
မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ARSA ဘင်္ဂါလီအကြမ်းဖက်အဖွဲ့နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA ပူးပေါင်းလှုပ်ရှား သွားလာနေမှုအပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကန့်ကွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ဖေဖော်ဝါရီ ၂၆ ရက် သတင်းထုတ်ပြန်ချက်အရ သိရ သည်။
ARSA အကြမ်းဖက်အဖွဲ့နှင့် AA အဖွဲ့တို့ ပူးပေါင်း၍ မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လှုပ်ရှားသွားလာနေမှု ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက် အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသဖြင့် စိစစ်ခဲ့ရာ ၂၀၁၉ ခုနှစ် ဇန်နဝါရီ နောက်ဆုံးပတ်တွင် ARSA အကြမ်းဖက်အဖွဲ့နှင့် AA အဖွဲ့များသည် မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင်အမှတ် (၄၉) အနောက်ဘက်ရှိ ဘာလူခါရာ BGB စခန်းအနီး၊ မြန်မာနိုင်ငံရှိ နယ်စပ်မှတ်တိုင် (၅၀) အနီး လိမ္မော်ချယ်ရီ BGB စခန်း၏ အနောက်ဘက်၊ မြန်မာနိုင်ငံရှိ နယ်စပ်မှတ်တိုင် (၅၀) နယ်ခြားစောင့် ရဲကင်းစခန်း၏ အနောက်မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာ၌ ဘာလူခါရာ BGB စခန်းရှိရာဘက်သို့ ကားလမ်းအတိုင်း လွတ်လပ်စွာ လှုပ်ရှားသွားလာ နေခြင်းဖြစ်ကြောင်း စိစစ်သိရှိရသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၌ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် AA နှင့် ARSA တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း အထောက်အထား ရှိ၊ မရှိနှင့် ရှိခဲ့သည်ဆိုပါက မည်သည့်အချိန်တွင် ထုတ်ပြန်ကြေညာရန် ရှိ၊ မရှိ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒေါက်တာနိုင်ဆွေဦးက မေးမြန်းခဲ့သည်။
ထိုသို့မေးမြန်းမှုနှင့်ပတ်သက်၍ “ကျွန် တော်တို့ ARSA နဲ့ AA တို့ ပူးပေါင်းဆောင်ရွက်မှု ဘယ်လိုရှိလဲ၊ တပ်မတော်ဘက်ကနေပြီးတော့မှ ခိုင်လုံတဲ့ သတင်းအချက်အလက်တွေ သက်သေတွေ၊ အထောက်အထားတွေ ရှိပါသလားဆိုတဲ့ မေးခွန်းကတော့ ကျွန်တော်တို့ သတင်းအထောက်အထားတွေ ရရှိပါတယ်။ အွန်လိုင်းမှာတောင်မှ တွေ့ရှိမယ်ထင်ပါတယ်။ ဒီမြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နယ်စပ်ထဲမှာ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနေတယ်ဆိုပြီးတော့မှ ဗီဒီယိုတွေ တက်နေတာတွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ သေချာလေး စိစစ်နေပါတယ်” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ဖြေကြားခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်မှ သေချာစိစစ်နေကြောင်းနှင့် ခိုင်လုံသည့် အထောက်အထားရရှိပါက ချပြသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“အလားတူပဲ သူတို့အခြေပြုတဲ့နေရာ တွေရှိတယ်။ စခန်းတွေ ဆောက်နေတာရှိတယ်။ ပြီးရင် တခြားဆောင်ရွက်မှုတွေ တခြားအစွန်းရောက် အဖွဲ့အစည်းတွေကမှ ညီအစ်ကိုတော်အဖွဲ့တွေ ဖြစ်နေတယ်ဆိုတာကတော့ ကျွန်တော်တို့ သေချာစိစစ်နေပါတယ်။ ကျွန်တော်တို့ ခိုင်လုံတဲ့ အထောက်အထားတွေ အချက်အလက်တွေ ရရှိပြီဆိုတာနဲ့ ကျွန်တော်တို့ ချပြပါမယ်။ ပြီးတော့ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်သွားပါ့မယ်လို့ ပြောပြလိုပါတယ်” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ဆက်လက်ဖြေကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်