
တပ်သိမ်းမြေကိစ္စနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဆွေးနွေးချက်သည် တိကျသေချာခြင်းမရှိ၊ ကိုယ်တိုင်တာဝန်မယူနိုင်သောကိစ္စကို ထည့်သွင်းဆွေးနွေးပြီး ဥပဒေနှင့်မညီဟု ပြောဆိုခြင်းသည် စွပ်စွဲသည့် သဘောမျိုးဖြစ်သောကြောင့် တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးက ကန့်ကွက်ခဲ့သည်။
ဖေဖော်ဝါရီ ၂၇ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဒေါက်တာပြည့်ဖြိုး တင်သွင်းထားသည့် မြေယာစီမံအုပ်ချုပ်မှု၊ အမျိုးသားမြေ အသုံးချ မဟာဗျူဟာ၊ ကာလလတ်၊ ကာလရှည်စီမံကိန်း မျှော်မှန်းချက်များအလိုက် လုပ်ငန်းစဉ်များ၊ မူဘောင်များကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် အဆိုနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက ဆွေးနွေးစဉ် ပြောကြားခဲ့သည့် တပ်သိမ်းမြေကိစ္စများအား တပ်မတော်သား ကိုယ်စားလှယ်က ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
ဦးဌေးဦးက “နောက်တစ်ချက် အဲဒီခေါင်းစဉ်ရဲ့ မူဝါဒ (၇) မှာ လျော်ကြေးပေးသည့် ကိစ္စများတွင် လျော်ကြေးနည်းပါးတယ်ဆိုတဲ့အတွက် ထပ်မံတောင်းဆိုလာတဲ့ ကိစ္စရပ်များနဲ့စပ်လျဉ်းပြီးတော့ ယခင်ကာလကတည်းက သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း လျော်ကြေးပေးချေပြီးဖြစ်တဲ့အတွက် အဆိုပါ ဆုံးဖြတ်ချက်အတိုင်းသာ အတည်ပြုဖို့ဆိုပြီးတော့ မူဝါဒချမှတ်ထားသော်လည်း အချို့နေရာတွေမှာ လျော်ကြေးပေးပြီးဖြစ်ပါလျက် မြေထပ်ပေးဖို့ ဆုံးဖြတ်တာတွေ ကျွန်တော်တို့ထပ်ပြီးတော့ မူဝါဒနဲ့ မကိုက်ညီတဲ့ဟာတွေ တွေ့ရှိနေရပါတယ်။ ကျွန်တော့်မဲဆန္ဒနယ်ဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် ရှမ်းတဲကြီးရပ်ကွက်မှာ ကျောင်းဆောက်ဖို့လည်း မြေမရှိ။ ကျွန်တော်တို့ ရပ်ကွက်ဖွံ့ဖြိုးဖို့ ဘာသာရေး၊ သာသနာရေးအတွက် မြေယာအခက်အခဲ ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ အမှတ် ၅၀၄ အမြောက်တပ်ကနေပြီးတော့ အဝေးသုံးမိုင်လောက်ကနေပြီးတော့ လာရောက်ရယူထားတဲ့မြေကို စွန့်လွှတ်ပေးဖို့ အနည်းငယ် စွန့်လွှတ်ပေးဖို့ အစိတ်အပိုင်းတစ်ခု စွန့်လွှတ်ပေးဖို့ တင်ပြ တောင်းဆိုခဲ့တဲ့အပေါ်မှာလည်း ကာကွယ်ရေးဝန်ကြီးဌာနကနေ မစွန့်လွှတ်ပေးနိုင်ဘူးဆိုပြီးတော့ ပြောခဲ့ပါတယ်။ ဒါကလည်း တပ်မြေသိမ်းဆည်းမှုနဲ့ စပ်လျဉ်းတဲ့ မူဝါဒသုံးရပ်အနက် နံပါတ် (၃) မူဝါဒဖြစ်တဲ့ တပ်ဌာနချုပ် ဧရိယာများနဲ့ တစ်ဆက်တစ်စပ်တည်းမရှိသော သိမ်းဆည်းမြေများနဲ့စပ်လျဉ်းတဲ့ မူဝါဒနဲ့ ကိုက်ညီမှုမရှိဘူးဆိုတာကို ကျွန်တော်တို့ တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါတွေဟာ နိုင်ငံဖွံ့ဖြိုးရေးအတွက်လည်း ဖြစ်နိုင်သလို တစ်ခါနိုင်ငံတော်လုံခြုံရေးတစ်ခါ နိုင်ငံတော်စက်မှုလူမှုစီးပွားကိစ္စတွေနဲ့ပတ်သက်ပြီးတော့ အခြားမူဝါဒများကြောင့်လည်း ဒီလိုပြဋ္ဌာန်းချက်တွေနဲ့ မကိုက်ညီတဲ့ ဆောင်ရွက်ချက်တွေ ဖြစ်နိုင်သော်လည်းပဲ ဥပဒေအရ ဆောင်ရွက်ရတာ မဟုတ်တဲ့အတွက် အားနည်းချက်တွေ ရှိနေတယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရမှာဖြစ်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးချက်နှင့်ပတ်သက်၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က “လွှတ်တော်ကိုယ်စားလှယ်များသည် မိမိဆွေးနွေးတဲ့ အကြောင်းအရာသည် မှန်ကန်ကြောင်း ခိုင်ခိုင်မာမာ ယုံကြည်တာဝန်ခံရမှာ၊ တာဝန်ယူရမှာဖြစ်ပါတယ်။ အခုကိုယ်စားလှယ်တော်ကြီး ဆွေးနွေးသွားတဲ့အထဲမှာ ဒါသည် တစ်ဆက်တစ်စပ်တည်းတော့ မဟုတ်ဘူး။ သို့သော်လည်း သူ့ရဲ့ စီးပွားရေးအရလည်းကောင်း၊ လူမျိုးရေးအရလည်းကောင်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်လို့ ဆိုထားပါတယ်။ ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတာသည် သူကိုယ်တိုင် တိကျသေချာမှုမရှိဘူးလို့ ပေါ်လွင်ပါတယ်။ မိမိကိုယ်တိုင် တိကျသေချာခြင်းမရှိသော၊ မိမိကိုယ်တိုင် တာဝန်မယူနိုင်သော ကိစ္စကို ထည့်သွင်းဆွေးနွေးထားပြီးတော့မှ ဥပဒေနဲ့မညီဘူးလို့လည်း ဒါစွပ်စွဲထားတဲ့ သဘောမျိုးဖြစ်ပါတယ်။ ဒါကြောင့် ကန့်ကွက်ပါတယ်။ ပယ်ဖျက်ပေးဖို့ ပြောလိုပါတယ်” ဟု ကန့်ကွက်ခဲ့သည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက “ခုနက ကိုယ်စားလှယ်ကတော့ ဆက်စပ်တယ်ထင် လို့ သူဆွေးနွေးသွားတာပေါ့နော်။ အဲဒါကို ပယ်ဖျက်ပေးပါမယ်” ဟု ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်