
စံဖရီးကျောက်မိုင်းမှ ကျောက်ထုတ်လုပ်ခွင့်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိပါက ကော့ကရိတ်-ဘားအံ လမ်းပိုင်းရှိလုပ်ငန်းများ တစ်ပတ်အတွင်း ပြန်လည်စတင်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။
ဖေဖော်ဝါရီ ၂၅ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၁၁) မှ ဦးကျော်နီနိုင်က ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်ကုန်သွယ်ပေါက်သို့ ဆက်စပ်ပေးမည့် ကော့ကရိတ်-ဘားအံလမ်းပိုင်းကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။
ဒုတိယဝန်ကြီး ဦးကျော်လင်းက ကရင်ပြည်နယ်အတွင်း အရည်အသွေးမြင့် ကျောက်တောင်ကို ဆက်လက် ရှာဖွေခဲ့ရာတွင် လက်ရှိ လုပ်ငန်းခွင်မှ ၃၅ ကီလိုမီတာဝေးသည့် စံဖရီး ကျောက်မိုင်းမှ ကျောက်များသည် အရည်အသွေးမီကြောင်း တွေ့ရှိရ၍ ယင်းကျောက်နမူနာများကို ပြည်တွင်း၊ ပြည်ပတွင် ဓာတ်ခွဲစမ်းသပ်သည့်အခါ စံချိန်မီသည့်အဖြေကို ရရှိ၍ ယင်းကျောက်မိုင်းမှ ကျောက်ထုတ်လုပ်ခွင့်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ ECC (Environmental Compliance Certificate) လက်မှတ် လျှောက်ထားခဲ့ကြောင်း၊ ဝန်ကြီးဌာနက ကွင်းဆင်းစစ်ဆေးပြီး တစ်ပတ်အတွင်း ECC လက်မှတ် ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည့်အတွက် လုပ်ငန်းများကို တစ်ပတ်အတွင်း ပြန်လည် စတင်သွားမည် ဖြစ်ကြောင်း လွှတ်တော်၌ ပြောကြားခဲ့သည်။
မြဝတီနယ်စပ် ကုန်သွယ်ပေါက်သို့ ဆက်စပ်ပေးမည့် ကော့ကရိတ်-ဘားအံ လမ်းပိုင်းသည် ဗီယက်နမ်နိုင်ငံ၊ ဒါနမ်းမြို့မှစတင်၍ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကိုဖြတ်ကာ မြန်မာနိုင်ငံ မြဝတီမြို့၊ ဘားအံမြို့၊ ကျိုက်ထိုမြို့များကိုဖြတ်ကာ ရန်ကုန်မြို့ သီလဝါစက်မှုဇုန်တွင် အဆုံးသတ်မည့် East-West Economic Corridor ပေါ်မှ လမ်းပိုင်း ဖြစ်ကြောင်း၊ East-West Economic Corridor သည် ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာတို့ကို ဆက်သွယ်ပေးမည့် အဓိက ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သဖြင့် ဒေသတွင်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်စွာအရေးကြီးသည့်အတွက် ADB မှ ချေးငွေထောက်ပံ့မှုများ ပြုလုပ်၍ အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ရာ ဗီယက်နမ်နိုင်ငံအပိုင်း၊ ကမ္ဘောဒီးယားနိုင်ငံအပိုင်း၊ ထိုင်းနိုင်ငံအပိုင်းတို့ကို ထိုင်းနိုင်ငံအစိုးရ၏ အကူအညီဖြင့် အဆင့်မြှင့်တင်ခဲ့ပြီး ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ယင်းလမ်းပိုင်းအတွက် လုပ်ငန်းများ စတင်ချိန်တွင် ကန်ထရိုက်တာကုမ္ပဏီမှ အဆိုပါဒေသတွင်း ငြိမ်းချမ်းရေး ရယူထားသော အဖွဲ့အစည်းတစ်ခုနှင့် စာချုပ်ချုပ်ဆိုပြီး လုပ်ငန်းခွင်နှင့် အနီးဆုံးဖြစ်သော လွန်းညတောင်မှ ကျောက်များကို ထုတ်ယူ၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ လွန်းညတောင်၌ လုပ်ငန်းများ စတင်ဆောင်ရွက်စဉ်တွင် ဒေသခံ ရွာသူရွာသားများ၏ ကန့်ကွက်ဆန္ဒပြမှုများနှင့် တွေ့ကြုံရ၍ လုပ်ငန်းရပ်ဆိုင်းခဲ့ကြောင်း၊ လုပ်ငန်းများ ရပ်ဆိုင်းသွားခြင်းကြောင့် ကရင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ဖြစ်ပေါ်လာသဖြင့် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုအစိုးရအဖွဲ့သို့ အခြေအနေကို တင်ပြခဲ့ကြောင်း၊ ADB ဌာနချုပ်မှ လွန်းညကျောက်သုံးစွဲခြင်းကို ခွင့်မပြုကြောင်း နှင့်အခြားကျောက်မိုင်းများကို ရှာဖွေသုံးစွဲရန် ပြောကြားခဲ့သည့်အတွက် ယင်းလုပ်ငန်းခွင်မှ ၃၅ ကီလိုမီတာ ဝေးသည့် စံဖရီးကျောက်မိုင်းမှ ကျောက်များကို ပြည်တွင်း ပြည်ပတွင် ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်