Top News

၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတကာ အနုပညာနယ်ပယ်မှ ထင်ထင်ရှားရှား ဖြစ်ရပ်များ
24htopnews | January 2, 2025 11:12 PM CST

ဂျောင်ဝူဆောင်၏ တိတ်တိတ်ပုန်း ကလေးကိစ္စ

မင်းသားဂျောင်ဝူဆောင် ထိတ်ထိတ်ကြဲ အောင်မြင်နေချိန်မှာမှ မော်ဒယ်တစ်ဦးကို လက်မထပ်ဘဲ တိတ်တိတ်ပုန်း ကလေးမွေးထား သည်ဆိုသည့် သတင်းက တောင်ကိုရီးယား အနုပညာလောကကို တုန်လှုပ်စေခဲ့သည်။ ဂျောင်ဝူဆောင် ကိုယ်တိုင်ကလည်း ပရိသတ်ကို ဝန်ခံခဲ့ပြီး နိုဝင်ဘာတွင် ကျင်းပသည့် နဂါးပြာ ရုပ်ရှင်ဆုပေးပွဲတွင် ယင်းကိစ္စအတွက်ပရိသတ်ကို ထပ်မံ တောင်းပန်ခဲ့သည်။

နိုဝင်ဘာ ၂၂ ရက်တွင် အသက် ၃၅ နှစ် အရွယ်ရှိ မော်ဒယ်မွန်ဂါဘီက သားလေးမွေး သည်ဟု ကြေညာခဲ့ပြီးကလေးဖခင်ကို ထုတ် မပြောခဲ့ပေ။  Dispatch မီဒီယာဖွင့်ချချက်အရ ဂျောင်ဝူဆောင်နှင့် မွန်ဂါဘီတို့ ၂၀၂၂ ခုနှစ် က ပွဲတစ်ခုတွင်စတွေ့ပြီး ရင်းနှီးသွားခဲ့ကြ သည်။ ဖခင်တာဝန်ကို ယူမည်ဟု ဂျောင်ဝူ ဆောင်က ပြောသော်လည်း မွန်ဂါဘီကိုလက် ထပ်မည့်ကိစ္စ နှုတ်ဆိတ်နေခဲ့သဖြင့်  တာဝန်မဲ့သူဟု ပရိသတ်က ဝေဖန်ခဲ့သည်။ ဂျောင်ဝူဆောင်သည် မင်းသမီးရှင်ဟွန်ဘင်းနှင့်လည်း သတင်းထွက်လိုက်ပြီး မင်းသမီးလီဂျီအာနှင့် လည်း ငြိခဲ့သည်။ ၎င်းသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR ၏ ချစ်ကြည်ရေးသံတမန်အဖြစ် ဆယ်စုနှစ်တစ်စု နီးပါး တာဝန်ယူခဲ့ပြီး ယခင်က မည်သည့် သတင်းဆိုးမှ မထွက်ခဲ့ပေ။  

 

Barbie  ပရိသတ်များကို စိတ်ပျက်စေခဲ့သည့် ၂၀၂၄ အော်စကာပွဲ

 ကမ္ဘာတစ်ဝန်းရုံတင်ပြသစဉ်က ဝင်ငွေ ဒေါ်လာတစ်ဘီလျံကျော်ရသည်အထိ အောင် မြင်ခဲ့သည့် Barbie ဇာတ်ကားသည် ၂၀၂၄ ခုနှစ်၊ မတ် ၁၀ ရက်က ကျင်းပသည့် အော်စ ကာဆုပေးပွဲတွင် အဓိကဆုကြီးနှစ်ဆုနှင့် လွဲခဲ့ရသည်။ အော်စကာဆန်ခါတင်စာရင်း ထွက်လာကတည်းက ဆုရှစ်ဆုပါထားသော် လည်း ဇာတ်ကား၏ အခရာအကျဆုံးသူ နှစ်ဦး ဖြစ်သည့် ဒါရိုက်တာဂရတ်တာဂါးဝစ်နှင့် ခေါင်းဆောင်မင်းသမီး မားဂေါ့ရော့ဘီတို့က ဒါရိုက်တာဆု၊ ဇာတ်ဆောင်မင်းသမီးဆုတို့ အဆိုပြုမခံခဲ့ရပေ။ တွဲဖက်မင်းသမီး အမေရိ က ဖရယ်ရာနှင့် မင်းသားရိုင်ယန်ဂေါ့စလင်းတို့သည်ပင် ဇာတ်ပို့မင်းသမီး၊ မင်းသားဆုများ လျာထားခံခဲ့ရသည်။

