Top News

၂၀၂၄ ခုနှစ်တွင် ရန်ပုံငွေရရှိမှုနည်းပါးခဲ့သဖြင့် မြန်မာနိုင်ငံမှ လူသန်းပေါင်းများစွာ အကူအညီမဲ့ခဲ့ရဟု UNOCHA ထုတ်ပြန်
24htopnews | January 2, 2025 11:12 PM CST

၂၀၂၄ ခုနှစ်တွင် ရန်ပုံငွေရရှိမှုနည်းပါးခဲ့သဖြင့် မြန်မာနိုင်ငံမှ လူသန်းပေါင်းများစွာ အကူအညီမရခဲ့ဟု UNOCHA Myanmar က ထုတ်ပြန်သည်။

၂၀၂၄ ခုနှစ်အတွင်း ရန်ပုံငွေရရှိမှု နည်းပါးလွန်းခဲ့သဖြင့် မြန်မာနိုင်ငံရှိ လူသန်းပေါင်းများစွာ အကူအညီမဲ့ခဲ့ရကြောင်း၊ အကျပ်အတည်းဒဏ်ကို ခံစားနေရသူများ၏ ခံနိုင်စွမ်းမှာ ယဲ့ယဲ့ပဲရှိတော့ကြောင်း၊ မြန်မာနိုင်ငံရှိပြည်သူများမှာ အမေ့လျော့ခံမဖြစ်သင့်ဘဲ အကူအညီများ မဆိုင်းမတွလိုအပ်နေကြောင်း UNOCHA Myanmar က ဆိုသည်။

ရန်ပုံငွေရရှိခဲ့မှု အလွန်နည်းပါးခဲ့သဖြင့် အကူအညီပေးရန် လျာထားခဲ့သည့် လူဦးရေ ၅ ဒသမ ၃ သန်းအနက် လူဦးရေ ၁ ဒသမ ၄ သန်းမှာ မည်သည့်အကူအညီမျှ မရရှိခဲ့ကြောင်း၊ ရရှိသူများအနေဖြင့်လည်း ပြည့်စုံမှုမရှိခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ရန်ပုံငွေလုံလောက်စွာ မရရှိခဲ့ပါက ဘဝပေါင်းများစွာ အကူအဘီမဲ့နေမည်ဖြစ်ကြောင်း UNOCHA Myanmar က ဒီဇင်ဘာ ၁၆ ရက်တွင် သတိပေးထုတ်ပြန်ထားသည်။

၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးအစီအစဉ်အတွက် မြန်မာနိုင်ငံတဝန်းရှိ ထိခိုက်လွယ်သူ လူဦးရေ ၅ ဒသမ ၅သန်းကို လူမှုဘဝရှင်သန်ရေး အကူအညီတွေပေးအပ်ဖို့  အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံအဆိုပြုတောင်းဆိုထားသည်ဟု မြန်မာနိုင်ငံဌာနေနှင့် လူသားချင်းစာနာမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူးက ထုတ်ပြန်ထားသည်။


READ NEXT
Cancel OK