
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ကျောက်ဖြူ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အနောက်ဘက်ခြမ်းတွင် အမှိုက်ပုံ ရှင်းလင်းစဉ် အမှိုက်ပုံမှ အသေးစားပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၄ နာရီ မိနစ် ၄၀ ခန့်က သန့်ရှင်းရေး ဆောင်ရွက်နေစဉ် အမှိုက်ပုံ မီးရှို့ရာမှ အသေးစားပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကာ အမှိုက်မီးရှို့နေသော ဝန်ထမ်း ခြောက်ဦးမှာ ကျောက်ခဲစ၊ စွန့်ပစ်အတိုအစ ထိမှန်မှုကြောင့် လက်မောင်းနှင့် နဖူးတို့တွင် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကာ ကျောက်ဖြူဆေးရုံတွင် ဆေးကုသမှုခံယူရန် ပို့ဆောင်ထားကြောင်း သိရသည်။
ယင်းပေါက်ကွဲမှုသည် လူလုပ်သော ပယောဂကြောင့် ပေါက်ကွဲမှု မဟုတ်ဘဲ အမှိုက်ပုံမှ စွန့်ပစ်ပစ္စည်းတစ်ခုခုမှ ပေါက်ကွဲခြင်း ဖြစ်ကာ ခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကျောက်ဖြူလုံခြုံရေးတပ်ဖွဲ့မှအရာရှိက အတည်ပြု ပြောကြားခဲ့သည်။
ကျောက်ဖြူ လုံခြုံရေးတပ်ဖွဲ့မှ အရာရှိတစ်ဦးက “ဗုံးပေါက်တာတော့ မဟုတ်ဘူး၊ အသေးစားပေါက်ကွဲမှုလေးပါ။ အဲဒီမှာ မိုင်းရှင်းတဲ့အဖွဲ့တွေနဲ့ စစ်ဆေးနေတယ်။ ဝန်ထမ်း ခြောက်ဦး အနည်းငယ် ဒဏ်ရာရခဲ့တယ်။ မစိုးရိမ်ရပါဘူး။ ဒီပေါက်ကွဲမှုကလည်း စွန့်ပစ်ပစ္စည်းအဟောင်း တစ်ခုခုကနေ ပေါက်ကွဲတာ ဖြစ်နိုင်ပါတယ်။ ဂတ်စ်အိုး အဟောင်းတို့လိုမျိုးလို့ ထင်ပါတယ်။ အဲဒီ ပတ်ဝန်းကျင်ကို ရှင်းလင်းရေးလည်း လုပ်နေပါတယ်”ဟု ပြောကြားသည်။
အခင်းဖြစ်ပွားရာ နေရာသို့ မြို့မရဲစခန်းမှ ဒုရဲအုပ် မင်းဇော်ဦး ဦးဆောင်သော အဖွဲ့နှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့မှ သွားရောက် စစ်ဆေးခဲ့ကာ လိုအပ်သည်များကို ထပ်မံ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်