Top News

သာကေတမြို့နယ် မြင်တော်သာလမ်းပေါ်တွင် ရုပ်ရှင်ဆန်ဆန် ယာဉ်တိုက်မှုဖြစ်ပွား
24htopnews | January 3, 2025 2:12 AM CST

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မြင်တော်သာလမ်းပေါ်တွင် ယနေ့ (ဖေဖော်ဝါရီ ၂၇ ရက်) ညပိုင်းက ရုပ်ရှင်ဆန်ဆန် ယာဉ်တိုက်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ် ၅ ရပ်ကွက် ရုပ်ရှင်ရုံ မှတ်တိုင်အနီးတွင် သံချောင်းများ တင်ဆောင်လာသောယာဉ်က အခြားယာဉ်လေးစီးအား ဆင့်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်စဉ်အနီးတွင် နေထိုင်သူများက ပြောကြားသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၇ ရက် ည ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူ သုံးဦးခန့်ရှိကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

အခြားယာဉ်လေးစီးအား ဝင်တိုက်ခဲ့သည့်ယာဉ်မှာ သာကေတမြို့နယ် မြင်တော်သာလမ်းတွင် ယာဉ်တိုက်မှုကို ဆက်တိုက် ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

"အဲဒီယာဉ်က ကျောင်းကွေ့မှတ်တိုင်မှာလည်း တက်စီကို ဝင်တိုက်တာ။ အဲဒီကနေ ထွက်ပြေးလာတာ။ ဒီ (ရုပ်ရှင်ရုံ မှတ်တိုင်) နားလည်း ရောက်ရော နောက်ထပ် သုံးစီးကို ထပ်တိုက်တာ။ ဒီလမ်းတောက်လျှောက် ယာဉ်တိုက်မှုတွေ ဖြစ်လာတာ” ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှု ကျုးလွန်ခဲ့သည့်ယာဉ်မှ ယာဉ်မောင်းအား ရုပ်ရှင်ရုံမှတ်တိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK