
ရန်ကုန်တိုင်းဒေသကြီးတွင် တီဘီရောဂါအနေဖြင့် လူခြောက်ဦးတွင် တစ်ဦးနှုန်းဖြစ်နေပြီး တစ်နိုင်ငံလုံး၌ ဆေးယဉ်ပါး တီဘီဖြစ်ပွားမှု၏ ၅၃ ရာခိုင်နှုန်းကျော်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း တွေ့ရှိနေရကြောင်း ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေအဖွဲ့မှ သိရသည်။
ရောဂါသုံးမျိုး တိုက်ဖျက်ရေးတွင် တိုးတက်ဖြစ်ထွန်းမှုများ ရှိသော်လည်း မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် တီဘီရောဂါ လူနာသစ် ဖြစ်ပွားမှုနှုန်း ဒုတိယအမြင့်မားဆုံး၊ HIV ရောဂါပိုး ရှိသူအရေအတွက် စတုတ္ထအများဆုံးနှင့် ငှက်ဖျားရောဂါ လူနာအရေအတွက် တတိယအများဆုံးနိုင်ငံ အဖြစ်ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တီဘီရောဂါကြောင့် သေဆုံးသူ ၃၂၀၀၀ ခန့်ရှိသည့်အနက် ၄၀၀၀ ကျော်မှာ အိပ်ချ်အိုင်ဗွီ/ တီဘီရောဂါနှစ်မျိုး ယှဉ်တွဲဖြစ်ပွားမှုကြောင့် သေဆုံးခြင်းဖြစ်ကြောင်းနှင့် ဆေးပုံမှန်မသောက်ခြင်း၊ ဆေးယဉ်ပါးတီဘီ ဖြစ်ပွားနှုန်းများခြင်း၊ တီဘီ/ အိပ်ချ်အိုင်ဗွီရောဂါ ယှဉ်တွဲဖြစ်ပွားခြင်း စသည်တို့ကြောင့် မြန်မာနိုင်ငံသည် တီဘီရောဂါအဖြစ်အများဆုံး နိုင်ငံများတွင် လက်ရှိအချိန်အထိ ပါဝင်နေဆဲဖြစ်သည်။
ဝန်ကြီးဌာနအနေဖြင့် တီဘီရောဂါ တိုက်ဖျက်ရေးအတွက် သုံးနှစ်အတွင်း ဘတ်ဂျက် ၂ ဒသမ ၅ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲလျက်ရှိပြီး တီဘီရောဂါကို ၂၀၂၀ ပြည့်နှစ်အတွင်း ရာခိုင်နှုန်း ၄၀ အထိ လျှော့ချနိုင်ရေးနှင့် ဆေးယဉ်ပါးတီဘီရောဂါကို ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ငါးရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် မျှော်မှန်းထားကြောင်းသိရသည်။
မြန်မာနိုင်ငံ၌ အမျိုးသားများသည် အမျိုးသမီးများထက် တီဘီရောဂါ ပိုမိုဖြစ်ပွားလျက်ရှိပြီး ဆေးယဉ်ပါးတီဘီဝေဒနာရှင်များ မြင့်တက်လျက်ရှိကြောင်း၊ တစ်ကမ္ဘာလုံးတွင် တီဘီရောဂါကြောင့် သေဆုံးသူပေါင်း ၁ ဒသမ ၄ သန်းရှိပြီး ယင်းတို့အနက် တီဘီဝေဒနာရှင်လေးသိန်းမှာ အိပ်ချ်အိုင်ဗွီရှိသူများ ဖြစ်နေကြောင်းနှင့် လူဦးရေ ၁၉၀၀၀၀ မှာ ဆေးယဉ်ပါးတီဘီလူနာများဖြစ်ပြီး ကလေး ၁၄၀၀၀၀ သေဆုံးခဲ့ကြောင်း အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းမှသိရသည်။
အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းအနေဖြင့် ၂၀၅၀ ပြည့်နှစ်တွင် တီဘီရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ်အဖြစ်မှ ဖယ်ရှားနိုင်ရန်လုပ်ဆောင်နေကြောင်းနှင့် ဆေးယဉ်ပါးတီဘီ တိုက်ဖျက်ရေး လုပ်ငန်းများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မွန်၊ စစ်ကိုင်း၊ မကွေး၊ ရှမ်းပြည်နယ် (လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ)၊ကချင်၊ ကရင်၊ တနင်္သာရီ၊ ဧရာဝတီ၊ ပဲခူးနှင့် ရခိုင်ပြည်နယ်တို့တွင် လုပ်ဆောင်လျက်ရှိပြီး၂၀၁၅ ခုနှစ်အတွင်းက ဆေးယဉ်ပါးတီဘီ ဖြစ်နှုန်းအများဆုံး ရှိနေသည့် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးကို ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
တီဘီရောဂါသည် အသက်အန္တရာယ်ရှိပြီး ကူးစက်နိုင်ခြေမြင့်မားသည့် ရောဂါဖြစ်သော်လည်း ကုသ၍ရသည့် ရောဂါဖြစ်ကြောင်း၊ ၁၉၉၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပြီး တီဘီရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှုများကို ထက်ဝက်လျှော့ချရန် လုပ်ဆောင်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းအနေဖြင့် ၂၀၅၀ ပြည့်နှစ်တွင် တီဘီရောဂါကို ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်အဖြစ်မှ ဖယ်ရှားနိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ဆေးယဉ်ပါးတီဘီ တိုက်ဖျက်ရေးလုပ်ငန်းများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မွန်၊ စစ်ကိုင်း၊ မကွေး၊ ရှမ်းပြည်နယ် (လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ)၊ ကချင်၊ ကရင်၊ တနင်္သာရီ၊ ဧရာဝတီ၊ ပဲခူးနှင့်ရခိုင်ပြည်နယ် များတွင် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်