
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သစ်လွင်ဆရာဝန်များကို တာဝန်ချထားချိန်၌ ဆေးလက်တွေ့ အတွေ့အကြုံများရရှိရန် ခုတင် ၁၀၀ နှင့်အထက် ဆေးရုံကြီးများတွင် တာဝန်ချထားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
သစ်လွင်ဆရာဝန်များကို ဆေးလက်တွေ့ အတွေ့အကြုံများရရှိရန် ခုတင် ၁၀၀ နှင့်အထက်ဆေးရုံကြီးများတွင် တာဝန်ချထားမည်ဖြစ်ပြီး သွားဘက်ဆိုင်ရာဆရာဝန်များကိုလည်း လုပ်ငန်းလိုအပ်ချက်ရှိနေသည့် မြို့နယ်ဆေးရုံများ၌ ဦးစားပေးတာဝန်ချထားမည်ဖြစ်ကြောင်း၊ လက်ရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် လက်ထောက်ဆရာဝန်(သစ် လွင်) များကို ဆေးရုံများသို့ တာဝန်ချထားချိန်တွင် ရခိုင်ပြည်နယ်အတွင်းရှိ လုပ်ငန်းလိုအပ် ချက်ရှိသောဆေးရုံများသို့ အချိုးကျခွဲဝေခန့် ထားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
ရခိုင်ပြည်နယ် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် အထူးကုဘာသာရပ်ဆိုင်ရာ ဆရာဝန်များ၏ ဖွဲ့စည်းပုံတွင် ဆေးပညာ၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေး၊ မေ့ဆေး၊ အရိုးတို့ တွင် ခွင့်ပြုအင်အားအထူးကုဆရာဝန်ကြီး နှစ်ဦးနှင့် အထူးကုဆရာဝန်လေးဦးခွင့်ပြုထားပြီး ကျန်ဘာသာရပ်များ၏ ခွင့်ပြုအင်အား၌ အထူးကုဆရာဝန်ကြီးတစ်ဦးနှင့် အထူးကု ဆရာဝန်တစ်ဦးဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိ ဘဏ္ဍာနှစ်တွင် လက်ထောက် ဆရာဝန် (သစ်လွင်) များ ခန့်ထားရာ၌ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ခန့်ထားရန် စီစဉ်ထားပြီး လက်ထောက်ဆရာဝန်များအားလုပ်ငန်း လိုအပ်ချက်အရ ဆေးရုံများသို့ ပြောင်း ရွှေ့တာဝန်ချထားရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ လုပ်ငန်းလိုအပ်ချက်ရှိသော ဆေးရုံများသို့ အချိုးကျ ခွဲဝေချထားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အောက်ရှိ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦး စီးဌာနတွင် လစ်လပ်နေသော နေရာများအတွက် သစ်လွင်လက်ထောက် ဆရာဝန် ၂၀၀၀ ခန့်အပ်မည်ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူဦးရေနှင့်အညီ သင့်လျော်သော ကျန်းမာရေး ဝန်ထမ်းရှိစေရန် အထူးကုဆရာဝန် ၂၁ ဦးအပါအဝင် ဝန်ထမ်းပေါင်း ၄၀၀ ကျော် တိုးမြှင့်ခန့်ထားပြီးဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း လက်ရှိတွင် အထူးကု ဆရာဝန် ၂၁ ဦး၊ လက်ထောက်ဆရာဝန် ၂၂ ဦး၊ သွားဘက်ဆိုင်ရာ ဆရာဝန်တစ်ဦး၊ သူနာပြုဆရာမကြီးသုံးဦး၊ အထက်တန်းသူနာပြု ငါးဦး၊ သူနာပြု ၁၀ ဦး၊ သားဖွားဆရာမ ၁၃၀၊ ဓာတ်ခွဲကျွမ်းကျင် ၁၂ ဦး အပါအဝင် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) ဦးရေ ၂၀၀ တို့ကို ဖြည့်တင်းခန့်ထားပြီးဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်