုအပ်နေပြီဖြစ်ကြောင်း ခန့်မှန်းရပြီး လူဦးရေ၏ သုံးပုံတစ်ပုံကျော်အထိ ရှိလာ သည်။ ထိုအထဲတွင် ကလေး ၆ ဒသမ ၃ သန်း နှင့် အမျိုးသမီး ၇ ဒသမ ၁ သန်း ပါဝင်သည်။ 

          ထို့ပြင် ကျယ်ပြန့်သော ပဋိပက္ခများ၊ ရာသီဥတု ဘေးအန္တရာယ်များနှင့် စီးပွားရေး အကျပ်အတည်းများကြောင့် လူပေါင်း ၁၅ ဒသမ ၂ သန်းသည် စားနပ်ရိက္ခာ မလုံလောက် မှုနှင့် ကြုံတွေ့နေရကြောင်း ့UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

          ပညာရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှု များတွင်လည်း ပြင်းထန်စွာ အနှောင့်အယှက် ဖြစ်နေကြောင်း ကုလသမဂ္ဂက ဆိုသည်။

          မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီလို အပ်သူ သန်း ၂၀ နီးပါးရှိနေပြီး ဒေါ်လာတစ် ဘီလျံကျော် လိုအပ်မည်ဖြစ်ကြောင်း ကုလသ မဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA) က ထုတ်ပြန်ထားသည်။

          ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အကူ အညီလိုအပ်သူဦးရေ သန်း ၂၀ နီးပါးရှိသော် လည်း မြန်မာ့လူသားချင်း စာနာမှုဆိုင်ရာ လိုအပ် ချက်များနှင့် တုံ့ပြန်ရေးအစီအစဉ် (HNRP) အနေဖြင့် အကျပ်အတည်းကြားက ကြိုးစား ရှင်သန်နေရသူ ၅ ဒသမ ၅သန်းအား လူမှုဘဝ ရှင်သန်ရေး အကူအညီများပေးအပ်နိုင်ရန် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံကိုအဆိုပြု တောင်း ဆိုထားကြောင်း သိရသည်။

          ရရှိသည့် အလှူငွေများကို အစားအစာ ဖူလုံရေး၊ ပညာ‌ရေး၊ ကျန်းမာရေးနှင့် အမိုးအ ကာရရှိရေးတို့တွင် အသုံးပြုသွားမည်ဖြစ် ကြောင်း ့UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

          မြန်မာ့လူသားချင်းစာနာမှုဆိုင်ရာ လို အပ်ချက်များနှင့် တုံ့ပြန်ရေး အစီအစဉ်သည် အထိခိုက်လွယ်ဆုံးလူထုကို ဦးစားပေးပြီး မြင့် တက်လာနေသည့် လူသားချင်းစာနာမှုဆိုင် ရာ လိုအပ်ချက်များကို ဖြေရှင်းရန် မဟာဗျူ ဟာကျသည့် တုံ့ပြန်ရေးစီမံချက်တစ်ခုဖြစ်သည်။

          ၂၀၂၄ ခုနှစ် နှစ်စပိုင်းမှ စတင်ကာ စက် တင်ဘာလကုန်အထိ လူသားချင်းစာနာမှုဆိုင် ရာအဖွဲ့အစည်းများအနေဖြင့် မြန်မာ့လူဦး ရေ သုံးသန်းနီးပါးကို အကူအညီပေးခဲ့ပြီးဖြစ် သော်လည်း ရန်ပုံငွေရရှိမှုအလွန်အမင်း နည်း ပါးခဲ့သဖြင့် ပြည့်ပြည့်ဝဝအကူအညီ မပေး နိုင်ခဲ့ကြောင်း၊ နှစ်ကုန်ပိုင်းသို့ ရောက်ရှိလာခဲ့ ပြီဖြစ်သော်လည်း ၂၀၂၄ ခုနှစ် လူသားချင်းစာ နာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေး လုပ်ငန်းစီမံချက်အတွက် ရန်ပုံငွေ မှာ ၃၄ ရာခိုင် နှုန်းသာသာ ရရှိခဲ့သဖြင့် လူသားချင်းစာနာ မှုဆိုင်ရာ အဖွဲ့အစည်းများအတွက် အရေး ပေါ်အကူအညီများ မပေးနိုင်ခဲ့ကြောင်း UNOCHA က ထုတ်ပြန်ထားသည်။

          မြန်မာနိုင်ငံတွင် မြင့်တက်လာသော လက်နက်ကိုင်ပဋိပက္ခများ၊ မတည်ငြိမ်သော နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေများ၊ အ ကြမ်းဖက်မှုများကို နေ့စဉ်ကြုံတွေ့နေရ သည့် ပြည်သူများ၊ ပဋိပက္ခနှင့် သဘာဝဘေး နှစ်မျိုး ကြောင့် နေရပ်စွန့်ခွာနေရမှုများ အစရှိသည့် အခြေအနေများကို တုံ့ပြန်နိုင်ရန် ကုလသမဂ္ဂ က ၂၀၂၄ ခုနှစ် လူသားချင်းစာနာ မှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံ ချက်ကို မဟာဗျူဟာသုံးရပ်ချမှတ်၍ စတင် ဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်။ 

          မည်သို့ပင်ဆိုစေကာမူ လက်ရှိတွင် မြန် မာနိုင်ငံ တစ်ဝန်းလုံး$ လက်နက်ကိုင်ပဋိပက္ခ များ ပြင်းထန်နေသောကြောင့် မြန်မာ့စစ်ဘေး ရှောင်ဦးရေသည် ယခုထက်ပိုမိုမြင့်တက်လာ ဖွယ်ရှိကြောင်း စစ်ရေးအကဲခတ်များကလည်း သုံးသပ်လျက်ရှိကြသည်။


READ NEXT
Cancel OK