အော်စကာဇာတ်ဆောင်မင်းသမီးဆုကို အမ်မာစတုန်းက Poor Things  ဇာတ်ကားဖြင့် ဆွတ်ခူးပြီး အကောင်းဆုံးဇာတ်ကားဆုကို oppenheimer ဒါရိုက်တာခရစ္စတိုဖာ နိုလန်က ယင်းဇာတ်ကားဖြင့်ပင်  အကောင်း ဆုံးဒါရိုက်တာဆု ရခဲ့သည်။  အမေရိကန်နိုင်ငံခြားဝန်ကြီးဟောင်း ဟီလာရီကလင်တန် ကပင် “ဂရတ်တာနဲ့ မားဂေါ့ ၊ အော်စကာဆု ရုပ်ကို အိမ်ပြန် မသယ်နိုင်တော့ပေမဲ့ ပရိသတ် သန်းပေါင်းများစွာက သင်တို့ကိုချစ်တယ်။ အဲဒါက ကျေနပ်စရာထက ်အများကြီးပိုတယ်”ဟု X လူမှုကွန်ရက်တွင် အားပေးခဲ့သည်။

 

ဟောလိဝုဒ်၊ ဘောလိဝုဒ် စတားများ စုံလင်ခဲ့သည့် အမ်ဘာနီတို့ မင်္ဂလာပွဲ

ကမ္ဘာ့အချမ်းသာဆုံး သူဌေးများထဲမှ တစ်ဦးလည်းဖြစ်၊ အာရှ၏အချမ်း သာဆုံး သူဌေးလည်းဖြစ်သည့် မူကတ်ရှ်အမ်ဘာနီ၏သား အန်နတ်အမ်ဘာနီ၏ မင်္ဂလာအခမ်းအနားများကို ဇူလိုင် ၁၂ ရက်တွင်စတင်ခဲ့သည်။

ဇူလိုင် ၁၂၊ ၁၃၊ ၁၄ သုံးရက် ကျင်းပခဲ့သည်။

မင်္ဂလာပွဲသို့ ဘောလိဝုဒ်နှင့် ဟောလိဝုဒ် လောကမှ ထင်ရှားသူများသာမက ကမ္ဘာ့စီးပွားရေးခေါင်းဆောင်များ၊ ဝန်ကြီးချုပ်ဟောင်း များပါ တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။ ဇူလိုင် ၁၂ ရက်ပွဲကို အမေရိကန်စတား ကင်ကာဒါရှီယန်၊ မင်းသားဂျွန်စီနာ၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲနှင့် ဘောရစ်ဂျွန်ဆင်တို့ တက်ရောက်လာသည်။ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို၊ ရှာရွတ်ခန်း၊ ဆမ်ဆောင်းဥက္ကဋ္ဌ ဂျေးလီ၊  ဒီပီကာပါဒူကွန်၊ ပရီယန်ကာ ချိုပရာတို့အတွဲလည်း တက်ရောက်ဂုဏ်ပြုကြသည်။ ဟိန္ဒူရိုးရာဓလေ့ထုံးတမ်းများနှင့်အညီ ကျင်းပ ခဲ့ပြီး ဇူလိုင် ၁၄ ရက်တွင် မင်္ဂလာဧည့်ခံပွဲကျင်းပသည်။

သတို့သားအန်နတ်အမ်ဘာနီနှင့် သတို့သမီး ရာဒီကာမားချန့်တို့သည်  သက်တူရွယ်တူဖြစ်ပြီး ငယ်သူငယ်ချင်းလည်းဖြစ်သည်။ ဗညအငူငေ ဟုခေါ်သည့် မူကတ်ရှ်အမ်ဘာနီတို့ မိသားစုနေထိုင်ရာအိမ်သည် ၂၇ ထပ်ရှိပြီး အိန္ဒိယ၏ တန်ဖိုးအကြီးဆုံးနေအိမ်များထဲ တစ်ခုအပါအဝင်ဖြစ်သည်။ သတို့သမီး၏မိဘများကလည်း  နာမည်ကျော်ဆေးကုမ္ပဏီ ပိုင်ရှင်များဖြစ်သည်။

