
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဖွင့်လှစ်ခဲ့သည့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်းမှ ပိုင်စိုက်ထူမည့်နေရာအမှတ်အသား ၁၁ ခု ဇန်နဝါရီ ၂၂ ရက် ညပိုင်းက ဖျက်ဆီးခံရကြောင်း သိရသည်။
အဆိုပါ (ဒလ) တံတားစီမံကိန်းရှိ ပိုင်စိုက်ထူမည့်နေရာအမှတ်အသား ၁၁ ခု ဖျက် ဆီးခံရမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့အား တရားခံ အမြန်ဆုံးဖော်ထုတ်ဖမ်း ဆီးပေးရန် အကြောင်းကြားထားပြီး ဖြစ်စဉ်ကို လုံးဝလက်သင့်မခံနိုင်ကြောင်း ဒလမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ပြောကြားသည်။
“တိုင် ၁၁ လုံး ဖျက်ဆီးခံရတယ်။ ညပိုင်းမှာ ဖျက်ဆီးသွားတယ်လို့ သိရတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူး ဖြစ်တဲ့ ဦးရင်ထွေးကိုရော၊ နောက်ပြီးတော့ ရဲတပ်ဖွဲ့က မြို့နယ်မှူးတွေ၊ စခန်းမှူးတွေကို ဖုန်းနဲ့ အကြောင်းကြားထားတယ်။ အဲဒီကိစ္စကို အမြန်ဆုံးစုံစမ်းပြီးတော့ တရားခံမိအောင် ဖော်ထုတ်ပေးဖို့ ကျွန်တော်တို့ဘက်က ပြောထားတယ်။ ဆောက်လုပ်ရေးကပဲဖြစ်ဖြစ်၊ ထွေအုပ်ကပဲဖြစ်ဖြစ် သူတို့ကို တရားလိုအဖြစ်နဲ့ အမှုမဖွင့်ဘူးဆိုရင် တရားလိုအဖြစ်နဲ့ ကျွန်တော်တို့က အမှုဖွင့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်မဲဆန္ဒနယ်မြေဖြစ်တဲ့အတွက်ကြောင့် လုံးဝလက်သင့်မခံဘူး” ဟု ဒလမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ပြောကြားသည်။
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား တည်ဆောက်ရေးစီမံကိန်းသည် ဒလမြို့နယ် ဗိုလ်မင်းရောင်လမ်းရှိ စီမံကိန်းဧရိယာတွင် ပန္နက်တော်တင် အခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက် နံနက်က ပြုလုပ်ခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တံတားတည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ပြီး တံတားတည်ဆောက်ရေးကို အဓိကအားဖြင့် ကိုရီးယားနိုင်ငံမှ ပညာရှင်များက တည်ဆောက်မည်ဖြစ်၍ Main Contractor အဖြစ် ကိုရီးယားနိုင်ငံမ GS Engineering Constration Company ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် နည်းပညာရရန်အတွက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ပြည်တွင်းမှ ရွှေတောင်ကုမ္ပဏီက Self Contractor အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားသည် ၆၁၄၄ ပေ ရှည်လျားပြီး စီမံကိန်းကာလ ၄၂ လခန့်ကြာမြင့်မည်ဖြစ်ကာ ၂၀၂၂ ခုနှစ်တွင် ပြီးစီးရန် ခန့်မှန်းထားကြောင်း၊ တံတားမှာ လေးလမ်းသွားတံတား ဖြစ်ပြီး အကျယ် ၁၆ မီတာခန့်ရှိကြောင်း တံတားဦးစီးဌာနမှ သိရသည်။
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား၏ စီမံကိန်းတန်ဖိုးသည် အမေရိကန် ဒေါ်လာ ၁၈၈ ဒသမ ၁၇၄ သန်းဖြစ်ပြီး ယင်းအနက် အမေရိကန် ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းမှာ ချေးငွေဖြစ်ပြီး မြန်မာအစိုးရ ထည့်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်းဖြစ်ကြောင်း၊ ဒီဇိုင်းပိုင်ပြင်ဆင်မှုအရ နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၂၀ စီမံကိန်းထဲတွင် ပေါင်းထားကြောင်း၊ စုစုပေါင်းစီမံကိန်းတန်ဖိုးအနက် ၁၅၇ ဒသမ ၈၃၃ သန်းမှာ ကိုရီးယားအေဂျင်စီမှ ချေးငွေဖြစ်ကြောင်း သိရသည်။
တံတားတည်ဆောက်ရေးတွင် ရေလယ်တိုင် နှစ်တိုင်အပါအဝင် ၁၉ တိုင်ရှိပြီး ရေ လယ်တိုင်နှစ်တိုင်တည်ဆောက်ရေးကို ၂၀၁၉ နှစ်လယ်တွင် စတင်နိုင်မည်ဖြစ်ကြောင်း၊ ရန်ကုန်ဘက်ခြမ်း တည်ဆောက်မှုမှာ ထိခိုက်မှုမရှိသည့်အတွက် လိုအပ်ချက်မရှိကြောင်း၊ လမ်းမပေါ်တွင် ဆောက်လုပ်မည် ဖြစ်သည့်အတွက် ရေဆိုးပိုက်၊ ရေပိုက်၊ လျှပ်စစ်တို့ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း တံတားဦးစီးဌာနမှ သိရသည်။
အဆိုပါ (ဒလ)တံတားကို ရန်ကုန်ဘက်ခြမ်းမှ ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ်ဘက်ခြမ်းမှ ဗိုလ်မင်းရောင်လမ်းတို့နှင့် ဆက်သွယ်ထားခြင်းဖြစ်ပြီး ဒလမြို့နယ်ဘက်ခြမ်းမှ စီမံကိန်းနှင့် မလွတ်ကင်းသည့်နေရာများမှ အိမ်နေရာ၊ အဆောက်အအုံများကို လျော်ကြေးငွေများ ပေးအပ်ဖယ်ရှားထားပြီး စုစုပေါင်း ကျပ် ၃ ဒသမ ၆၄ ဘီလျံ လျော်ကြေးပေးထားပြီးဖြစ်ကြောင်း တံတားဦးစီးဌာနမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်