
ပြည်သူများ ယုံကြည်ကိုးစားအားထားပြီး ဖြောင့်မတ်မှန်ကန်မျှတသည့် တရားစီရင်ရေး ဖြစ်ထွန်းစေရန် တရားသူကြီး၊ အမှုသည်နှင့် သက်သေများ တရားခွင်တွင် ကျမ်းသစ္စာကျိန်ဆိုရေး အဆိုအား ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးက ဇန်နဝါရီ ၂၃ ရက်တွင်ပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် တင်သွင်းခဲ့သည်။
“တရားစီရင်ရေးကို ပြည်သူများ ယုံကြည်အားကိုးမှုရှိမှသာ နိုင်ငံရဲ့တရားဥပဒေစိုးမိုးမှုကို အထောက်အကူပြုမှာဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးမှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေနိုင်ပါတယ်။ တရားစီရင် ရေးလုပ်ငန်းတာဝန်ကို ထမ်းဆောင်ရာမှာ တရားရုံးရှေ့မှောက်မှာ လူတိုင်းအပေါ်သာ တူညီမျှရှိခြင်းဟာ မရှိမဖြစ် လိုအပ်ပါတယ်။ တရားသူကြီးတစ်ဦး၏ ပြုမူဆောင်ရွက်ချက်သည် တရားစီရင်ရေးဆိုင်ရာ ဖြောင့်မတ်တည် ကြည်မှုအပေါ် ပြည်သူရဲ့ ယုံကြည်ကိုးစားမှုကိုရရှိဖို့ ထပ်လောင်းအတည်ပြုခြင်း ဖြစ်စေရမှာဖြစ်ပါတယ်” ဟု ဦးစိုးမိုးက အဆိုတင်သွင်းစဉ် ပြောကြားသည်။
တရားစီရင်ရာတွင် အမှန်ကိုဆုံးဖြတ်ရုံမျှသာမကပဲ ထိုသို့ အမှန်တရားကို စီရင်ကြောင်း အများမြင်စေရမည်ဟု မြန်မာနိုင်ငံ တရားသူကြီးများအတွက် တရားစီရင်ရေး ကျင့်ဝတ်တွင် လမ်းညွှန်ထားကြောင်း၊ ယင်း လမ်းညွှန်ချက်အရ တရားစီရင်ရေးကို ပြည်သူများ ယုံကြည်အားကိုးလာစေရန် အဓိက ဆောင်ရွက်ရမည့် ပုဂ္ဂိုလ်များသည် တရားသူကြီးများဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် တရားစီရင်ရေးနှင့်ပတ်သက်ပြီး ပြည်သူများ အကြား ဝေဖန်မှုများမြင့်တက်နေပြီး ယုံကြည်အားကိုးမှုများ လျော့ကျနေသည်ကို အားလုံး အသိပင်ဖြစ်ကြောင်း၊ တရားသူကြီးများ ကျမ်းသစ္စာကျိန်ဆိုခြင်းပြုရန် တရားရုံးများလက်စွဲတွင် ထည့်သွင်းညွှန်ကြားပေးရန် လိုအပ်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ထို့ပြင် မည်သည့်ဘာသာဝင်ပင်ဖြစ်စေကာမူ ဂျူရီလူကြီး၊ သက်သေ (သို့မဟုတ်) စကားပြန်တစ်ဦးတစ်ယောက်သည် ကျမ်းသစ္စာကျိန်ဆိုခြင်းမပြုလိုဟု ငြင်းဆန်နိုင်သည်။ ထိုသို့ငြင်းဆန်လျှင် ထိုသူအား ကတိ သစ္စာဆိုစေရမည်ဟု ပြဋ္ဌာန်းချက်တွင် ပါရှိသည့်အတွက် ၎င်းအခွင့်အရေးကိုယူပြီး များသောအားဖြင့် အစိုးရဝန်ထမ်းနှင့် ရဲအရာရှိသက်သေများသည် ကျမ်းကျိန်ဆိုခြင်းမပြုဘဲ ကတိသစ္စာပြုနေကြသည်ကို တွေ့ရကြောင်း၊ ကတိသစ္စာပြုပြီး ထွက်ဆိုချက်များသည် မှန်ကန်သည့်ထွက်ဆိုချက်ဖြစ်ပြီး အမှုမှန်ပေါ်ရန် လွန်စွာအားနည်းကြောင်း၊ ထွက်ဆိုချက်အပေါ်မူတည်၍ စီရင်ဆုံးဖြတ်ရသည့် တရားသူကြီးများအတွက် အမှန်တရားပေါ်ပေါက် ပြီး မှန်ကန်စွာစီရင်ဆုံးဖြတ်နိုင်ရန် များစွာ အခက်အခဲရှိစေကြောင်း၊ အမှုတစ်ခုအား ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ မှန်ကန်စွာ ဆုံးဖြတ်နိုင်ရန်နှင့် ပြည်သူများ၏ ယုံကြည်မှုရရှိစေရန် တရားသူကြီးများအနေဖြင့် ကျမ်း သစ္စာကျိန်ဆိုရန် လက်ရှိအခြေအနေအချိန်အခါအရ ညွှန်ကြားဆောင်ရွက်ရန် အမှန်တကယ်လိုအပ်နေကြောင်း ဦးစိုးမိုးက ဆိုသည်။
လက်တွေ့တွင် ပြဋ္ဌာန်းထားသည့် ပုံစံများအတိုင်း အတိအကျလေးနက်စွာ ကျမ်းသစ္စာကျိန်ဆိုခြင်းမပြုသည့် သက်သေများ၊ အမှုသည်များအား တွေ့ရှိ ကြားသိနေရကြောင်း၊ အချို့တရားရုံးများတွင် ကျမ်းသစ္စာကို ကျမ်းထုတ်အတွင်း ထည့်သွင်းထားမှုမရှိခြင်း၊ တရားရုံးများ၏ အများမြင်သာသောနေရာတွင် ကပ်မထားခြင်းများ ရှိနေကြောင်း၊ ကျမ်းသစ္စာကျိန်ဆိုစေ၍ အမှုစစ်ဆေးခြင်း၊ ထွက်ဆိုချက်ရယူခြင်းသည် အမှန်တရားကို ပိုမိုရရှိစေရန် ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း၊ တရားရုံးများလက်စွဲ အပိုဒ် ၇၄ တွင် ကျမ်းသစ္စာပေးခြင်းနှင့်ပတ်သက်၍ လမ်းညွှန်ထားပြီးဖြစ်ကြောင်း၊ အဆိုပါ လမ်းညွှန်ချက်အတိုင်း ကျမ်းသစ္စာကျိန်ဆိုစေရန် ညွှန်ကြား ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ မှန်ကန်သည့် ထွက်ဆိုချက်များရရှိပြီး မှန်ကန် ဖြောင့်မတ်မျှတသော တရားစီရင်ရေး ဖြစ်ထွန်းလာနိုင်မည်ဖြစ်ကြောင်း၊ တရားစီရင်ရေးကို ပြည်သူများယုံကြည်အားကိုးလာသည်နှင့် အတူ နိုင်ငံအတွင်း တရားဥပဒေ စိုးမိုးလာ နိုင်မည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးမှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ယင်းအဆိုနှင့်ပတ်သက်၍ ဆွေးနွေးမည့် ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်