မင်္ဂလာဆောင်အကြို အခမ်းအနားများလည်း ကျင်းပခဲ့ပြီး ကမ္ဘာကျော် အဆိုတော်များလည်း လာရောက်ဖျော်ဖြေကာ ရီဟားနားကို ဖျော်ဖြေခ ဒေါ် လာခုနစ်သန်းပေးခဲ့သည်ဟု သတင်းများထွက်ခဲ့သည်။ ဂျက်စတင်ဘီဘာ ကိုလည်း ဒေါ်လာ ၁၀ သန်းပေးရသည်ဟု ပြောကြသည်။

One Direction အဆိုတော် လီယမ်ပိန်းသေဆုံးမှု

ကမ္ဘာကျော် One Direction အဆိုတော်အဖွဲ့မှ အသက် ၃၁ နှစ်အရွယ်ရှိ အဖွဲ့ဝင် လီယမ်ပိန်းသည် အောက်တိုဘာ ၁၆ ရက်နေ့က အာဂျင်တီးနားနိုင်ငံ၊ မြို့တော်ဗျူနိုအေးရီးစ်ရှိ  casa Palermo ဟိုတယ်၏သုံးထပ်လသာဆောင် မှ ပြုတ်ကျသေဆုံးခဲ့သည်။

၎င်း၏ရုပ်အလောင်းကို သေမှုသေခင်း စစ်ဆေးသူများက ခွဲစိတ်စစ်ဆေး သည့်အခါ သေစေနိုင်သည့် ဦးခေါင်းဒဏ်ရာအပါအဝင် ဒဏ်ရာဒဏ်ချက် ၂၅ ခုနှင့် ကိုယ်တွင်းကိုယ်ပ သွေးယိုထွက်မှုများ တွေ့ခဲ့ရသည်။ လီယမ်သည် မဆုံးမီ နာရီပိုင်းအလိုကမှ snapchat ဆိုရှယ်မီဒီယာတွင် မြင်းသွားစီးမည့်အကြောင်း ပို့စ်တင်ခဲ့သေးသည်။

“အထောက်အထားတွေအရတော့ သူဟာ ပြုတ်ကျမှုဖြစ် ချိန် တစ်ကိုယ်တည်းရှိနေခဲ့တာ။ မူးယစ်ဆေးလည်း သုံးထားတယ်။ ရဲတွေက သူ့အခန်းထဲမှာ မူးယစ်ဆေးတွေနဲ့ အရက်တွေတွေ့တယ်။ ပစ္စည်းတချို့နဲ့ ပရိ ဘောဂတချို့လည်း ပျက်စီးနေတယ်”ဟု အစိုးရရှေ့နေရုံးက ပြောသည်။

လီယမ်သည် အာဂျင်တီးနားတွင် ကျင်းပသည့် one direction အဖွဲ့ဝင် နိုင်းလ်ဟော်ရန်၏ ရှိုးပွဲကို အားပေးရန် အာဂျင်တီးနားသို့ ရောက်လာခြင်းဖြစ် သည်။ လီယမ်သည် ၂၀၁၆ ခုနှစ်တွင် အဖွဲ့လိုက်ဂီတလှုပ်ရှားမှု ရပ်နားလိုက်ပြီး နောက် တစ်ကိုယ်တော်ခရီးလမ်းကိုဆက်လျှောက်ခဲ့သည်။ ၎င်းသည် စိတ်ကျန်း မာရေးပြဿနာနှင့် အရက်စွဲမှုပြဿနာတို့ ရင်ဆိုင်နေရကြောင်း ထုတ်ပြောဖူး သည်။ လီယမ်သည် girls aloud အဆိုတော်အဖွဲ့မှ မိန်းကလေးတစ်ဦးနှင့် ချစ်သူဖြစ်ပြီး သားလေးတစ်ဦး ရခဲ့သည်။

သို့သော် လက်ရှိ ချစ်သူနှင့် တစ်နှစ် အတွင်း လက်ထပ်ရန် စိတ်ကူးထားကြောင်း မဆုံးမီ စာရေးထားခဲ့သည်။ ချစ်သူ က လီယမ်မသေဆုံးမီ နှစ်ရက်အလိုအထိ အတူရှိနေခဲ့သော်လည်း လီယမ်သေ ဆုံးချိန် အာဂျင်တီးနားမှ ပြန်သွားပြီဖြစ်သည်။

 

Queen of Tears အောင်မြင်ချက်

 

tvN ရုပ်သံသမိုင်းတွင် crash landing on you ကိုကျော်တက်ပြီး လူကြည့်အများဆုံး ကိုရီးယားဇာတ်လမ်းတွဲတစ်ခု ပေါ်ထွက်လာခဲ့သည်။ မင်းသားကင်ဆူဟွန်းနှင့် မင်းသမီး ကင်ဂျီဝန်တို့ ပါဝင်သရုပ်ဆောင်ထားသည့် Queen of Tears ဇာတ်လမ်းတွဲဖြစ်သည်။ပရိသတ်ကြည့်ရှုနှုန်း တိုင်းတာသည့် သုတေသနကုမ္ပဏီ Nielsen koea အဆိုအရ ဧပြီ ၂၈ ရက်ကပြသသည့် Queen of Tears ဇာတ်သိမ်းပိုင်းကို ပရိသတ်ကြည့်ရှုနှုန်း ၂၄ ဒသမ ၈၅၀ ရာခိုင်နှုန်း ရှိခဲ့သည်။

ယခင်က tvN ရုပ်သံ၏ လူကြည့်အများ ဆုံးဇာတ်လမ်းတွဲအဖြစ် ဟွန်ဘင်း နှင့် ဆွန်ရယ်ဂျင်းတို့ပါဝင်သည့် crash landing on you ဇာတ်လမ်းတွဲက စံချိန်ချိုးထားပြီး ၂၀၂၀ ခုနှစ်တွင် ၎င်းဇာတ်လမ်းတွဲဇာတ်သိမ်းပိုင်း ပြစဉ်က  ပရိသတ်ကြည့်ရှုနှုန်း၂၁ ဒသမ ၆ ရာခိုင်နှုန်းသာရှိခဲ့သည်။

နောက်လေးနှစ် အတွင်း crash landing on you ၏ စံချိန်ကိုချိုးနိုင်သည့် ဇာတ်လမ်းတွဲ ထွက်မလာခဲ့ပေ။ နှစ်ခုစလုံးက ဇာတ်ညွှန်းရေးဆရာမ တစ်ဦးတည်း၏လက်ရာ ဖြစ်သည်။ နောက်ခံအလွှာမတူသည့် မိသားစုမှ ဆင်းသက်လာသူနှစ်ဦး အိမ် ထောင်သည်ဘဝတွင် မမျှော်လင့်သည့် ပြဿနာများကြုံဆုံရပုံကို ပုံဖော်ထား သည့် Queen of Tears ကို မတ် ၉ ရက်တွင် စတင်ပြသခဲ့သည်။  

ဇာတ်ကောင်အတွက် မင်းသမီးကင်ဂျီဝန်က ဝတ်စုံပေါင်း ၁၆၆ စုံ ပြင်ဆင် ခဲ့သည်။ ျှကနနည သ် ွှနမျေ ကို ပရိသတ်ကြိုက်ရသည့် အချက်များထဲ အဝတ် အစားဒီဇိုင်းများလည်းပါသည်။ အပိုင်းရေ ၁၆ ပိုင်း ထုတ်လွှင့်ခဲ့သည့်အတွက် အပိုင်းတစ်ပိုင်းလျှင် ဝတ်စုံ ၁၀ စုံနှုန်းဖြင့် ကင်ဂျီဝန်က ဝတ်ခဲ့ခြင်းဖြစ်သည်။ ဇာတ်လမ်းအစအဆုံး မင်းသားကင်ဆူဟွန်း၏ အငိုဇာတ်ဝင်ခန်းက ၄၀ ပါ သည်။ ရိုက်ကူးရေးကာလ ၃၃၁ ရက် ကြာခဲ့သည်။

 


READ NEXT
Cancel OK